Connect with us

Hi, what are you looking for?

သတင်း

သာကေတကျောက်တိုင်မှတ်တိုင်မှာ စစ်တပ်က လူငယ် ၁ဦး ရိုက်နှက်ဖမ်းဆီး

ရန်ကုန်မြို့၊ သာကေတမြို့နယ်က ကျောက်တိုင်မှတ်တိုင်အနီးမှာ ဇူလိုင် ၁၁ရက်ညပိုင်းက လူငယ် ၁ဦးကို စစ်သားတွေက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

(ရန်ကုန်မြို့က YBS ကားမှတ်တိုင် နေရာ တနေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဇူလိုင် ၁၂၊ ၂၀၂၆။ တာရာ/People’s Spring

ရန်ကုန်မြို့၊ သာကေတမြို့နယ်က ကျောက်တိုင်မှတ်တိုင်အနီးမှာ ဇူလိုင် ၁၁ရက်ညပိုင်းက လူငယ် ၁ဦးကို စစ်သားတွေက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

အဆိုပါလူငယ်ဟာ စက်ရုံအလုပ်သမားဖြစ်ပြီး နေအိမ်ကိုပြန်ဖို့ ကားမှတ်တိုင်အလာ အိမ်စီးကားနဲ့စောင့်ဆိုင်းနေတဲ့ စစ်သားတွေက ဖုန်းယူစစ်ပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

” အချိန်က ၇ နာရီလောက်ရှိမယ်။ စက်မှုဇုန်ထဲကနေ ထွက်လာတာ။ Capital ဘက်ကိုလမ်းလျှောက်လာတာ။ ဟိုကောင်တွေက အိမ်စီးကားနဲ့ကျောက်တိုင်နားမှာ အမြဲတမ်းရှိတယ်။ အဲဒီကောင်လေးက သားကောင်ဖြစ်သွားတာပေါ့။ ဖုန်းကိုယူစစ်ပြီး ဆွဲတင်တာကားပေါ်ကို။ အဲဒီကောင်လေးကရုန်းပြီးအကူအညီတောင်းတော့ ရိုက်နှက်ပြီးကားပေါ်ခေါ်တင်သွားတာ” လို့ ကျောက်တိုင်မှတ်တိုင်အနီးစျေးရောင်းချသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သာကေတကျောက်တိုင်မှတ်တိုင်အနီးမှာ စစ်သားတွေက ဟွန်ဒါဖစ်အဖြူရောင် အိမ်စီးကားနဲ့ အသင့်စောင့်ဆိုင်းနေပြီး လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်နေတာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့လူငယ်အများစုဟာ စက်ရုံအလုပ်သမားတေွဖြစ်ပြီး တချို့ကိုတော့ ပိုင်ရှင်က လိုက်လံရွေးထုတ်သလို တချို့ကတော့ စစ်မှုထမ်းအဖြစ်ရောင်းစားခံရတယ်လို့ စုံစမ်းသိရပါတယ်။

စစ်တပ်ဟာ စစ်မှုထမ်းအပတ်စဉ် ၁ခုကို လူဦးရေ ၅,၀၀၀ ခေါ်ယူမယ်လို့ ကြေညာထားပြီး လက်ရှိမှာ အပတ်စဉ် (၂၇)ကို စတင်ခေါ်ယူနေပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်း-‌ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲတာတွေကြမ်းနေလို့ အခုရက်ပိုင်း တွေမှာ လူငယ်အမျိုးသား၊အမျိုးသမီးတွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

Facebook