Connect with us

Hi, what are you looking for?

သတင်း

ဆောနဲ့ ထီးလင်းနယ်ကြားကို စစ်တပ်က လေကြောင်းကနေ အကြိမ် ၂၀ထက်မနည်း ဗုံးကြဲ

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

(၂၀၂၆ မတ်လက ထီးလင်းအ​ရှေ့ခြမ်း စစ်တပ်ဗုံးကြဲပြီး​နောက် အပျက်အစီး​တွေကို တွေ့ရစဥ်။ဓာတ်ပုံ-​ဒေသခံ )

ဇူလိုင်-၂၁၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

ဒီကနေ့(ဇူလိုင် ၂၁ ရက်) မနက် ၆ နာရီကစပြီး နေ့လယ် ၂ နာရီခန့်အထိ ဂျက်ဖိုက်တာ နဲ့ Y 12 တွေ သုံးပြီး အကြိမ် ၂၀ ထက်မနည်း ဗုံးကြဲတာတွေရှိနေတယ်လို့ ဆိုပါတယ်။

ဆောမြို့နယ်၊ကျောက်ထုမြို့ အမြောက်တပ်ကထွက်လာတဲ့ အင်အား ၂၀၀ကျော်ပါ စစ်တပ်စစ်ကြောင်း ရှေ့တိုးနိုင်ဖို့ လေကြောင်းကနေ ပစ်ကူပေးနေတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဂျက်ဖိုက်တာ ၂စီးနဲ့ ၂ကြိမ် Y 12 နဲ့ လာတာ နှစ်ခါ။အခုနေ့လယ် ၃ နာရီ၀န်းကျင်မှာလည်း Y8 နဲ့ကျောက်ထုကွင်းထဲ အထုတ်ချနေတယ်”လို့ ယောဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဟာ လက်တလော ကျောက်ထုမြို့ ကြီးရွာမှာတပ်စွဲထားပြီး ရွှေအောင်သာကျေးရွာဘက်ကို စစ်ကြောင်းတက်နိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းဟာ ထီးလင်မြို့နဲ့ (၁၀)ခန့်အကွာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ရွှေအောင်သာရွာကို ပြန်လည်စိုးမိုးဖို့စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က ဇူလိုင် ၂၀ရက် မွန်းလွဲပိုင်းမှာ လည်း ကျောက်ထုနဲ့ ထီးလင်းမြို့နယ်အစပ် နေရာတွေကို လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျောက်ထု အမြောက်တပ်က လက်နက်ကြီး၊ ဒရုန်းတွေ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့လည်း ဒေသခံက ပြောထားပါတယ်။

ရွှေအောင်သာကျေးရွာဟာ ချင်းတောင်ပိုင်းက မင်းတပ်၊ ယောဒေသ ထီးလင်းနဲ့ ကျောက်ထု ဆုံရာ ဆက်သွယ်ရေးလမ်းကြောင်းအရ အရေးပါတဲ့ နေရာမှာ ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။

စစ်တပ်ဟာ ချင်းတောင်ပိုင်းက မင်းတပ် ၊ ကန်ပက်လက်မြို့တွေနဲ့ ချင်း-မကွေးအစပ် ယောဒေသ နေရာတွေကို ထိန်းချုပ်နိုင်ဖို့ မေလလယ်ကစပြီး စစ်အင်အားထောင်ချီအသုံးပြု ထိုးစစ်ဆင်တာမှာတိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေမှာ စစ်တပ်အထိနာပြီး လေကြောင်းပစ်ကူပေးတိုက်ခိုက်တာတွေလည်း နေ့စဉ်နီးပါးရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook