Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်က သာဝတ္ထိရွာကို စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က သာဝတ္ထိကျေးရွာကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်-၉၊၂၀၂၆၊ကတ်သရင်းနှင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က သာဝတ္ထိကျေးရွာကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၉ ရက် ဒီကနေ့ မနက်၁၁နာရီခန့်က ရွှေဘိုမြို့ လက်နက်ကြီးတပ်ရင်း (လကရ-၈)ကနေ သာဝတ္ထိရွာကို အသေခံဒရုန်းနဲ့ ဗုံးကြဲခဲ့တာလို့ သိရပါတယ်။

ဗုံးဟာ ရွာတောင်ပိုင်းကျပြီး အမျိုးသား ၃ဦးနဲ့ အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရပြည်သူတွေဟာ ကျောနဲ့ လက်တွေမှာ ဗုံးစထိမှန် ဒဏ်ရာတွေရခဲ့ပြီး ဒဏ်ရာမစိုးရိမ်ရဘူးလို့ သိရပါတယ်။

“ဘာသတင်းမှမရှိဘူး။location တိတိကျကျလည်း မဟုတ်ဘူး။ ဘာမှမဟုတ်ဘဲနဲ့ အသားလွတ် ပြည်သူလည်းမရှိ၊ လူလည်းမရှိတဲ့လမ်းတွေ တောင်အသားလွတ် လျှောက်ချနေတာ”လို့ ခင်ဦးမြို့နယ် ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ရွှေဘိုမြို့လေ့ကျင့်ရေး(၈)တပ်ကနေလည်း ခင်ဦးနဲ့ ဝက်လက်မြို့နယ်တို့ကို မကြာခဏ ဒရုန်းနဲ့ဗုံးကြဲလေ့ ရှိတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ၁ရက်ကလည်း ခင်ဦးမြို့နယ်၊စည်ပုတ္တရာမြို့ဟောင်းက ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲခဲ့တာမို့ သက်ကြီးအဘိုး၊အဘွား ၂ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ လိုအပ်တဲ့ လေယာဉ်ဆီကို အာဏာသိမ်း မြန်မာစစ်တပ်က ဒီဇယ်ဆီလို့ စာရင်းလိမ် ဖော်ပြပြီး တင်သွင်းဝယ်ယူခဲ့ပါတယ်။

သတင်း

ငပြီကျွန်း​ပေါ်တိုက်ပွဲ​တွေမှာစစ်တပ်က၁၀၀ ​ကျော်​သေဆုံးပြီး (၅၀)ထက်မနည်းလက်နက်ချ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွှေဂူနီဘုရားဝင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေက ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၂ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

Facebook