Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျဆုံးစစ်သည်တွေအတွက် ရည်စူးပြီး အီရန်မှာ စစ်ဆင်ရေးတွေ လုပ်ခဲ့ကြောင်း ထရမ့်ပြော

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဇူလိုင် ၁၇ နဲ့ ၁၈ ရက်နေ့တွေတုန်းက ဂျော်ဒန်နဲ့ အီရတ်နိုင်ငံတွေမှာရှိတဲ့ အမေရိကန် စစ်ရေးပစ်မှတ်တွေကို အီရန်က တိုက်ခိုက်ခဲ့တဲ့နောက် အမေရိကန် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၁ ဦး ပျောက်ဆုံးနေခဲ့ပါတယ်။

ဇူလိုင် ၁၉ ရက်ညပိုင်းနဲ့ ဇူလိုင် ၂၀ မနက်အစောပိုင်းတွေမှာတော့ အီရန်ပိုင်နက်ထဲမှာ ၉ ညဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)က ကြေညာခဲ့ပါတယ်။

စစ်ရေးဆိုင်ရာ နေရာတွေနဲ့ ဆက်သွယ်ရေး ကွန်ရက်တွေကို အဓိက ပစ်မှတ်ထားခဲ့တဲ့ စစ်ဆင်ရေးတွေကြောင့် အီရန်ဟာ ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းသွားလာတဲ့ အရပ်ဖက် သင်္ဘောတွေကို ရန်ပြုနိုင်စွမ်း ပိုမို ဆုတ်ယုတ် အားနည်းသွားကြောင်း CENTCOMက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်တော့ အီရန်က အဲဒီတိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ ဆီးရီးယားမှာ အငိုက်ဖမ်း စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့ပြီး ဂျော်ဒန်ရဲ့ အက္ကဘာ လေဆိပ်မှာ ရှိနေတဲ့ အမေရိကန် လေယာဉ်တွေကိုလည်း ပစ်ခတ်ခဲ့ကြောင်း ကြေညာပါတယ်။

အမေရိကန်ဟာ အီရန်အပေါ် နောက်ထပ် ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ထပ်မံ လုပ်ဆောင်ခဲ့ကြောင်းနဲ့ အဲဒီ တိုက်ခိုက်မှုဟာ အရှေ့အလယ်ပိုင်း ဒေသမှာ ကျဆုံးခဲ့တဲ့ အမေရိကန် စစ်သည် ၃ ဦးကို ဂုဏ်ပြုဖို့ ရည်ရွယ်ကြောင်း ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်က အီရန်မှာ ဆက်တိုက် ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေဟာ အီရန် အနေနဲ့ နျူကလီးယား ဒုံးကျည်လက်နက်တွေ ဖန်တီး တည်ဆောက်နိုင်မယ့် အလားအလာ မှန်သမျှကို အပြီးတိုင် ဖျက်ဆီးဖို့လည်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အမေရိကန်က ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို တက်ရောက် အားပေးခဲ့တဲ့နောက် ထရမ့်က သူဟာ စပိန် ဝန်ကြီးချုပ် အပါအဝင် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တချို့နဲ့ စကားပြောဖြစ်ခဲ့ကြောင်း၊ ဘယ်သူနဲ့မှလည်း ဆက်ဆံရေး တင်းမာတာမျိုး မရှိခဲ့ကြောင်းလည်း ပြောပါတယ်။ အရင်ကတော့ ထရမ့်ဟာ အီရန်စစ်ပွဲမှာ အမေရိကန်ရဲ့ မူဝါဒတွေကို ဆန့်ကျင် ရပ်တည်ခဲ့တဲ့အတွက် စပိန်အစိုးရအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုတာတွေ ရှိခဲ့ပါတယ်။ အမေရိကန်မြေမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတော့ စပိန်အသင်းက အနိုင်ရ ဗိုလ်စွဲသွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးလာအောင် အင်မတန် အဆိုးမြင်တဲ့ အစုအဖွဲ့တွေက ပုံကြီးချဲ့ သတင်းလွှင့်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။