Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဖြူမှာ AA စနိုက်ပါကြောင့် စစ်တပ်ဘက်က သေဆုံးထိခိုက်သူ​နေစဥ်နီးပါးရှိ​​နေ

ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ရှေ့တန်းစခန်းတွေကို အာရက္ခတပ်တော်(AA)က အဝေးပစ် လက်နက်ကြီး၊ စနိုက်ပါတို့နဲ့ တိုက်ခိုက်နေတာကြောင့် စစ်တပ်တပ်ဘက်က သေဆုံးထိခိုက်သူတွေ နေ့စဉ်နီးပါးရှိ နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

(အာရက္ခတပ်​တော်(AA)တပ်ဖွဲ့ဝင်​တွေ စနိုက်ပါပစ်ခတ်​လေ့ကျင့်​နေစဥ်။ ဓါတ်ပုံ-AA Info Desk )

ဇူလိုင်- ၇၊၂၀၂၆။ခိုင်မြတ်/People’s Spring

ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ရှေ့တန်းစခန်းတွေကို အာရက္ခတပ်တော်(AA)က အဝေးပစ် လက်နက်ကြီး၊ စနိုက်ပါတို့နဲ့ တိုက်ခိုက်နေတာကြောင့် စစ်တပ်တပ်ဘက်က သေဆုံးထိခိုက်သူတွေ နေ့စဉ်နီးပါးရှိ နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

AA ဟာ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းအနီးရှိ စစ်တပ်ကာကင်းခစန်းကို မြေပြင်ကနေ ထိုးစစ် ဆင်နေပြီး အမှတ်(၃၂)ရဲတပ်ရင်းအနီးကာကင်းစခန်းတွေနဲ့ မင်းပြင်၊ သိုင်းချောင်းစခန်းတွေကိုတော့ စနိုက်ပါ၊ အ ဝေးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေတာပါ။

“ကိုယ့်ဘက်က စနိုက်ပါသမားတွေကတော့ အခြေအနေပေးရင် ပေးသလို ချနေကြတာပဲ။ စနိုက်ပါမိလို့သေတာ များတယ် ကျောက်ဖြူဘက်မှာ။ ဒီတလကျော်လောက်အတွင်းတောင် တဆယ်ကျော်၊ နှစ်ဆယ်ရှိမယ်။ အရာရှိတွေ များတယ်။ မင်းပြင်က ဗိုလ်ကြီးတကောင် ရလိုက်တယ်၊ ရှေ့ပတ်လောက်ကပဲ အဲဒါ” လို့ မြေပြင်မှာရှိနေတဲ့ စစ်ရေး သတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ အရင်က AA ထိန်းချုပ်ထားခဲ့တဲ့ ကျောက်ဖြူမြို့နယ် မင်းပြင်၊ သိုင်းချောင်းကျေးရွာတွေ ကို အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်ကာ စစ်စခန်းတိုးချနေတာဖြစ်ပါတယ်။ အဲဒီစခန်းတွေကို AA က မြေပြင်ကနေ တိုက်ခိုက်နေတာမရှိဘဲ ဝန်းရံပိတ်ဆို့ကာ လက်နက်ကြီး၊ ဒရုန်း၊ စနိုက်ပါတို့နဲ့ပဲ တိုက်ခိုက်နေတာပါ။

AA ဟာ မင်းပြင်၊ သိုင်းချောင်းစခန်းတို့အပြင် အမှတ်(၃၂)ရဲတပ်ရင်း၊ တောင်မော်ဦးရေတပ်စခန်းတို့ကိုလည်း အဝေး ပစ်လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်နေပြီး စစ်တပ်ဘက်က ​သေဆုံးထိခိုက်မှု​တွေရှိနေတယ်လို့ သိရပါ တယ်။

“တောင်မော်ဦးဘက်မှာတော့ ဒီရက်ပိုင်း တိုက်ပွဲအရင်လို ပြင်းပြင်းထန်ထန်မရှိဘူး။ မိုးများလို့ ငြိမ်နေတယ်။ ကြို ကြားကြိုကြားတော့ ရှိတယ်” လို့ AA နဲ့နီးစပ်တဲ့ နောက်ထပ်ဒေသခံတဦးက ပြောကြပါတယ်။ တောင်မော်ဦး တိုက်ပွဲအတွင်း တပ်ဦးကျိုးကာ အင်အားရာဂဏန်းထိ သေဆုံးခဲ့ရတဲ့စစ်တပ်ဟာ တောင်မော်ဦးရေတပ်အနီးတခု တည်းသာ ကျန်တော့တဲ့ အ၀တောင်စခန်းမှာ ခံစစ်အခိုင်အမာပြင်ကာ ရှေ့မထိုးဘဲ ရှိနေတယ်လို့ ဆိုပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်းက ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်က အထိနာ၊ အကျအဆုံးများနေသလိုလက်နက်ချ၊ အလင်းဝင်လာသူတွေလည်း အများအပြားရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါ တယ်။

အဲဒီလို အထိနာနေတဲ့ စစ်တပ်ဟာ ကျောက်ဖြူမြို့နယ်အတွင်းက အရပ်ဘက်လူနေကျေးရွာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားထိခိုက်၊ သေဆုံးမှုတွေ ရှိနေပါတယ်။ ဒါ့အပြင် ကျောက်ဖြူပင်လယ်ပြင်အတွင်း သွားလာနေကြတဲ့ ကုန်တင်၊ ခရီးသည်တင်စက်လှေတွေ၊ ငါးဖမ်းစက်လှေတွေကို လည်း ဖမ်းဆီးတာတွေ လုပ်နေပါတယ်။

“တိုက်ပွဲမရှိလည်း လက်နက်ကြီးက နေ့တိုင်းပစ်နေတယ်။ အခု လေပြင်းကြောင့် အိမ်‌တွေပျက်စီးတာတမျိုး၊ စစ်တပ် က ပစ်လို့ ပျက်စီးတာတမျိုး။ စစ်ရှောင်တွေလည်း အများကြီးတိုးနေတယ်” လို့ ကျောက်ဖြူမြို့နယ်မှ လူမှုကူညီရေး လုပ်နေသူ လူငယ်တဦးက ပြောပါတယ်။

ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့နယ်အားလုံးနဲ့ ကျောက်ဖြူမြို့နယ်အတွင်းက နေရာအများစုကို သိမ်းပိုက်ထားတဲ့ အာ ရက္ခတပ်တော်(AA)ဟာ ကျောက်ဖြူမြို့နယ်အတွင်းကစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော် ဦးရေတပ်စခန်း၊ အမှတ်(၃၂) ရဲတပ်ရင်းတို့ကို ဝန်းရံပိတ်ဆို့၊ တိုက်ခိုက်နေပြီး မြို့နီးပတ်လည်က တပ်ရင်းတွေကို လည်း ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပါတယ်။

လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ဦးရေတပ်စခန်း ၊ အမှတ်(၃၂)ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ကျန်နေသေးပါတယ်။

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီးမပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ​ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရေကြည် နဲ့ လေးမျက်နှာမြို့နယ်​တွေမှာတိုက်ပွဲတွေပြင်းထန်နေစဉ် စစ်တပ်က ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာရှိတဲ့ဟိုတယ်နဲ့တည်းခိုခန်းတွေကို ရှောင်တခင်ဝင် စစ်ဆေးပြီးနေ့စဉ်တည်းခိုသူစာရင်းတွေ မဖြစ်မနေပေးဖို့ ဖိအားပေးနေပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က စစ်တပ်ရဲ့ (၂၂၇) ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်းတွေ သိမ်းပိုက်စဉ် ထွက်ပြေးသွားတဲ့ တပ်မ(၆၆) လက်အောက်ခံတပ်ကို လိုက်လံချေမှုန်းရာ စစ်တပ်ရုပ်အလောင်းအချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိတယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ ဇူလိုင် ၇ရက်မှာ ထုတ်ပြန်လာပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူလူထု ထိခိုက်မှု၊ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဒေသခံက အသိပေးပါတယ်။

သတင်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လူငယ်တာဝန်ခံ မမိုး ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)နဲ့ ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ်ငါးနှစ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။