Connect with us

Hi, what are you looking for?

သတင်း

တိုက်ခိုက်ခံရတဲ့ စစ်သင်္ဘောအုပ်စု မော်လိုက်မြို့ရောက်လာ

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုဟာ မော်လိုက်မြို့ကိုရောက်ရှိနေပြီး မြစ်ကမ်းဘေးကျေးရွာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ ဒေသခံတွေ သတိပြုနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။

(ချင်းတွင်းမြစ်အတွင်းဆန်တက်နေတဲ့ စစ်သင်္ဘာအုပ်စုကို တွေ့ရစဉ်။ ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ)

ဇူလိုင်-၁၄၊၂၀၂၆။ဇော်ရမ်း/ People’s Spring

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုဟာ မော်လိုက်မြို့ကိုရောက်ရှိနေပြီး မြစ်ကမ်းဘေးကျေးရွာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ ဒေသခံတွေ သတိပြုနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။

တိုက်ခိုက်ရေးရေယာဉ်အပါ ဖလပ်မော်တော်ယာဉ် (၂၈)စီးဟာ ချင်းတွင်းမြစ်အတွင်း ဆန်တက်နေတာဖြစ်ပြီး ဇူလိုင် ၁၃ရက်ညပိုင်းမှာ မော်လိုက်မြို့ ဆိပ်ကမ်းကိုရောက်ရှိလာတာ ဖြစ်ပါတယ်။

ဆန်တက်လာရာမြစ်ကြောင်းတလျှောက် ကမ်းဘေးဝဲယာရှိ ကျေးရွာတွေနဲ့ တောတောင် နေရာတွေကို လေယာဉ်နဲ့ဗုံးကြဲပြီး လက်နက်ကြီးနဲ့ပါပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာမို့ ဒေသခံပြည်သူတွေလုံခြုံရေးသတိပြုနေထိုင်ကြဖို့ မော်လိုက်ခရိုင် အမှတ်-၃ တပ်ရင်းက ဒီနေ့ ဇူလိုင် ၁၄ရက်မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာတွေက ပြည်သူတွေအနေနဲ့ အရေးကြီးပစ္စည်းတွေနဲ့ မိသားစုဝင် တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားသင့်ပြီး ရွှေ့ပြောင်းနေရာများမှာလည်း ကတုတ်ကျင်းအကာကွယ်တွေ ပြုလုပ်ကြဖို့၊စစ်သင်္ဘောအုပ်စု စတင်ဝင်ရောက်ချိန်မှစပြီး လူအစုလိုက် ‌မနေကြဖို့နဲ့ လေယာဉ်နဲဲ့ ရေယာဉ်တွေကို ထွက်မကြည့်ကြဖို့ တိုက်တွန်းထားပါတယ်။

အဲဒီစစ်သင်္ဘောအုပ်စုဟာ ဇူလိုင်လဆန်းမှာ မုံရွာဆိပ်ကမ်းကနေ ထွက်ခွာလာတာဖြစ်ပါတယ်။

ကနီ၊မင်းကင်း၊ ကလေးဝမြို့နယ်တွေကို လေကြောင်းလုံခြုံရေးနဲ့ ဖြတ်စဉ်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြပါတယ်။ တိုက်ပွဲတွေအတွင်း စစ်တပ်ကဗိုလ်ကြီးတစ်ဦး၊ ဗိုလ်တစ်ဦးအပါအဝင် ၂၀ကျော်သေဆုံးပြီး ၁၅ဦးဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဇူလိုင်လ၁၃ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်သင်္ဘောအုပ်စုဟာ မော်လိုက်ကနေဆက်ထွက်ရင် ဟုမ္မလင်းမြို့အထိ ရောက်မှာပါ။ ချင်းတွင်းမြစ်ရေ မြင့်တက်ချိန်မှာ အထက်ပိုင်းဒေသတွေကို လက်နက်ခဲယမ်း၊ လူအင်အားနဲ့ စားနပ်ရိက္ခာတွေပို့ဆောင်နေတာပါ။ ဟုမ္မလင်းမြို့မြို့ကနေပြန်စုန်ဆင်းရင်တော့ ဖားကန့်ဒေသထွက် ကျောက်စိမ်းတွေနဲ့ ဟုမ္မလင်း၊ခန္တီးဒေသထွက် သတ္တုတွေ ပြန်လည်သယ်ဆောင်လေ့ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်သားတွေ တင်လာတဲ့ စစ်လှေကို ဒရုန်းနဲ့ တိုက်ခိုက်ဖောက်ခွဲခံရသလို မြေပြင်မှာလည်း စစ်ကြောင်းလိုက် ကစင့်ကလျားထွက်ပြေး

သတင်း

စစ်တပ်လက်နက်ကြီး၊လေကြောင်းရန်ရှိလို့ အမြန်ဆုံးရှောင်ရှားကြဖို့ မြစ်ကမ်းဘေး ပြည်သူတွေကို ကသာပအဖ မေတ္တာရပ်ခံ

Facebook