Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့ ထောင်ချောက်ထဲ မကျအောင် သတိထားဖို့ အာဆီယံကို APHR တိုက်တွန်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က အာဆီယံ အနေနဲ့ အာဏာသိမ်း မြန်မာစစ်တပ်ကို တရားဝင် အသိအမှတ်ပြုတဲ့ အဓိပ္ပါယ်ဆောင်တဲ့ ဆွေးနွေးမှုမျိုး မလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

(၂၀၂၆ ဇန်နဝါရီလက ဖိလစ်ပိုင်နိုင်ငံမှာ အာဆီယံနိုင်ငံခြား​ရေးဝန်ကြီးအစည်းအ​ဝေးကျင်းပစဥ်။ ဓါတ်ပုံ-MOFAT)

ဇူလိုင်-၁၁​၊၂၀၂၆။People’s Spring

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က အာဆီယံ အနေနဲ့ အာဏာသိမ်း မြန်မာစစ်တပ်ကို တရားဝင် အသိအမှတ်ပြုတဲ့ အဓိပ္ပါယ်ဆောင်တဲ့ ဆွေးနွေးမှုမျိုး မလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖိလစ်ပိုင်အစိုးရက ခန့်အပ်တဲ့ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူထရေရှာ လာဇာရို က အာဏာသိမ်း မြန်မာစစ်တပ် ခန့်အပ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံမယ့် အစည်းအဝေး မတိုင်ခင်မှာ APHRက အာဆီယံနဲ့ အဖွဲ့ဝင် နိုင်ငံတွေဆီ လိပ်မူပြီး အခုလို တောင်းဆိုခဲ့တာပါ။

အဲဒီ အလွတ်သဘော အစည်းအဝေးကို ဇူလိုင် ၁၂ ရက်နေ့မှာ ပြုလုပ်ဖို့ လျာထားပြီး ထိုင်းက အိမ်ရှင်အဖြစ် တာဝန်ယူပေးသွားမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

APHRက စစ်တပ် ကျောထောက်နောက်ခံ ပေးထားတဲ့ မြန်မာ လွှတ်တော်က အာဆီယံရဲ့ မြန်မာ့အရေး ကူညီဖြေရှင်းမှု ဘုံသဘောတူညီချက် ၅ ရပ်ကို ကန့်ကွက်တဲ့အဆိုတင်သွင်းပြီး သီတင်းပတ် အနည်းငယ် အကြာမှာ အခု အစည်းအဝေး ပြုလုပ်ဖို့ စိုင်းပြင်းလာတာ ဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။

ဒါတင် မကသေးဘဲ အာဏာသိမ်း စစ်တပ်ဟာ မတရားဖမ်းဆီးအကျဉ်းချခံထားရသူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့လည်း မကြာသေးခင်ကမှ အတိအလင်း ငြင်းပယ်ထားပါသေးတယ်။

မြန်မာစစ်တပ်ရဲ့ ထောင်ချောက်ထဲအာဆီယံ ကျရောက်မသွားဖို့လိုတယ်လို့ APHRရဲ့ ဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှား လွှတ်တော်အမတ် မာစီ ခရစ္စတီ ဘာရန်းစ်က ပြောပါတယ်။

မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ပြစ်မှုတွေအတွက် မြန်မာစစ်တပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေအောင် ဆောင်ရွက်မယ့်အစား အာဆီယံဟာ မြန်မာစစ်တပ်အတွက် အကြိမ်ကြိမ် အလျှော့ပေးလိုက်လျောခဲ့တယ်လို့လည်းသူကထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ အလွတ်သဘော တွေ့ဆုံတယ် ဆိုတာက အာဆီယံဆီကနေအဓိပ္ပါယ်လွဲမှားတဲ့ သတင်းစကားတစ်ခုပေးပို့မိသလိုဖြစ်သွားနိုင်ကြောင်း APHRက သတိပေးခဲ့ပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို ပြောင်ပြောင်တင်းတင်း ငြင်းဆိုထားတဲ့ မြန်မာစစ်တပ်ကို အာဆီယံ ထိပ်သီး အစည်းအဝေးတွေမှာ ပြန်လည်ပါဝင်ခွင့် ပြုမယ်ဆိုရင် အဖွဲ့အစည်းရဲ့ သမာဓိဂုဏ်ကို ထိခိုက်စေမှာ ဖြစ်သလိုအာဆီယံကိုအလေးထားစရာမလိုဘူးဆိုတဲ့အဓိပ္ပါယ်မျိုးဖြစ်သွားနိုင်ကြောင်းလည်းAPHRက မီးမောင်းထိုးပြထားပါတယ်။

ဒါကြောင့် လက်ရှိ စီမံထားတဲ့ အခင်းအကျင်းမျိုးနဲ့ မြန်မာစစ်တပ် နိုင်ငံခြားရေး ဝန်ကြီးကို တွေ့ဆုံမယ့် အစီအစဉ်ကို ပယ်ဖျက်ပြီး ပိုမိုတင်းမာပြတ်သားတဲ့ ချဉ်းကပ်မှုမျိုးကို ရွေးချယ်ဖို့ အာဆီယံကို APHRက တောင်းဆိုခဲ့ပါတယ်။ ပိုပြီး တိကျတဲ့ပစ်မှတ်မျိုး၊ အချိန်သတ်မှတ်ချက်မျိုး၊ အကျိုးဆက်တွေနဲ့ ပတ်

သက်ပြီး သတိပေးချက်မျိုးတွေ ပါဝင်တဲ့ စံနှုန်းသစ်တစ်ခုခုသတ်မှတ်ပြီးမြန်မာစစ်တပ်နဲ့ စကားပြောသင့်ကြောင်း APHRက အကြံပြုခဲ့ပါတယ်။

ဒါ့အပြင် ၅ နှစ်ကြာပြီးတဲ့ထိဘာမှ အကောင်အထည် ပေါ်မလာတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စွန့်ခွာပြီး ပိုမိုလက်တွေ့ကျတဲ့ ရှေ့ဆက်မှုမျိုး အာဆီယံက ရွေးချယ်ဖို့လည်း APHRက တိုက်တွန်းခဲ့ပါတယ်။

ကိုးကား- APHR

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အသက် ၇၈နှစ်အရွယ် အဘွားအို သေဆုံးကာ ဒဏ်ရာရသူအချို့ ရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတဲ့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဒီနေ့ အောက်တိုဘာ၂၂ရက် နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံနှစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၂ရက် နေ့လယ်က စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အရပ်သား ၄ဦး ဒဏ်ရာရရှိသွားပါတယ်။