Connect with us

Hi, what are you looking for?

သတင်း

ချင်း-မကွေးအစပ်မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရလို့ အထိနာပြီး တပ်ပြန်ဆုတ်

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

(မကွေးတိုင်း၊ ကျောက်ထုဒေသအခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ-The Youth Force)

ဇူလိုင်-၂၀၊ ၂၀၂၆။ ထားမြတ်၊ဖိုးသား/People’s Spring

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

မကွေးတိုင်း ဆောမြို့နယ်၊ ကျောက်ထုမြို့ အမြောက်တပ်က ထွက်လာတဲ့ အင်အား ၂၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းဟာ ထီးလင်းမြို့နယ် ကြီးရွာမှာ ညအိပ်ပြီး ရွှေအောင်သာကျေးရွာဘက် ဆက်လက်ထွက်ခွာလာစဉ် ဇူလိုင် ၂၀ရက်မှာ တိုက်ခိုက်ခံရတာလို့သိရပါတယ်။

“တနေကုန်ထိတွေ့ဖြစ်ကြတယ်လို့ ကြားတယ်။ ပြန်ဆုတ်ကြတယ်”လို့ ဒေသခံက စစ်တပ် အထိနာပြီး ကြီးရွာဘက်ကို တပ်ဆုတ်ရတဲ့ အခြေအနေကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကြီးရွာနဲ့ ရွှေအောင်သာ ကြားမှာ ဖြစ်တာ။ဒီညနေ ဂျက်ဖိုက်တာရော အသေခံဒရုန်းတွေသုံးပြီး ပြန်ဆုတ်သွားတယ်”လို့ ယောဒေသ(ထီးလင်းမြို့နယ်)သတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ထီးလင်မြို့နဲ့ (၁၀)ခန့်အကွာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ရွှေအောင်သာရွာကို ပြန်လည်စိုးမိုးဖို့စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

“စစ်ကြောင်းလုံးလှည့်ပြေးကြတာများ ခွေးလေးတွေဖင်ကန်လွှတ်သလိုပဲ။ယောကိုစမ်းချင်ဦး”လို့ ​မြေပြင်စစ်​ရေးသတင်းရင်းမြစ်တဦးက သူရဲ့လူမှုကွန်ယက်ကတဆင့် ဒီကနေ့ အသိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ကလည်းဇူလိုင် ၂၀ရက် မွန်းလွဲပိုင်းမှာ ကျောက်ထုနဲ့ ထီးလင်းမြို့နယ်အစပ် နေရာတွေကို လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျောက်ထု အမြောက်တပ်က လက်နက်ကြီး၊ ဒရုန်းတွေ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့လည်း ဒေသခံက ပြောထားပါတယ်။

ဒေသတွင်း သတင်းတွေ အသိပေးနေတဲ့ ယောအလင်းတန်းရဲ့ ဖော်ပြချက်မှာ စစ်တပ်ဟာ ဇူလိုင် ၂၀ ရက် မွန်းလွဲ ပိုင်းမှာ ထီးလင်းနဲ့ ကျောက်ထုအကြား နေရာတွေကို ပေါင် ၃၀၀ ဗုံး ၄လုံး ကြဲချခဲ့သလို ကျောက်ထုအမြောက်တပ်က ပျံတက်လာတဲ့ အသေခံ

ဒရုန်း ၄စီးနဲ့လည်း လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ရွှေအောင်သာကျေးရွာဟာ ချင်းတောင်ပိုင်းက မင်းတပ်၊ ယောဒေသ ထီးလင်းနဲ့ ကျောက်ထု ဆုံရာ ဆက်သွယ်ရေးလမ်းကြောင်းအရ အရေးပါတဲ့ နေရာမှာ ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။

“ကြီးရွာကို မရောက်ခင်ကတည်းက တိုက်ပွဲ တောက်လျှောက်ဖြစ်ခဲ့တယ်။ကြီးရွာနဲ့ ရွှေအောင်သာ ကြားမှာ ရွာတော့မရှိတော့ဘူး။လမ်းကြောကတော့‌ရှည်တယ် “လို့ သူက ပြောပါတယ်။

စစ်တပ်ဟာ ချင်းတောင်ပိုင်းက မင်းတပ် ၊ ကန်ပက်လက်မြို့တွေနဲ့ ချင်း-မကွေးအစပ် ယောဒေသ နေရာတွေကို ထိန်းချုပ်နိုင်ဖို့ မေလလယ်ကစပြီး စစ်အင်အားထောင်ချီအသုံးပြု ထိုးစစ်ဆင်တာမှာတိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်​နေပါတယ်။ တိုက်ပွဲတွေမှာ စစ်တပ်အထိနာပြီး လေကြောင်းပစ်ကူပေးတိုက်ခိုက်တာတွေလည်း နေ့စဉ်နီးပါးရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့ကနေ ရခိုင်ရိုးမပေါ်တက်ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်စစ်ကြောင်းဟာ အရာရှိတွေ အပါအ၀င် သေဆုံးသူများနေပြီး စစ်တပ်က တိုက်ပွဲနေရာတွေကို လေကြောင်းကနေ ဗုံးကြဲနေကူပေးနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီးတိုက်ပွဲမှာ စစ်တပ်အထိနာပြီး စစ်ကြောင်းတွေ ဆုတ်ခွာထွက်ပြေးသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။