Connect with us

Hi, what are you looking for?

သတင်း

ပေါက်နဲ့မြိုင်နယ်မှာစစ်တပ်ကြောင့်ပြည်သူသောင်းဂဏန်းထွက်ပြေးနေရ

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း ထဲက ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ် အစပ်မှာရှိတဲ့ ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဇူလိုင်လဆန်းပိုင်းကစတင်ပြီးစစ်ကြောင်းထိုးပြီးမီးရှို့တာတွေကြောင့်ရွာ ၂၀ကျော်ရှိဒေသခံသောင်းဂဏန်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့စစ်ရှောင်အရေးကူညီသူအချို့ဆီကသိရပါတယ်။

ပေါက်မြို့နယ်ထဲက ထောက်ရှာပင်ရွာကို အာဏာသိမ်းစစ်တပ် မီးရှို့ပြီးနောက်တွေ့ရပုံ။ ဓာတ်ပုံ - ပေါက်မြို့နယ်လူသားစာနာ

ဇူလိုင် – ၁၆ ၊၂၀၂၆ /People’s Spring

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း ထဲက ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ် အစပ်မှာရှိတဲ့ ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဇူလိုင်လဆန်းပိုင်းကစတင်ပြီးစစ်ကြောင်းထိုးပြီးမီးရှို့တာတွေကြောင့်ရွာ ၂၀ကျော်ရှိဒေသခံသောင်းဂဏန်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့စစ်ရှောင်အရေးကူညီသူအချို့ဆီကသိရပါတယ်။

အခုလဆန်းဇူလိုင်လ ၃ ရက်ကစတင်ပြီး အင်အား ရာဂဏန်းပါတဲ့ စစ်တပ် ဟာပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်ကြားကထောက်ရှာပင်ကျေးရွာကိုဝင်ရောက်ခဲ့ပြီးအနီးဝန်းကျင်ရွာတွေကိုပါ မီးရှို့ဖျက်ဆီးတာပြုလုပ်ခဲ့ပါတယ်။

ထောက်ရှာပင်ရွာဟာ ပုသိမ် – မုံရွာ လမ်းမကြီးဘေးမှာ တည်ရှိတာပါ။

Public Service Announcement

Public Service Announcement

ဒါအပြင်ထောက်ရှာပင်ရွာရဲ့ အရှေ့ခြမ်းမှာရှိတဲ့မြိုင်မြို့နယ်အပိုင်ထဲက လက်ခုပ်ပင်ရွာ ၊ကန်နက်ရွာ တွေကိုလည်း မီးရှို့ခဲ့တယ်လို့သိရပါတယ်။

စစ်တပ်​ဝင်ရောက်ခဲ့တဲ့ကန်နက်ရွာမှာတော့ပြည်သူ နှစ်ဦးထက်မနည်း အသတ်ခံခဲ့ရတယ်လို့ ဒေသတွင်း ရင်းမြစ်တစ်ခုဖြစ်တဲ့ မြိုင်ဒေါင်းမင်းက အသိပေးထားပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းတွေဟာ ပေါက်မြို့နယ်ကတဆင့် မြိုင်မြို့နယ်ကရွာတွေကို ဆက်လက်စစ်ကြောင်းထိုးနေတာကြောင့် လက်ခုပ်ပင်ရွာ ၊ကန်နက်ရွာတွေအပြင် ရွာသစ်ရွာ၊ ကိုင်းတောမရွာ၊ ရွာတန်းရှည်ရွာ၊ ဆိတ်သာရွာ၊ ဝက်ပုတ်ရွာ၊ ကုန်းရွာ၊ ချောင်းဦးတိုရွာ၊ ပေပင်သိုက်ရွာ၊ ကိုင်းမရွာနဲ့ ညောင်ကုန်းရွာ က ဒေသခံပြည်သူတွေပါထွက်ပြေးနေရတာပါ။

အာဏာသိမ်းစစ်တပ်ရဲ့ပစ်ခတ်မှုတွေကြောင့်တိမ်းရှောင်နေရတဲ့ဒေသခံတွေဟာ ရွာတွေကို ပြန်မနေရဲသေးတဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေးကူညီနေသူတစ်ဦးကပြောပါတယ်။

“ရက်ကြာလာတော့ စားဖို့နဲ့ဆေးဝါးတွေကခက်လာတာပေါ့ “ လို့ စစ်ရှောင်အရေးကူညီသူကဆိုပါတယ်။

NUG အစိုးရရဲ့ ပေါက်မြို့နယ် လူကယ်ပြန်ဝန်ကြီးဌာနကတော့ ပေါက်မြို့နယ်အရှေ့မြောက်ပိုင်းကျေးရွာကိုးရွာကအိမ်ထောင်စု ၁,၅၀၅ ရှိ လူဦးရေ ၇,၀၀၀ဝန်းကျင် စစ်ရှောင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook