Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုနဲ့ စဥ့်ကူးမြို့ ဗဟိုပြုပြီး ငလျင်ငယ် ၂ခု ဆက်တိုက်လှုပ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ မန္တလေးတိုင်း၊ စဥ်ကူးမြို့တို့မှာ ဒီကနေ့ မနက်က ငလျင် ၂ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၇၊ ၂၀၂၆။ဟာနာဆန်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ မန္တလေးတိုင်း၊ စဥ်ကူးမြို့တို့မှာ ဒီကနေ့ မနက်က ငလျင် ၂ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီကနေ့ (ဇူလိုင် ၁၇ ရက်) မနက်ပိုင်းက မြန်မာနိုင်ငံအတွင်း နေရာ ၂ခုမှာ အင်အားအသင့်အတင့်နဲ့အင်အားအနည်းငယ်ရှိတဲ့ မြေငလျင် ၂ကြိမ် ဆက်လှုပ်ခတ်သွားကြောင်း သိရပါတယ်။

ပထမအကြိမ်ကတော့ မနက် ၇ နာရီ ၅၆ မိနစ်မှာရှမ်းပြည်နယ်၊ နောင်ချိုမြို့အနီးမြေအောက်အနက် ၁၄ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၅.၂ အဆင့်နဲ့ အင်အားအတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တာဖြစ်ကြောင်း လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါငလျင်အပြီး ၁၆ မိနစ်ခန့်အကြာ မနက် ၈ နာရီ ၁၂ မိနစ်ခန့်မှာလည်း မန္တလေးတိုင်း၊ စဥ်ကူးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၁ အဆင့်ဖြင့် အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့တယ်လို့ အထက်ပါဌာနက အသိပေးပါတယ်။

အဆိုပါငလျင်တွေကို စစ်ကိုင်း၊ မန္တလေးနဲ့ ရှမ်းပြည််နယ်မြောက်ပိုင်းက ဒေသတွေမှာ သိသာစွာ ခံစားလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီတခါအသံမကြားရဘူး။ အချိန်နည်းနည်းကြာတယ်။ မတ်လ ၂၇ တုန်းကလိူဖြစ်ပြီထင်တာ”လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်တွေနဲ့အညီ နေထိုင်ကြဖို့ NUG ရဲ့လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ကြက်တူရွေး ကျေးရွာကို မီးရှို့လို့ ပြန်ဆောက်ထားတဲ့ တဲတွေကို စစ်တပ်က ၁၁ကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။

နိုင်ငံတကာ

မဂ္ဂနီကျု ၅.၉ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးတဲ့နောက် တိုကျိုမြို့တော်နဲ့ ပိုမိုကျယ်ဝန်းတဲ့ ကန်တိုဒေသမှာ နေထိုင်သူတွေ အနေနဲ့ လာမယ့် သီတင်းပတ်တွေမှာပါ ပြင်းအားတူ ငလျင်တစ်ခု လှုပ်ခတ်နိုင်ခြေကို သတိထားကြဖို့ ဂျပန် အစိုးရက သတိပေးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ ၄.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။