Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်က သာဝတ္ထိရွာကို စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က သာဝတ္ထိကျေးရွာကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်-၉၊၂၀၂၆၊ကတ်သရင်းနှင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က သာဝတ္ထိကျေးရွာကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၉ ရက် ဒီကနေ့ မနက်၁၁နာရီခန့်က ရွှေဘိုမြို့ လက်နက်ကြီးတပ်ရင်း (လကရ-၈)ကနေ သာဝတ္ထိရွာကို အသေခံဒရုန်းနဲ့ ဗုံးကြဲခဲ့တာလို့ သိရပါတယ်။

ဗုံးဟာ ရွာတောင်ပိုင်းကျပြီး အမျိုးသား ၃ဦးနဲ့ အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရပြည်သူတွေဟာ ကျောနဲ့ လက်တွေမှာ ဗုံးစထိမှန် ဒဏ်ရာတွေရခဲ့ပြီး ဒဏ်ရာမစိုးရိမ်ရဘူးလို့ သိရပါတယ်။

“ဘာသတင်းမှမရှိဘူး။location တိတိကျကျလည်း မဟုတ်ဘူး။ ဘာမှမဟုတ်ဘဲနဲ့ အသားလွတ် ပြည်သူလည်းမရှိ၊ လူလည်းမရှိတဲ့လမ်းတွေ တောင်အသားလွတ် လျှောက်ချနေတာ”လို့ ခင်ဦးမြို့နယ် ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ရွှေဘိုမြို့လေ့ကျင့်ရေး(၈)တပ်ကနေလည်း ခင်ဦးနဲ့ ဝက်လက်မြို့နယ်တို့ကို မကြာခဏ ဒရုန်းနဲ့ဗုံးကြဲလေ့ ရှိတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ၁ရက်ကလည်း ခင်ဦးမြို့နယ်၊စည်ပုတ္တရာမြို့ဟောင်းက ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲခဲ့တာမို့ သက်ကြီးအဘိုး၊အဘွား ၂ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အာရက္ခတပ်တော်(AA)ရဲ့ မြေပြင်ထိုးစစ်တွေနဲ့ ရင်ဆိုင်နေရချိန် ရှေ့တန်းတပ်ရင်းတွေနဲ့ တပ်စခန်းတွေကို အာဏာသိမ်းစစ်တပ်က အင်အားရာချီထပ်ဖြည့်နေသလို ဒေသခံရိုဟင်ဂျာတွေ ဖမ်းဆီးပြီး စစ်သင်တန်းပေးနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ်၊ပလက်၀မြို့နယ် စိမ့်ညှင်း၀ရွာကို အာဏာသိမ်းစစ်တပ်ကဒီကနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ၅ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။