Connect with us

Hi, what are you looking for?

သတင်း

မောင်းမကန်နယ်မြေရဲစခန်း ထားဝယ်ခရိုင် တပ်ပေါင်းစု သိမ်းပိုက်

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ် မောင်းမကန် နယ်မြေရဲစခန်းကို ထားဝယ်ခရိုင်တပ်ပေါင်းစုတွေက ဒီကနေ့ အောက်တိုဘာ ၂၆ရက်မနက်မှာ သိမ်းပိုက်ခဲ့တယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

မောင်းမကန်နယ်မြေရဲစခန်းကို ထားဝယ်ခရိုင် တပ်ပေါင်းစုတွေက အောက်တိုဘာ ၂၆ရက်မနက်မှာ သိမ်းပိုက်အပြီး အောင်ပွဲခံမေစဉ်။ ဓာတ်ပုံ - ထားဝယ်ခရိုင်တပ်ပေါင်းစု

အောက်တိုဘာ-၂၆၊ ၂၀၂၅။ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ် မောင်းမကန် နယ်မြေရဲစခန်းကို ထားဝယ်ခရိုင်တပ်ပေါင်းစုတွေက ဒီကနေ့ အောက်တိုဘာ ၂၆ရက်မနက်မှာ သိမ်းပိုက်ခဲ့တယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ဒီမနက် ၁၀နာရီဝန်းကျင်လောက်မှာ မောင်းမကန် နယ်မြေရဲစခန်းရှေ့မှာ အောင်ပွဲခံနေတဲ့တော်လှန်ရေးရဲဘော်တွေရဲ့ ဓာတ်ပုံနဲ့အတူ ရဲစခန်းကို သိမ်းပိုက်နိုင်ကြောင်း သတင်းအပေါ် ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က အခုလိုပြောကြားခဲ့တာဖြစ်ပြီး အသေးစိတ် အခြေအနေကို ပြောဆိုခြင်းမရှိပေ။

” ဒီမနက် လေယာဉ်ဗုံးလာကြဲတယ်လို့တော့ သိရတယ်။ ရှေ့တန်းမှာရှိတဲ့ ရဲဘော်တွေရဲ့ လုံခြုံမှုလည်း လိုအပ်တဲ့အတွက်ကြောင့်မို့လို့။အခုလက်ရှိမြေပြင်အခြေအနေတော့ဘာမှ မသိရသေးဘူး။အခုက ရှေ့တန်းမှာရှိတဲ့ ရဲဘော်တွေရဲ့ အခြေအနေတွေကြောင့် မထုတ်ပြန်သေးတာဖြစ်မယ်။ အခုကတော့ ဆက်သွယ်လို့တော့ရတယ်။ သေချာတော့ ပြောလို့မရသေးဘူး။ ထားဝယ်တပ်ပေါင်းစုတွေဝင်သိမ်းတာရှိတယ်” လို့ ဒေသ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုကလည်း ဒီနေ့မနက်မှာ ဗျူဟာ ၃၃နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက စခန်းတခု သိမ်းထားတယ်လို့ အသိပေးထားပဒါတယ်။ သတင်းထုတ်ပြန် ဖြေကြားမှုကို သက်ဆိုင်ရာ ကာကွယ်ရေးဝန်ကြီးဌာနကသာ ပြုလုပ်မည်ဟု လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

မောင်းမကန်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်နိုင်မှုအပေါ် စစ်ကောင်စီဝါဒဖြန့်သူအချို့ကလည်း ဝန်ခံထားပါတယ်။

မောင်းမကန်ရဲစခန်း သိမ်းပိုက်နိုင်မှုနဲ့ပတ်သက်ပြီး ထားဝယ်ခရိုင် တပ်ပေါင်းစု အပါအဝင်ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကိုဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း တပ်ရင်းမှူး နဂါးရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို လေးစားဦးညွှတ်ကြောင်း PDFအထူးတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။

သတင်း

စစ်တပ်က တိုက်ပွဲမရှိဘဲ ထားဝယ်ခရိုင်ထဲကမြို့နယ်တွေကို ဒီနေ့ စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ လေယာဥ်နဲ့ဗုံးပတ်ကြဲခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊မေတ္တာမြို့မှာရှိတဲ့စစ်ကောင်စီတပ် ဗျူဟာကိုယခုရက်ပိုင်းမှာအင်အားရာချီစေလွှတ်ပြီးခံစစ်ပြင်နေတယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)က ဦးဆောင်ပြီး စစ်ကောင်စီတပ်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)​၏ ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေး နိုင်ငံတကာက ထောက်ခံမဲပေးကြရန် တောင်းဆိုဆန္ဒပြသည့် လှုပ်ရှားမှုကို ယနေ့ (မေလ ၁၇) ပြုလုပ်ခဲ့သည်။