Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းမှာ စစ်ရှောင်ပြည်သူတစ်ဦး သုံးမွှာပူးမွေးဖွား

စစ်ကိုင်းတိုင်းမှာ စစ်ရှောင်ပြည်သူတစ်ဦး ကလေး သုံးမွှာပူး အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။

(စစ်ရှောင်ပြည်သူတစ်ဦး မွေးဖွားခဲ့သော ၃ မွှာပူးညီအကိုအား တွေ့ရစဥ်။ ဓါတ်ပုံံ-ပေးပို့)

ဇူလိုင် ၉၊ ၂၀၂၆ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်းမှာ စစ်ရှောင်ပြည်သူတစ်ဦး ကလေး သုံးမွှာပူး အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။

စစ်ကိုင်းတိုင်း၊ ကသုံးလုံး ခရိုင်က စစ်ဘေးရှောင် စခန်းတစ်ခုမှာ စစ်ရှောင်ကိုယ်ဝန်ဆောင်တစ်ဥိးကို CDM ဆရာဝန်၊သူနာပြုတွေကနေ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက် တနင်္လာနေ့က ယောကျာ်းလေး သုံးမွှာပူးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း ကူညီခဲ့သူတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ရှောင်ဇနီးမောင်နှံဟာ အိမ်ထောင်သက် ဆယ်နှစ်နီးပါးရှိပြီး OG ပေါင်းစုံ၊ ဆေးခန်းပေါင်းစုံ ပြသခဲ့ဖူးပေမဲ့ ကလေးမရခဲ့ကြောင်း၊ ယခု စစ်ရှောင်ရတဲ့အခါမှ တိုက်ဆိုင်စွာ သုံးမွှာပူး မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကလေးတွေ ကျန်းမာရေး ကောင်းပါတယ်။ တနင်္လာသားလေးတွေ။ အချင်းတစ်ခုတည်း။”လို့ ကူညီခဲ့သူက ပြောပါတယ်။

အဆိုပါ သုံးမွှာပူးညီအကိုဟာ အကြီးလေး ၄ပေါင် ၄အောင်စ၊ အလတ်လေး ၃ပေါင် ၆ အောင်စ၊ အငယ်ဆုံးလေး ၃ပေါင် ၈အောင်စရှိပြီး ကေမိုးသက်တင်၊ကေမိုးထက်လွင်၊ကေမိုးစက်သွင်လို့ အသီးသီးနာမည်ပေးထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအပါအဝင် တော်လှန်ဒေသအသီးသီးမှာ ကိုယ်ဝန်ဆောင်တွေဟာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းထိုး ပစ်ခတ်ဖမ်းဆီးတာတွေ၊ အကြမ်းဖက်သတ်ဖြတ်မှုတွေရှိနေချိန် ဆေးဝါးနဲ့ ကိရိယာမပြည့်မစုံတဲ့ကြားကနေ ခက်ခက်ခဲခဲ မီးဖွားနေရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ လတ်တလော စစ်ရေးအခြေအနေတွေကြောင့် ဒေသခံတွေ စစ်ရှောင်နေကြရပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာလိုအပ်ချက်တွေ များပြားနေကြောင်း ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ခံ ကိုထက်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက (၆၄)နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၇)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက လေကြောင်းအန္တရာယ်ကာကွယ်ရေးနဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွေ ဒီကနေ့ (ဇူလိုင် ၅) မှာပြုလုပ်ခဲ့ပါတယ်။

သတင်း

နယ်မြေမတည်ငြိမ်မှုတွေကြားက စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနဲ့ ဟောပြောပွဲတွေ ဒီကနေ့ (ဇူလိုင် ၂) မှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

Facebook