Connect with us

Hi, what are you looking for?

သတင်း

တရုတ်ရဲ့အဂတိကိစ္စတွေကိုဖွင့်ချခဲ့တဲ့ဂျာနယ်လစ်တစ်ဦးကို လွှဲပြောင်းပေးဖို့ ထိုင်းကို တရုတ် တောင်းဆိုထား

တရုတ်နိုင်ငံရဲ့အဂတိကိစ္စတွေကိုစုံစမ်းဖော်ထုတ်ခဲ့တဲ့တရုတ် ဂျာနယ်လစ် တစ်ဦးကို အမြန်ဆုံး ပြန်လည် လွှဲပြောင်းပေးဖို့ တရုတ်က ထိုင်းအစိုးရကို တောင်းဆိုထားကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

ဇူလိုင် – ၁၈ ၊၂၀၂၆

တရုတ်နိုင်ငံရဲ့အဂတိကိစ္စတွေကိုစုံစမ်းဖော်ထုတ်ခဲ့တဲ့တရုတ် ဂျာနယ်လစ် တစ်ဦးကို အမြန်ဆုံး ပြန်လည် လွှဲပြောင်းပေးဖို့ တရုတ်က ထိုင်းအစိုးရကို တောင်းဆိုထားကြောင်း သိရပါတယ်။

တရုတ်က ဖိအားပေးနေမှုကြောင့် ထိုင်းအစိုးရဟာ သတင်းထောက် တစ်ဦးဖြစ်တဲ့ ပိုင်ကျန်တောင်ကို နယ်နှင်ပြီး ထိုင်းဆီ လွှဲပြောင်းပေးမှာကို စိုးရိမ်စရာ ဖြစ်လာပါတယ်။

လူ့အခွင့်အရေး အဖွဲ့အစည်းတွေကတော့ ပိုင်ဟာ တရုတ်ဆီကို လွှဲပြောင်းခံရရင် နိုင်ငံရေးအရ ဖိနှိပ်မှုနဲ့ ညှင်းပန်းနှိပ်စက်မှုတွေ ကြုံလာရနိုင်ကြောင်း သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

မီဒီယာလွတ်လပ်ခွင့်အတွက်လှုပ်ရှားနေတဲ့နယ်စည်းမခြား သတင်း ထောက်များ အဖွဲ့နဲ့ စပိန်အခြေစိုက် Safeguard Defendersတို့က တရုတ်အစိုးရဟာ ပိုင်ရဲ့ သတင်းရေးသား ဖော်ပြချက်တွေကို မကျေမနပ် ဖြစ်နေပြီး သူ့ကို လွှဲပြောင်းပေးဖို့ ထိုင်းအစိုးရကို ဖိအားပေးနေကြောင်း ပြောပါတယ်။

ပိုင်ဟာ တရုတ်အစိုးရဆီက ဖမ်းဝရမ်းထုတ်ပြီး ဆက်သွယ် အကူအညီ တောင်းခံမှုကြောင့် အခုနှစ်ဆန်းပိုင်း ကတည်းက ထိုင်းနိုင်ငံမှာ ဖမ်းဆီး ထိန်းသိမ်း ခံထားရပါတယ်။ သူဟာ ပြည်တွင်းကနေ ထွက်ခွာခွင့် ပိတ်ပင်ခံထားရသလို ဘန်ကောက်မှာရှိတဲ့ လူဝင်မှု ကြီးကြပ်ရေး အချုပ်ခန်း တစ်ခုမှာ နေထိုင်နေရပါတယ်။

အခုအခါ ပိုင်ကို လွှဲပြောင်းပေးဖို့ ထိုင်းအစိုးရဆီ တရားဝင် တောင်းခံထားကြောင်း တရုတ်အစိုးရကလည်း အတည်ပြုခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပိုင်ဟာငွေညှစ်မှုနဲ့ လာဘ်ယူမှု စွပ်စွဲ ချက်တွေအတွက် အလိုရှိနေသူ တစ်ဦးလို့ ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ပိုင်ကို တရုတ်ဆီ လွှဲပြောင်းပေးနိုင်ခြေ ရှိတယ်ဆိုတဲ့ သတင်းတွေအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ဒီအတောအတွင်း တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံချိန်မှာ ပိုင်ရဲ့ကိစ္စကိုပါ ထည့်သွင်း ဆွေးနွေးဖွယ် ရှိနေပါတယ်။

တက်ကြွလှုပ်ရှားမှု အဖွဲ့အစည်းတွေရဲ့ အဆိုအရ ပိုင်ဟာ တရုတ်နိုင်ငံက ဒေသခံ အရာရှိတွေ၊ အာဏာရ ကွန်မြူနစ်ပါတီရဲ့ အကြီးတန်း အဖွဲ့ဝင်တွေ ပါဝင်နေပြီး ကြီးမားကျယ်ပြန့်လှတဲ့ အဂတိမှုနဲ့ ငွေကြေးလိမ်လည်မှု ကွန်ရက်တွေကို ဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

ပိုင်ဟာ ၂၀၂၃ ခုနှစ်မှာ တရုတ်ကနေ ထွက်ပြေးလာပြီး ၂၀၂၄ မှာတော့ ယူလင်းမြို့ ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဝရမ်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ပိုင်ကို လွှဲပြောင်းယူချင်တဲ့ တရုတ်ရဲ့ ဆန္ဒဟာ နိုင်ငံရေးအရ ဖိနှိပ်ဖို့ ရည်ရွယ်ချက် သက်သက်ဖြစ်တာကြောင့် ထိုင်းအာဏာပိုင်တွေ အနေနဲ့ တရုတ်ဖိအားကို ကြံ့ကြံ့ခံပေးဖို့ လိုအပ်ကြောင်း Safeguard Defendersရဲ့ ဒါရိုက်တာ လော်ရာ ဟာ့သ်က ဇူလိုင် ၁၅ ရက်နေ့ ကြေညာချက်ထဲမှာ တိုက်တွန်းထားခဲ့ပါတယ်။

လက်ရှိ အခြေအနေအရ ပိုင်ဟာ တရုတ်ဆီကို ပြန်လည် လွှဲပြောင်းခံရမယ်ဆိုရင် နိုင်ငံရေးအရ ဖိနှိပ်မှု၊ မတရားဖမ်းဆီးမှု၊ ဖိအားပေး ပျောက်ကွယ်သွားစေမှု၊ ညှင်းပန်းနှိပ်စက်မှုနဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြုံတွေ့ရမယ့် အန္တရာယ်မျိုး ကြီးကြီးမားမား ရင်ဆိုင်နေရကြောင်းလည်း ဟာ့သ်က သတိပေး ပြောဆိုသွားပါတယ်။

ကိုးကား – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြီးအတွင်း အနည်းဆုံး ၈ ဦး သေဆုံးပြီး ၃၄ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးခဲ့သူ အများစုဟာ မီးခိုးမွှန်ပြီး အသက်ဆုံးရှုံးခဲ့တာလို့ သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ ဉာဏ်ရည်တု နည်းပညာ ညီလာခံ (WAIC)မှာတော့ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ သူ့ရဲ့နိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ AI ရပ်ဝန်းရဲ့ ဦးဆောင်သူအဖြစ် ပုံဖော်ဖို့ ကြိုးစားနေပါတယ်။