Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုက ဗိုလ်ချုပ်ရုပ်တုလည်း ဖျက်ဆီးခံရပြန်

ဗိုလ်ချုပ်ကြေးရုပ်တွေ လိုက်ဖျက်နေတဲ့ အာဏာသိမ်း စစ်တပ်က ရေစကြိုမြို့ပေါ်က ဗိုလ်ချုပ်ကြေးရုပ်ကိုလည်း မနေ့ညက ဖြိုချဖျက်ဆီးလိုက်ပြန်ပါတယ်။

(NLD အစိုးရလက်ထက်၂၀၁၉ ဇူလိုင်လမှာ ရေစကြိုမြို့တွင် ဗိုလ်ချုပ်ကြေးရုပ်တုဖွင့်ပွဲ ပြုလုပ်ခဲ့စဥ်။ဓာတ်ပုံ-အောင်ကျော်ဇင်(ရေစကြို))

ဇူလိုင်-၆၊ ၂၀၂၆။ဟာနာဆန်/People’s Spring

ဗိုလ်ချုပ်ကြေးရုပ်တွေ လိုက်ဖျက်နေတဲ့ အာဏာသိမ်း စစ်တပ်က ရေစကြိုမြို့ပေါ်က ဗိုလ်ချုပ်ကြေးရုပ်ကိုလည်း မနေ့ညက ဖြိုချဖျက်ဆီးလိုက်ပြန်ပါတယ်။

ဇူလိုင် ၅ ရက် ညပိုင်းက မကွေးတိုင်း၊ ရေစကြိုမြို့၊ ရုံပေါင်းစုံ ဝင်းအတွင်းမှာရှိတဲ့ ဗိုလ်

ချုပ်ကြေးရုပ်တုကို အာဏာသိမ်းစစ်တပ်က တိတ်တဆိတ် ဖြိုချဖျက်ဆီးခဲ့ကြောင်း ရေစကြိုပကဖအဖွဲ့က ရဲဘော်ဝေကြီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဖြုတ်ချပြီး မိုးကာအုပ်ထားတယ်။ ဘာမှတော့ မလုပ်သေးဘူး”လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။

စစ်ကောင်စီဟာ ဗိုလ်ချုပ်ကြေးရုပ်တွေကို အာဇာနည်​နေ​့ မတိုင်ခင်ဖြိုချရုံတင်မကဘဲ မြေမြှုပ်ပစ်ဖို့ပါ ညွှန်ကြားထားတယ်လို့ စစ်တပ်လက်​အောက်ခံဝန်ထမ်းအချို့ဆီကစုံစမ်း သိရပါတယ်။

“အဲလောက်တောင်ကြောက်နေတာလား။ ဗိုလ်ချုပ်ဆိုတာ နှလုံးသားထဲက ရှိတဲ့အရာပါ။ ရုပ်ထု ဖျက်လို့ ပျက်ရိုးထုံးစံ မရှိ။”လို့ ရဲဘော်ဝေကြီးက ရေးသားထားပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းကစတင်ပြီး တောင်ငူ ၊ပဲခူး ၊​​ရေဦး ၊တောင်ဥက္ကလာပ၊ သာကေတ ၊ကျုံ​ပျော် စတဲ့ မြို့​တွေကဗိုလ်ချုပ်ကြေးရုပ်​တွေကို လည်း စစ်တပ်နဲ့ စည်ပင်က ဖြိုချဖျက်ဆီးခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ရန်ကုန်အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ထုတွေကို အာဇာနည်နေ့

မတိုင်ခင်ဖြိုချဖို့ အာဏာသိမ်းစစ်တပ်ကညွှန်ကြားထားတယ်လို့ ရန်ကုန်မြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူး​တွေထံကနေ စုံစမ်းသိရပါတယ်။

အခုလပိုင်းအတွင်းမှာ ဗိုလ်ချုပ်ကြေးရုပ်တွေကို စစ်တပ်က အင်အားသုံးပြီးလိုက်လံဖြိုချဖျက်ဆီးနေတာဖြစ်ပါတယ်။ဖြိုချ ဖျက်ဆီးတဲ့အပြင် ​မြေမြှုပ်ဖို့ပါ စစ်တပ်က ခိုင်းထားတယ်လို့ စစ်​ကောင်စီ ဝန်ထမ်းအချို့က​ပြောပါတယ်။

“အာဇာနည်နေ့မတိုင်ခင် အကုန်ဖြိုခိုင်းတာ။ ပြီးရင်အဲဒီအရုပ်တွေကို မြေမြှုပ်ခိုင်းတယ်။ ဘာအတွက်လဲမေးတော့ အထက်ကခိုင်းတာလို့ပြောတယ်။ အဓိကယတြာချေတာလို့ ပြန်သိရတယ်။ ကိုယ်တွေလည်းဒီကိစ္စနဲ့ ခေါင်းစားနေရတယ်” လို့ အမည်မဖော်လိုတဲ့ စစ်​ကောင်စီဝန်ထမ်းတဦးကပြောပါတယ်။

စစ်အာဏာရှင်​တွေဟာ အစဥ်အဆက် ​ဗေဒင်ယတြာကိုယုံကြည်ခဲ့ကြသူ​တွေဖြစ်ပြီး ၊အာ

ဏာသိမ်း​ခေါင်း​ဆောင်ဟာလည်း ​​​ဗေဒင်ယတြာကို ယုံကြည်သူဖြစ်ပါတယ်။ မင်း​အောင်လှိုင်အတွက် ​အခါ​ပေး ​ဗေဒင် ယတြာဆရာများစွာရှိတဲ့အထဲ ဝစီပိတ်ကိုယ်​တော်ကလူသိများပါတယ် ။

​ဗိုလ်ချုပ်ကြေးရုပ်တွေကို ​ရွေး​ကောက်ခံအ

ရပ်သားအစိုးရဖြစ်တဲ့ NLD အစိုးရ လက်

ထက်က သက်ဆိုင်ရာမြို့နယ်ကျေးရွာတွေမှာ ​ပြည်သူ​တွေရဲ့ ​မတည်ငွေတွေနဲ့ စိုက်ထူ ဂုဏ်ပြုခဲ့ကြတာဖြစ်ပါတယ်။

ယခုအခါမှာတော့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် နဲ့ စစ်အုပ်စုက အာဏာတည်မြဲဖို့ ဗေဒင် ၊ယတြာ ဆရာ​တွေရဲ အကြံ​ပေးချက်​တွေနဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေကို လိုက်

လံဖျက်ဆီးနေတာဖြစ်တယ်လို့အထက်ပါသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

ဆက်စပ်သတင်းများ