Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာချိန် စစ်တပ်က တောင်ပြုံးပွဲ ကျင်းပဖို့ စီစဉ်နေ

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေချိန်မှာပဲ အာဏာသိမ်းစစ်တပ်က တောင်ပြုံးပွဲတော်ကို ကျင်းပဖို့ စီစဉ်နေပါတယ်။

(ယမန်နှစ်က ကျင်းပခဲ့သည့် တောင်ပြုံးပွဲအား တွေ့ရစဥ်။ ဓာတ်ပုံ-Screen Grab)

ဇူလိုင် ၂၁၊ ၂၀၂၆ ဟာနာဆန်/People’s Spring

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေချိန်မှာပဲ အာဏာသိမ်းစစ်တပ်က တောင်ပြုံးပွဲတော်ကို ကျင်းပဖို့ စီစဉ်နေပါတယ်။

မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာမှာ ကျင်းပလေ့ရှိတဲ့ တောင်ပြုံးပွဲကို လာမယ့် ဩဂုတ် ၂၁ ရက်ကနေ ၂၈ ရက်အထိ ကျင်းပသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပွဲတော်ကျင်းပရေးကော်မတီက နိုင်ငံပိုင်သတင်းစာတွေကနေ ကြေညာပါတယ်။

တောင်ပြုံးပွဲတော်ကို ကိုဗစ်ကာလမှာ ရပ်နားခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုက ပွဲတော်ကို မဖြစ်မနေ ကျင်းပခဲ့​​​​ပေမဲ့ မတ္တရာနယ်အတွင်းက တိုက်ပွဲတွေကြောင့် အကျဥ်းရုံးသာ ပြုလုပ်နိုင်ခဲ့ပါတယ်။လက်ရှိ ပွဲတော်ကျင်းပမယ့် တောင်ပြုံးနယ်မြေဒေသ အခြေအနေမှာ အေးချမ်းတည်ငြိမ်နေတယ်လို့ ပွဲတော်ကျင်းပရေးကော်မတီက ဝါဒဖြန့်ပါတယ်။

Public Service Announcement

Public Service Announcement

သို့သော် ပြီးခဲ့တဲ့ ဇွန်လ၂၇ရက်ကပဲ မတ္တရာမြို့နယ် အ​နောက်ခြမ်းက သဲအင်းရွာအစပ်နဲ့ ရှင်လှတောင်ရွာက စစ်တပ်စခန်းတွေကို မြို့နယ်ပကဖ၊ပြင်ဦးလွင်ခရိုင်တပ်ရင်း(၁)၊ မန္တ​လေးခရိုင် ပကဖတို့ ပါဝင်တဲ့ ပူးပေါင်းတပ်က တပြိုင်တည်း တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

“တောင်ပြုံးမှာက လူကိုမရှိတာ။ ပြည်သူ့စစ်တွေပဲရှိတယ်။ တချို့အိမ်တွေဆို ပျက်စီးနေတာ”လို့ တောင်ပြုံးကို သွားရောက်ခဲ့တဲ့ မန္တလေးမြို့ခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ တိုင်းပြည်အေးချမ်းသယောင်အခြေအနေကိုပြသဖို့ ပြီးခဲ့တဲ့နှစ် သီတင်းကျွတ်ကာလကစလို့ ပွဲတော်တွေကို အကြိမ်ကြိမ် အလီလီ ကျင်းပစေခဲ့တာပါ။

ဖြစ်ပွားခဲ့တဲ့ သဲအင်းရွာ တိုက်ပွဲမှာလည်း အာဏာသိမ်းစစ်တပ်ဘက်ကသေဆုံးမှု​တွေရှိခဲ့ပြီး စစ်သားတွေ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရှင်လှတောင်ရွာ တိုက်ပွဲမှာလည်း စစ်တပ်ဘက်က ​တချို့သာ အသက်ရှင်ကျန်ပြီး တပ်စွဲရာ နေရာကို အပြီးသိမ်းဖို့ ကြိုးစားချိန် စစ်တပ်က စစ်ကူတွေ ရောက်လာလို့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖက အသိပေးပါတယ်။

မတ္တရာမြို့နယ်အ​ရှေ့ဘက်ခြမ်းက စစ်တပ်စခန်း ၄၀ ​ကျော်ကို ရှမ်းမန်းစစ်ဆင်​ရေးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-(MDY PDF)က သိမ်းပိုက်ခဲ့ပါတယ်။စစ်တပ်က ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ပြန်လည်ထိုးစစ်ဆင်လာချိန် တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာပေးခဲ့ရတာပါ။ အဲဒီလို ဆုတ်ခွာပေးခဲ့ရပြီးနောက် ပကဖ၊ PDF ပူးပေါင်းတပ်တွေက စစ်တပ် တပ်စွဲရာ ကျေးရွာ နှစ်ခုကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

မန္တလေး PDFအနေနဲ့လည်း ပြီးခဲ့တဲ့ လတွေအတွင်းမှာ တပ်တွင်း စွမ်းရည်မြှင့်သင်တန်းတွေ ကျင်းပနိုင်ခဲ့ပြီး အခုအခါ မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး စစ်ဆင်ရေးများ အပြည့်အ၀ အဖော်ဆောင်သွားမှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ၅ရက်က ထုတ်ပြန်ထားပါတယ်။

တောင်ပြုံးနဲ့အနီးတစ်ဝိုက်က ကျေးရွာတွေကို စစ်ကောင်စီက စိုးမိုးထားဆဲဖြစ်ပြီး ပွဲတော်လာပြည်သူတွေကိုလည်း စစ်ဆေးငွေညှစ်တာတွေ ပြုလုပ်​​လေ့ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လင်မယား ၂ဦး ထိမှန်ပြီး ဇနီးဖြစ်သူ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊လေးကေ့ကော်မြို့သစ် အနောက်ဘက်ရှိ ရဲကုန်းအနီးမှာ ဒီကနေ့ (ဇူလိုင် ၂၁ရက်)ကတနေကုန်တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်တပ်ကသေဆုံး ဒဏ်ရာရသူ​တွေများပြီးစစ်​ကြောင်းအကြိမ်ကြိမ် လန်ကျ​နေတယ်လို့လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ကြက်တူရွေးရွာကို စစ်တပ်က လက်နက်ကြီးဗုံးသီးတွေကို ဒရုန်းမှာ တပ်ကာ ဗုံးကြဲခဲ့တာမို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အမျိုးသမီးမှာ ပြင်းထန်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

Facebook