Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် ထောက်ရှာပင်ရွာ မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ ထောက်ရှာပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။

(ထောက်ရှာပင် ကျေးရွာကို စစ်တပ်က မီးရှို့နေတာကို အဝေးကမြင်တွေ့ရစဉ်။ ဓာတ်ပုံ - အညာမြေတပ်ပေါင်းစုအညာမြေတပ်ပေါင်းစု)

ဇူလိုင်-၁၀၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ ထောက်ရှာပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။

မြိုင်-ပေါက်လမ်းပိုင်းပေါ်က ထောက်ရှာပင်ရွာကို ဒီကနေ့(ဇူလိုင် ၁၀ ရက်)မနက် ၈ နာရီခန့်မှာ မီးရှို့ပြီး စစ်ကြောင်းက အနောက်ဘက်ကို စတင်ထွက်ခွာနေတယ်လို့ ဆိုပါတယ်။

” တွင်းမက စစ်ကြောင်းက မနေ့က ထောက်ရှာပင်ရွာကို ရောက်တယ်။တညလုံး တပ်စွဲပြီး ဒီမနက်မီးရှို့နေတာ။ ဘယ်နှစ်လုံးပါသွားလဲတော့ မသိရသေးဘူး”လို့ ပေါက်မြို့နယ်စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ‌ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းအန္တရာယ်ကြောင့် ပေါက်နဲ့ မြိုင် ‌ဒေသတွင်းက ကျေးရွာ အနည်းဆုံး ၇ရွာထက်မနည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ အသိပေးပါတယ်။

စစ်ကြောင်းဦးတည်မယ့်နေရာကို မခန့်မှန်းနိုင်သေးတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကြောင်း၊ လေကြောင်း သတိပြုဖို့ အညာမြေတပ်ပေါင်းစုက တိုက်တွန်းထားပါတယ်။

ဇူလိုင် ၄ ရက်ကလည်း ထောက်ရှာပင်ကျေးရွာ အနီးတဝိုက်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ပြီး ဒေသခံအရပ်သား ၅ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဇွန်လက ပေါက်မြို့နယ် ရေပြာရဲစခန်းနဲ့ ကုက္ကိုလ်စု ပြည်သူ့စစ်ရွာတွေကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က အင်အားအလုံး အရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်လာတာလို့ ဒေသခံစစ်ရေး သတင်း‌ရင်းမြစ်က ဆိုပါတယ်။

“အခုစစ်ကြောင်းက ပေါက် -မြိုင်လမ်းပိုင်းအနီးကို တက်လာတယ်။ရေပြာတို့ ကုက္ကိုလ်စုတို့ဘက်ကို လာတာလို့ ယူဆတယ်”လို့ သူက ပြောပါတယ်။

မြိုင်မြို့နယ်က သရက်ကန်ပြည်သူ့စစ်ရွာ၊ပေါက်မြို့နယ်က ကုက္ကိုလ်စုပြည်သူ့စစ်ရွာနဲ့ ရေပြာရဲစခန်းတွေကို တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ပြီးနောက် ဇွန်လ ၁၂ ရက်မှာ စစ်တပ်က တပ်မ(၁၀၁)ကနေ အင်အား ၄၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။

မြိုင်မြို့နယ် ၊ ကိုင်းတောမကျေးရွာအနီးက တိုက်ပွဲတွေမှာ တပ်မ(၁၀၁) စစ်ကြောင်း တိုက်ခံရပြီး အရာရှိတွေ အပါအ၀င် ၅၀ ထက်မနည်း ထိခိုက်သေဆုံးကာ ခဲယမ်းအများအပြားနဲ့ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ၊ယာဉ်ယန္တယားတွေ သိမ်းဆည်းရရှိတယ်လို့Magway – PDFက ဇွန်လ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အထိနာခဲ့တဲ့စစ်တပ်က ဇွန်လ နောက်ဆုံးပတ်မှာ ပခုက္ကူမြို့ကနေအင်အား ၅၀၀ ၀န်းကျင်ထပ်မံအင်အားဖြည့်ပြီး ပေါက်မြို့နယ်ဘက်ကို စစ်ကြောင်းတွေ ရောက်လာတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံတောင်ပိုင်းမှာ ရုရှား ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာနိုင်တဲ့ အဓိက စီးပွားရေးဇုန် စီမံကိန်း နေရာကို အပြည့်အဝ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းမြန်မာစစ်တပ်က အင်အား အလုံးအရင်းနဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်နေပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမပေါ်မှာ စစ်ကြောင်းထိုးဖို့ အာဏာသိမ်းစစ်တပ်က အင်အား ၁,၀၀၀ကျော် ထပ်မံဖြည့်တင်းနေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းက ကျေးရွာ ၇ ရွာကျော်က နေအိမ် ၃၀ ကျော် မီးရှို့ဖျက်ဆီးပြီး ယာဥ်တွေအပါအဝင် တန်ဖိုးကြီးပစ္ည်းတွေ သိမ်းယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့ ခန္တီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခန္တီး PDF) က ဒီကနေ့ ထုတ်ပြန်ပါတယ်။