Connect with us

Hi, what are you looking for?

သတင်း

ပြည်သူတွေအပေါ် ဗုံးကြဲနေတဲ့ စစ်တပ်ကို မိတ်ဖက်တွေနဲ့ လက်တွဲ၊ တုန့်ပြန်သွားမယ်လို့ AA ထုတ်ပြန်

ငြိမ်းချမ်းရေးကို ဗုံးကြဲပြီးခေါ်ရင် ကျည်ဆံပဲရမယ်လို့ AAသတိ​ပေး

(စစ်တပ်က ဇူလိုင် ၁၉ ရက်မှာသံတွဲမြို့​ပေါ်ကို ဗုံးကြဲပြီး​နောက်အပျက်အစီး​တွေ​တွေ့ ရစဥ်။ဓါတ်ပုံ-AA Info desk)

ဇူလိုင်-၂၀၊၂၀၂၆။ခိုင်မြတ်/People’s Spring

အရပ်သားပြည်သူတွေကိုနေ့စဉ်ရက်ဆက်ဗုံးကြဲသတ်ဖြတ်နေတဲ့အာဏာသိမ်းစစ်တပ်ကိုပြည်သူတရပ်လုံးနဲ့သာမက၎င်းတို့အပေါ် ယုံကြည်လေးစားအားကိုးတန်ဖိုးထားတဲ့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေ၊ နယ်မြေချင်းထိစပ်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူတကွ လက်တွဲတုန့်ပြန်သွားမယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားပြည်သူတွေ သေဆုံးရမှုနဲ့ ပက်သက်တဲ့ AA ရဲ့ ဇူလိုင် ၁၉ ရက်ညထုတ်ပြန်ချက်မှာထည့်သွင်း​ဖော်ပြထားတာပါ။

“တပ်တော်(AA)ကတော့ရခိုင်ကမြို့နယ်တွေအကုန်လုံး ရအောင်သိမ်းပိုက်သွားမယ်။ နယ်စပ်ပြည်နယ်၊ တိုင်းတွေမှာ လည်း ဆက်ပြီးစခန်းတွေသိမ်းသွားမယ်ဆိုတာကို သေချာအောင် ထုတ်ပြောတာ။ အခုလည်း တိုက်ပွဲတွေ နေ့တိုင်း ဖြစ်နေတာပဲ၊ ဆက်ပြီး ပြင်းလာဖို့ပဲ ရှိတယ်”လို့AAနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာအာဇာနည်နေ့တဲ့ဖြစ်တဲ့ဇူလိုင်၁၉ ရက် တရက်တည်းမှာပဲ ရခိုင်မြို့နယ်သုံးခုကို လေယာဉ် အုပ်လိုက်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူ ၅ ဦးသေဆုံးပြီး သံဃာတော် ၃ ပါး၊ အရပ်သားပြည်သူ ၂၆ ဦး၊ စုစုပေါင်း ၂၉ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ကထုတ်ပြန်ထားပါတယ်။သေဆုံး၊ ဒဏ်ရာရသူတွေ ထဲမှာ အသက် ၁၈ နှစ်အောက်က​လေးငယ် ၁၂ ဦးပါဝင်ပါတယ်။

စစ်တပ်ဟာ ဇူလိုင် ၁၉ ရက်မနက်ပိုင်းမှာ မအီမြို့ကို ဗုံးကြဲခဲ့ပြီး ပြည်သူ ၅ ဦးသေဆုံးကာ ၂၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ညနေပိုင်းမှာလည်း သံတွဲမြို့ပေါ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် တောင်ပေါက်၊ ရေပေါက်ချောင်းခွဆုံရှိ တောင်ပေါက် ဘုန်းတော်ကြီးကျောင်းတို့ကို ဗုံးထပ်ကြဲခဲ့တာကြောင့် သံဃာတော် ၂ ပါး၊ အမျိုးသမီး၂ ဦး၊အမျိုးသား ၃ ဦး၊ စုစုပေါင်း ၇ ဦး ဒဏ်ရာရခဲပါတယ်။

စစ်တပ်ရဲ့ အခုလိုဗုံးကြဲတဲ့လုပ်ရပ်တွေဟာ ရက်တရာအတွင်း ငြိမ်းချမ်းရေးဖိတ်ခေါ်သံ၊ တွေ့ဆုံနေမှုတွေအတွက်အပြောနဲ့အလုပ်ထပ်တူကျမှု ဘယ်လောက်ရှိလဲဆိုတဲ့အပေါ် မေးခွန်းထုတ်စရာတွေရှိနေတာ အထင်အရှားဖြစ် တယ်လို့ AA က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

AA ပြောရေးဆိုခွင့်ရှိ ဦးခိုင်သုခကလည်း “ကျွန်တော်တို့ရဲ့ ပြည်သူတွေကို နေ့စဉ်နဲ့အမျှ မတရားဗုံးကြဲတိုက်ခိုက် သတ်ဖြတ်နေတာဟာ အကြမ်းဖက်ဖက်ဆစ်စစ်ခေါင်းဆောင်အနေနဲ့ စစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေတာဖြစ်တယ်။ဒါဟာ ငြိမ်းချမ်းရေးကို ဦးတည်တဲ့လုပ်ရပ်မဟုတ်ပါဘူး။ ဆိတ်ခေါင်းချိတ်ပြီးခွေးသားရောင်းနေတာသာဖြစ်ပါတယ်”လို့ လူထုနွေဦးကို ပြောထားပါတယ်။

တကယ်ငြိမ်းချမ်းရေးရချင်ရင် အကြမ်းဖက်သတ်ဖြတ်နေတာတွေကိုရပ်တန့်ပြီးတော့ငြိမ်းချမ်းရေးနဲ့ ထိုက်တန်တဲ့အပြုအမှု၊ အပြောအဆို၊ အလုပ်အကိုင်တွေကို တကယ်လက်တွေ့ကျကျလုပ်ဖို့လိုတယ်လို့လည်း သူကဆိုပါတယ်။

“ငြိမ်းချမ်းရေးကို ဗုံးကြဲပြီးတော့ ဖိတ်ခေါ်လို့မရပါဘူး။ ငြိမ်းချမ်းရေးကို ဗုံးကြဲပြီးခေါ်ရင် ကျည်ဆံပဲ ရမှာဖြစ်ပါ တယ်” လို့ ဦးခိုင်သုခက​ပြောပါတယ်။

စစ်တပ်ဟာ AA ရဲ့ ထိုးစစ်တွေကို စစ်တွေ၊ ကျောက်ဖြူအပြင် ဧရာ၀တီ၊ မကွေး၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်စစ်မျက် နှာတို့မှာပါ တပြိုင်တည်း ရင်ဆိုင်နေရပြီး အဲဒီတိုက်ပွဲတွေအတွင်း တပ်စခန်းတွေ ဆက်တိုက် လက်လွှတ်နေရကာ အကျအဆုံးများ အထိနာနေတာကြောင့် အခုလို အရပ်သားတွေကို ဦးတည်ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲမှု တွေ လုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

AA ကလည်း ရခိုင်ဒေသတွင်း ရေဘေးဒုက္ခကြုံနေရချိန် ပြည်သူတွေကို ဗုံးကြဲတဲ့ စစ်တပ်ရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်အပေါ် မှတ်တမ်းတင်ထားတယ်လို့ဆိုပါတယ်။

ရခိုင်မှာ အခုနောက်ပိုင်း ဂျက်တိုက်လေယာဉ်သုံးစီး(သုံးစီးအထက်)နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်း သုံးပြီးလေကြောင်းတိုက်ခိုက်မှုတွေအရင်ကထက်ပြင်းပြင်းထန်ထန်လုပ်လာတာကြောင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ AA က အသိပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်နေ့ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့လက် ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

Facebook