ဇူလိုင်-၆၊ ၂၀၂၆။ဟာနာဆန်/People’s Spring
ဗိုလ်ချုပ်ကြေးရုပ်တွေ လိုက်ဖျက်နေတဲ့ အာဏာသိမ်း စစ်တပ်က ရေစကြိုမြို့ပေါ်က ဗိုလ်ချုပ်ကြေးရုပ်ကိုလည်း မနေ့ညက ဖြိုချဖျက်ဆီးလိုက်ပြန်ပါတယ်။
ဇူလိုင် ၅ ရက် ညပိုင်းက မကွေးတိုင်း၊ ရေစကြိုမြို့၊ ရုံပေါင်းစုံ ဝင်းအတွင်းမှာရှိတဲ့ ဗိုလ်
ချုပ်ကြေးရုပ်တုကို အာဏာသိမ်းစစ်တပ်က တိတ်တဆိတ် ဖြိုချဖျက်ဆီးခဲ့ကြောင်း ရေစကြိုပကဖအဖွဲ့က ရဲဘော်ဝေကြီးက ပြောပါတယ်။

Public Service Announcement
“ဖြုတ်ချပြီး မိုးကာအုပ်ထားတယ်။ ဘာမှတော့ မလုပ်သေးဘူး”လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။
စစ်ကောင်စီဟာ ဗိုလ်ချုပ်ကြေးရုပ်တွေကို အာဇာနည်နေ့ မတိုင်ခင်ဖြိုချရုံတင်မကဘဲ မြေမြှုပ်ပစ်ဖို့ပါ ညွှန်ကြားထားတယ်လို့ စစ်တပ်လက်အောက်ခံဝန်ထမ်းအချို့ဆီကစုံစမ်း သိရပါတယ်။
“အဲလောက်တောင်ကြောက်နေတာလား။ ဗိုလ်ချုပ်ဆိုတာ နှလုံးသားထဲက ရှိတဲ့အရာပါ။ ရုပ်ထု ဖျက်လို့ ပျက်ရိုးထုံးစံ မရှိ။”လို့ ရဲဘော်ဝေကြီးက ရေးသားထားပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းကစတင်ပြီး တောင်ငူ ၊ပဲခူး ၊ရေဦး ၊တောင်ဥက္ကလာပ၊ သာကေတ ၊ကျုံပျော် စတဲ့ မြို့တွေကဗိုလ်ချုပ်ကြေးရုပ်တွေကို လည်း စစ်တပ်နဲ့ စည်ပင်က ဖြိုချဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ရန်ကုန်အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ထုတွေကို အာဇာနည်နေ့
မတိုင်ခင်ဖြိုချဖို့ အာဏာသိမ်းစစ်တပ်ကညွှန်ကြားထားတယ်လို့ ရန်ကုန်မြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေထံကနေ စုံစမ်းသိရပါတယ်။
အခုလပိုင်းအတွင်းမှာ ဗိုလ်ချုပ်ကြေးရုပ်တွေကို စစ်တပ်က အင်အားသုံးပြီးလိုက်လံဖြိုချဖျက်ဆီးနေတာဖြစ်ပါတယ်။ဖြိုချ ဖျက်ဆီးတဲ့အပြင် မြေမြှုပ်ဖို့ပါ စစ်တပ်က ခိုင်းထားတယ်လို့ စစ်ကောင်စီ ဝန်ထမ်းအချို့ကပြောပါတယ်။
“အာဇာနည်နေ့မတိုင်ခင် အကုန်ဖြိုခိုင်းတာ။ ပြီးရင်အဲဒီအရုပ်တွေကို မြေမြှုပ်ခိုင်းတယ်။ ဘာအတွက်လဲမေးတော့ အထက်ကခိုင်းတာလို့ပြောတယ်။ အဓိကယတြာချေတာလို့ ပြန်သိရတယ်။ ကိုယ်တွေလည်းဒီကိစ္စနဲ့ ခေါင်းစားနေရတယ်” လို့ အမည်မဖော်လိုတဲ့ စစ်ကောင်စီဝန်ထမ်းတဦးကပြောပါတယ်။
စစ်အာဏာရှင်တွေဟာ အစဥ်အဆက် ဗေဒင်ယတြာကိုယုံကြည်ခဲ့ကြသူတွေဖြစ်ပြီး ၊အာ
ဏာသိမ်းခေါင်းဆောင်ဟာလည်း ဗေဒင်ယတြာကို ယုံကြည်သူဖြစ်ပါတယ်။ မင်းအောင်လှိုင်အတွက် အခါပေး ဗေဒင် ယတြာဆရာများစွာရှိတဲ့အထဲ ဝစီပိတ်ကိုယ်တော်ကလူသိများပါတယ် ။
ဗိုလ်ချုပ်ကြေးရုပ်တွေကို ရွေးကောက်ခံအ
ရပ်သားအစိုးရဖြစ်တဲ့ NLD အစိုးရ လက်
ထက်က သက်ဆိုင်ရာမြို့နယ်ကျေးရွာတွေမှာ ပြည်သူတွေရဲ့ မတည်ငွေတွေနဲ့ စိုက်ထူ ဂုဏ်ပြုခဲ့ကြတာဖြစ်ပါတယ်။
ယခုအခါမှာတော့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် နဲ့ စစ်အုပ်စုက အာဏာတည်မြဲဖို့ ဗေဒင် ၊ယတြာ ဆရာတွေရဲ အကြံပေးချက်တွေနဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေကို လိုက်
လံဖျက်ဆီးနေတာဖြစ်တယ်လို့အထက်ပါသတင်းရင်းမြစ်အချို့ကပြောပါတယ်။

















































