ဇူလိုင် ၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် အခြေပြု ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ သံမဏိလိပ်ပြာတပ်ဖွဲ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ကွပ်ကဲမှု ခံယူလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။
အဲဒီ သံမဏိလိပ်ပြာတပ်ဖွဲ့ဟာ လောင်းလုံမြို့နယ် မောင်းမကန်ရဲစခန်း၊ထားဝယ်ခရိုင်အတွင်းရှိ ရန်ကင်းတံတား၊ လောင်းလုံမြို့နယ် ညင်းမော်ကျေးရွာနဲ့ စစ်ပြဲ စစ်ဆင်ရေးတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့များ၊ ပကဖများ နဲ့အတူ လက်တွဲ တိုက်ပွဲဝင်လျက်ရှိတဲ့ တော်လှန်ရေး အဖွဲ့ဖြစ်တယ်လို့ အသိပေးပါတယ်။
ပြည်သူ့တော်လှန်ရေးကို ရှေးရှု၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဆင့်ကဲကွပ်ကဲမှူယန္တရားသို့ ယုံကြည်စွာ ဝင်ရောက်လာသော သံမဏိလိပ်ပြာအဖွဲ့ကို ဂုဏ်ယူလေးစားကြောင်းကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement
သံမဏိလိပ်ပြာတပ်ဖွဲ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်၊ အမှတ်(၁) တပ်ရင်းရဲ့ တပ်ခွဲတခွဲအဖြစ် တော်လှန်ရေးတာဝန်များ ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ အသိပေးပါတယ်။
သံမဏိလိပ်ပြာ တပ်ဖွဲ့ကလည်း လောင်းလုံးဒေသ စစ်ဆင်ရေးတွေမှာ အခြားတော်လှန်ရေးတပ်တွေနဲ့အတူ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိကြောင်း ဇူလိုင် ၁၄ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၃ရက်က လောင်းလုံးမြို့နယ် လက်သဲရှည်တောင်ဘက်သို့ စစ်ကြောင်းထိုးထွက်လာတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့သလို ဇူလိုင် ၄ရက်မှာလည်း လောင်းလုံးရဲစခန်း၊ ထွေအုပ်ရုံး လ၀က ရုံးတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။
ဇူလိုင် ၁၀ရက်ကလည်း ကြယ်တောင်ရွာမှ လေးသွန်းခံရွာဘက်သို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ ၂နာရီ ကြာ တိုက်ပွဲဖြစ်ခဲ့ရာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။ စစ်တပ် စစ်ကြောင်း ထိခိုက်မှုများခဲ့ပြီး တော်လှန်ရး ရဲဘော်တွေ အထိအခိုက်မရှိဟု ထုတ်ပြန်ထားပါတယ်။


















































