Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်၊ငါးတင်းကြီးရွာကျောင်းနဲ့ ဆေးခန်းကို စစ်တပ်ဗုံးကြဲ၊ ပြည်သူ၆ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊ငါးတင်းကြီးရွာက စာသင်ကျောင်းနဲ့ ဆေးခန်းကို စစ်တပ်က ဗုံးကြဲခဲ့တာ​ကြောင့် ပြည်သူ ၆ဦးဒဏ်ရာရပြီးနေအိမ်၆လုံးမီး‌​လောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စစ်တပ်ဗုံးကြဲပြီး​နောက် အပျက်အစီး​တွေကို တွေ့ရစဥ်။ ။ ဓါတ်ပုံ-CJ )

ဇူလိုင်-၁၄၊၂၀၂၆။ကတ်သတင်းရင်းနှင်း/ People’s Spring

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊ငါးတင်းကြီးရွာက စာသင်ကျောင်းနဲ့ ဆေးခန်းကို စစ်တပ်က ဗုံးကြဲခဲ့တာ​ကြောင့် ပြည်သူ ၆ဦးဒဏ်ရာရပြီးနေအိမ်၆လုံးမီး‌​လောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ၁၃ရက်၊ညနေ၃နာရီခွဲခန့်မှာ တံတားဦး လေတပ်ကတက်လာတဲ့ဂျက်ဖိုက်တာ၂စီးနဲ့ ငါးတင်းကြီးရွာ စာသင် ကျောင်းကိုဗုံးကြဲခဲ့တာလို့ ​ဒေသခံအချို့က​ပြောပါတယ်။

ကလေးတွေ ကျောင်းဆင်းချိန်ဖြစ်တာမို့အထိ ခိုက်မရှိခဲ့ပေမယ့်ကျောင်းဆောင်တွေကတော့ ပျက်စီးခဲ့တယ်လို့ဒေသခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ဆေးခန်းကို ထပ်မံဗုံးကြဲခဲ့တာ မှာဆေးခန်းနဲ့ ဘေးပတ်ဝန်းကျင်က နေအိမ် ၆လုံးပါ မီး လောင်ပျက်ဆီးခဲ့ပါတယ်။ဒါအပြင် ပြည်သူ ၆ ဦး၊ ဆေးဝါး​တွေ၊ကား၂စီး၊ဆိုင်ကယ်၆စီးပါမီးလောင်ခဲ့တယ်လို့သိရပါတယ်။

“ဆေးခန်းက အဆောင်၂ ဆောင်လုံးပျက်စီးသွားတယ်။ဒဏ်ရာရပြည်သူ တွေကတော့ နည်းနည်းထိတာ၂ ယောက်ပေါ့။အသေးအဖွဲအစမှန်တာ လေးတွေလည်းရှိတာပေါ့။အကုန်မစိုးရိမ်ရပါဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။

တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းက​နေဗုံးကြဲခဲ့တာဖြစ်တယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။ငါးတင်းကြီးရွာ ဆေးခန်းဟာ တော်လှန်ရေးတပ် တွေရဲ့ ဆေးခန်းမဟုတ်ဘဲ ဒေသခံ ပြည်သူ တွေ အားထားရတဲ့ ကျေး လက်ဆေးခန်းတခုဖြစ်တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ခင်ဦး မြို့နယ်ကို စစ်တပ်က မကြာခဏလေ ကြောင်းတိုက်ခိုက်နေပြီး ဇူလိုင်လ၉ ရက်နေ့ကလည်း သာဝတ္ထိရွာကို စစ်တပ်ကအသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ဒေသခံပြည်သူ ငါးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်း-‌ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲတာတွေကြမ်းနေလို့ အခုရက်ပိုင်း တွေမှာ လူငယ်အမျိုးသား၊အမျိုးသမီးတွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

Facebook