Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကမြောက်ဦးနဲ့ ကျောက်တော်ကိုလေယာဉ်အုပ်လိုက်နဲ့ ဗုံးထပ်ကြဲ

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ဇီးချောင်းဆည်ဝန်းကျင် နဲ့ မြောက်ဦးမြို့နယ် ကျောက်ဆည်ပြင်၊ ကျောက်ကျပ်ရွာအနီးဝန်းကျင်တို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ညနေပိုင်းမှာ လေယာဉ်အုပ်လိုက်နဲ့ ဗုံးအလုံးဆယ်ချီ ကြဲ ချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စစ်တပ်ရဲ့ တိုက်​လေယာဥ်​တွေကို ​စစ်တပ်အခန်းအနားတစ်ခုမှ ​လေ့ကျင့်ပျံသန်းပြစဥ်(ပုံအ​ဟောင်းဖြစ်ပါတယ်။ဓါတ်ပုံ-Getty)

ဇူလိုင်-၂၀၊၂၀၂၆။ခိုင်မြတ်/ People’s Spring

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ဇီးချောင်းဆည်ဝန်းကျင် နဲ့ မြောက်ဦးမြို့နယ် ကျောက်ဆည်ပြင်၊ ကျောက်ကျပ်ရွာအနီးဝန်းကျင်တို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ညနေပိုင်းမှာ လေယာဉ်အုပ်လိုက်နဲ့ ဗုံးအလုံးဆယ်ချီ ကြဲ ချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၂၀ ရက်မွန်းလွဲနှစ်နာရီဝန်းကျင်ကနေ သုံးနာရီကျော်အချိန်ထိ တနာရီကျော်ကြာ ဗုံးကြဲနေခဲ့တာလို့ သိရပါတယ်။

“ဂျက်ဖိုက်တာသုံးစီးလောက်ပါတယ်။ပထမဆုံးနာရီဝက်လောက်ဂျက်နဲ့ ကြဲတယ်။ နောက် Y12တစီးထပ်ရောက်လာပြီးကြဲတယ်။တနာရီကျော်လောက်ထိကြဲတာ။အလုံးကတော့ဆယ်ချီရှိမယ်ထင်တယ် ဗုံးတွင်းထဲက နေ သေချာမရေလိုက်မိဘူး။ Y12 က အများကြီးချတယ်”လို့ ကျောက်တော်ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့အဲဒီဗုံးကြဲမှုကြောင့်ထိခိုက်၊သေဆုံးသူအရေအတွက်နဲ့ အသေးစိတ်အခြေအနေတွေကိုတော့ မသိရ သေးပါဘူး။

“လူအထိခိုက်ရှိလောက်တယ်။ အများကြီးကြဲနေခဲ့တာကို။အလုံးနှစ်ဆယ်ကျော်၊သုံးဆယ်လောက်တောင်ရှိမလားမသိ။လေယာဉ် တစီးပြီး တစီးတက်လာတာ အခုမှ တွင်းက ထွက်ရတယ်” လို့ မြောက်ဦးမြို့နယ်မှဒေသခံအမျိုးသ မီးတဦးက ပြောပါတယ်။

ရှေ့တန်းစစ်မျက်နှာတွေမှာအထိနာနေတဲ့အာဏာသိမ်းစစ်တပ်ဟာရခိုင်ပြည်နယ်အတွင်းက အရပ်သားလူ နေကျေးရွာတွေကို လေကြောင်းဗုံးကြဲတာတွေအခုရက်ပိုင်း ဆက်တိုက်လုပ်နေတာပါ။ဇူလိုင်လ ၁၉ ရက်နေ့မှာလည်း တောင်ကုတ်မြို့နယ် မအီ၊ သံတွဲမြို့ပေါ်နဲ့ ပုဏ္ဏားကျွန်းအနီးဝန်းကျင်တို့ကို ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်အပါ အဝင် အရပ်သား ၅ ဦးသေဆုံးပြီးသံဃာ​တော်အပါအဝင်၂၉ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်ဟာAA ရဲ့ထိုးစစ်တွေကိုစစ်တွေ၊ ကျောက်ဖြူအပြင် ဧရာ၀တီ၊ မကွေး၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်စစ်မျက် နှာတို့မှာပါတပြိုင်တည်း ရင်ဆိုင်နေရပြီး အဲဒီတိုက်ပွဲတွေအတွင်းတပ်စခန်းတွေဆက်တိုက်လက်လွှတ်နေရသလိုသေဆုံးထိခိုက်သူ​တွေများနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

“ငြိမ်းချမ်းရေးကို ဖိတ်ခေါ်ပြီးတော့ဗုံးကြဲတယ်ဆိုတာကတော့ လူမဆန်အောက်တန်းကျတဲ့ စစ်အုပ်စုပေ့ါ၊ ဒီစစ် အုပ်စုကို အဆင့်အတန်းမရှိတဲ့အဖွဲ့အစည်းတခုလို့ပဲမြင်တယ်။ စစ်ကိုစစ်နဲ့တူအောင် မတိုက်ဘဲ အရပ်သားပြည်သူ တွေကိုပဲ ဦးတည်ပြီးတော့ လုပ်နေတာပဲကို” လို့ သံတွဲဒေသခံလူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။

AA ကလည်းရခိုင်ဒေသတွင်းရေဘေးဒုက္ခကြုံနေရချိန် ပြည်သူတွေကို ဗုံးကြဲတဲ့ စစ်တပ်ရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်အပေါ် မှတ်တမ်းတင်ထားပြီး တုံ့ပြန်သွားမယ်လို့ ထုတ်ပြန်သတိပေးထားပါတယ်။

ရခိုင်မှာ အခုနောက်ပိုင်း ဂျက်တိုက်လေယာဉ်သုံးစီး(သုံးစီးအထက်)နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်း သုံးပြီးလေကြောင်းတိုက်ခိုက်မှုတွေအရင်ကထက်ပြင်းပြင်းထန်ထန်လုပ်လာတာကြောင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့လည်း AA က ပြည်သူတွေကို အသိပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်နေ့ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့လက် ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲဘော်အထိအခိုက်မရှိခဲ့ပေမယ့် စခန်းပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ မကွေးတိုင်း၊ရေစကြိုမြို့နယ် အခြေစိုက် Yesagyo Revolution Group (YRG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ငြိမ်းချမ်းရေးကို ဗုံးကြဲပြီးခေါ်ရင် ကျည်ဆံပဲရမယ်လို့ AAသတိ​ပေး

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။