Connect with us

Hi, what are you looking for?

သတင်း

ဆောနဲ့ ထီးလင်းနယ်ကြားကို စစ်တပ်က လေကြောင်းကနေ အကြိမ် ၂၀ထက်မနည်း ဗုံးကြဲ

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

(၂၀၂၆ မတ်လက ထီးလင်းအ​ရှေ့ခြမ်း စစ်တပ်ဗုံးကြဲပြီး​နောက် အပျက်အစီး​တွေကို တွေ့ရစဥ်။ဓာတ်ပုံ-​ဒေသခံ )

ဇူလိုင်-၂၁၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

ဒီကနေ့(ဇူလိုင် ၂၁ ရက်) မနက် ၆ နာရီကစပြီး နေ့လယ် ၂ နာရီခန့်အထိ ဂျက်ဖိုက်တာ နဲ့ Y 12 တွေ သုံးပြီး အကြိမ် ၂၀ ထက်မနည်း ဗုံးကြဲတာတွေရှိနေတယ်လို့ ဆိုပါတယ်။

ဆောမြို့နယ်၊ကျောက်ထုမြို့ အမြောက်တပ်ကထွက်လာတဲ့ အင်အား ၂၀၀ကျော်ပါ စစ်တပ်စစ်ကြောင်း ရှေ့တိုးနိုင်ဖို့ လေကြောင်းကနေ ပစ်ကူပေးနေတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဂျက်ဖိုက်တာ ၂စီးနဲ့ ၂ကြိမ် Y 12 နဲ့ လာတာ နှစ်ခါ။အခုနေ့လယ် ၃ နာရီ၀န်းကျင်မှာလည်း Y8 နဲ့ကျောက်ထုကွင်းထဲ အထုတ်ချနေတယ်”လို့ ယောဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဟာ လက်တလော ကျောက်ထုမြို့ ကြီးရွာမှာတပ်စွဲထားပြီး ရွှေအောင်သာကျေးရွာဘက်ကို စစ်ကြောင်းတက်နိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းဟာ ထီးလင်မြို့နဲ့ (၁၀)ခန့်အကွာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ရွှေအောင်သာရွာကို ပြန်လည်စိုးမိုးဖို့စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က ဇူလိုင် ၂၀ရက် မွန်းလွဲပိုင်းမှာ လည်း ကျောက်ထုနဲ့ ထီးလင်းမြို့နယ်အစပ် နေရာတွေကို လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျောက်ထု အမြောက်တပ်က လက်နက်ကြီး၊ ဒရုန်းတွေ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့လည်း ဒေသခံက ပြောထားပါတယ်။

ရွှေအောင်သာကျေးရွာဟာ ချင်းတောင်ပိုင်းက မင်းတပ်၊ ယောဒေသ ထီးလင်းနဲ့ ကျောက်ထု ဆုံရာ ဆက်သွယ်ရေးလမ်းကြောင်းအရ အရေးပါတဲ့ နေရာမှာ ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။

စစ်တပ်ဟာ ချင်းတောင်ပိုင်းက မင်းတပ် ၊ ကန်ပက်လက်မြို့တွေနဲ့ ချင်း-မကွေးအစပ် ယောဒေသ နေရာတွေကို ထိန်းချုပ်နိုင်ဖို့ မေလလယ်ကစပြီး စစ်အင်အားထောင်ချီအသုံးပြု ထိုးစစ်ဆင်တာမှာတိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေမှာ စစ်တပ်အထိနာပြီး လေကြောင်းပစ်ကူပေးတိုက်ခိုက်တာတွေလည်း နေ့စဉ်နီးပါးရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။