Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လွှတ်တော်မှာ အောင်ဇမ္ဗူ သွားက

စစ်တပ်ရဲ့ပြည်သူ့လွှတ်တော်သဘင်ဆောင်မှာ ဇာတ်မင်းသားအောင်ဇမ္ဗူ ဇတ်အဖွဲ့သွား​ရောက်ကပြဖျော်ဖြေခဲ့ပါတယ်။

ဓာတ်ပုံ-Khin Yi's Faceb၀ok

ဇူလိုင်-၁၄၊၀၂၆။ဟာနာဆန်/People’s Spring

စစ်တပ်ရဲ့ပြည်သူ့လွှတ်တော်သဘင်ဆောင်မှာ ဇာတ်မင်းသားအောင်ဇမ္ဗူ ဇတ်အဖွဲ့သွား​ရောက်ကပြဖျော်ဖြေခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့ ပြည်သူ့လွှတ်တော် သဘင်ဆောင်မှာ အောင်ဇဗ္ဗူဇာတ်သဘင် ၂ ညတာ ဖျော်ဖြေကပြခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ အတူတက်ရောက်ကြည့်ရှုအားပေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေရာယူထားတဲ့ ဦးခင်ရီက သူ့ Facebook ကနေ ရေးသားထားပါတယ်။

အာဏာသိမ်းစစ်တပ်က ​ပြည်သူ​တွေကိုဖေစ်ဘွခ် နဲ့ VPN အသုံးပြုတာကိုတားမြစ်ထားပြီး အသုံးပြုတာနဲ့ ဖမ်းဆီး ​အ​ရေးယူနိုင်တဲ့ ပုဒ်မ​တွေ ချမှတ်ထား​ပေမယ့် စစ်တပ်ခန့် လွှတ်​တော် ဥက္ကဌက​တော့ ​ဖေစ်ဘွခ်က​နေ ဝါဒဖြန့်သတင်း​တွေ ပုံမှန်တင်​နေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေက ဆင်းရဲငတ်ပြတ်နေပြီ အဘရဲ့ ။ အဘတို့က ပွဲလမ်းသဘင်အပျော်

အပါးတွေနဲ့ …ယားနေတာလား ပြည်သူ့လွှတ်တော်ထဲ ဘယ်ပြည်သူတွေကများ ရွေးထည့်ထားလိုက် တာလဲ ဟင် အဘ” လို့ သူ့ပိုစ်​အောက်မှာ ပြည်သူ တဦးကမှတ်ချက်ပြုပါတယ်။

အခြားပြည်သူတဦးကလည်း

“မဲပေးရကြိုးနပ်တဲ့သူတောင်းစားများ မှတ်ပလားဘောမတွေ မင်းတို့တွေကုန်စျေးနူံးကြီးတဲ့ဒဏ်အလူးအလဲခံနေရလဲ မင်းတို့ပထွေးကပွဲကြည့်မပျက်ဘူး”လို့​ရေးသားထားပါတယ်။

စစ်တပ်​ရွေး​ကောက်ပွဲအပြီးမှာစစ်တပ်လွှတ်​တော်အစည်းအ​ဝေး​တွေ လုပ်​နေ​ပေမယ့် ပြည်သူ​တွေက စိတ်ဝင်စားမှု မရှိကြပါဘူး။ အဲလိုအ​ခြေအ​နေမှာ စစ်တပ်အသိုင်းနဲ့ နီးစပ်တဲ့ ​အောင်ဇမ္ဗူ ကို​ခေါ် ကခိုင်းတာဖြစ်ပါတယ်။

ပွဲမကျင်းပမီ ဇူလိုင် ၁၁ ရက်နေ့ကလည်း ဦးခင်ရီနဲ့ အောင်ဇမ္ဗူတို့ အကြိုတွေ့ဆုံခဲ့ကြပါသေးတယ်။ အဲဒီတွေ့ဆုံပွဲမှာ စစ်​ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်ရဲ့ လုပ်ငန်းတွေ ဦးစီးလုပ်ကိုင်ပေးနေတဲ့ ကိုရွှေမန်း(ခ) ဝေမင်းမောင်လည်း ပါဝင်ခဲ့တာ တွေ့ရပါတယ်။ အောင်ဇမ္ဗူရဲ့ ပထမဆုံး ရုပ်ရှင် အငြှိုးအတေးဆိုတဲ့ ဇာတ်ကားကိုလည်း ဝေမင်းမောင်အမျိုးသမီးရဲ့ ဖူးဖူးရုပ်ရှင်ထုတ်လုပ်ရေးအမည်နဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်း-‌ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲတာတွေကြမ်းနေလို့ အခုရက်ပိုင်း တွေမှာ လူငယ်အမျိုးသား၊အမျိုးသမီးတွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

Facebook