ဇူလိုင်-၉၊၂၀၂၆။ရောင်နီ/People’s Spring
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။
ဇူလိုင် ၉ရက် နေ့လည် ၁၂ နာရီ ၄၅ မိနစ်က လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို ရဲတစ်ယောက်နဲ့ အရပ်ဝတ်တစ်ယောက်က ဖုန်းယူစစ်ပြီး ပရဟိတလူနာတင်ယာဉ်ပေါ်တင်ပြီး ဖမ်းဆီးသွားတာလို့ ထုတ်ပြန်ထားပါတယ်။
“လူနာတင်ယာဉ် အဖြူ ၁ စီး၊ အမဲ ၁ စီး ရှိတယ်၊ အဲ့ကားတွေက စည်ပင်ရုံးထဲ ရပ်ထားလေ့ရှိတယ်၊ ညနေဘက် နဲ့ ညဘက်တွေ လိုက်လိုက်ဆွဲလေ့ရှိတယ် ဆိုတာတွေ သိရတယ်ဗျ။” လို့ RSN ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

Public Service Announcement
ဘူတာကနေ ဖမ်းဆီးသွားတဲ့ လူငယ် ၂ဦးရဲ့ နောက်ဆက်တွဲသတင်းကိုတော့ မသိရဘေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်ကလည်း ဗဟန်းမြို့နယ် အုတ်လမ်း ကားမှတ်တိုင်မှာ ကားစောင့်နေတဲ့ အမျိုးသားတစ်ဦးကို အရပ်ဝတ်အမျိုးသားသုံးဦးက ဖမ်းဆီးခဲ့တယ်လို့ Bahan Scout & News Channel ကဖော်ပြထားပါတယ်။
ဇွန်လအတွင်း ရန်ကုန်မြို့ရဲ့ မြို့နယ် ၁၅ ခုမှာ စစ်တပ်ရဲ့ မတရားဖမ်းဆီးခံရသူ ၅၇ ဦးရှိခဲ့တယ်လို့ RSN ကသတင်းထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ လမ်းပေါ်သွားလာနေသူ ၊ ကားမှတ်တိုင်မှာ ကားစောင့်နေသူ နဲ့ ကားလမ်းဘေးမှာထိုင်နေသူ ၁၃ ဦးရှိခဲ့တယ်လို့ RSN က အသိပေးထားပါတယ်။

















































