Connect with us

Hi, what are you looking for?

News

မုံရွာ-မန္တ​လေးလမ်းတွင် စစ်​ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရ ၊၁၂ ဦးခန့်​သေဆုံးနိုင်

စစ်ကောင်စီတပ်သားများသည် မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ရမ်းသမ်းပစ်ခတ်မှုများလည်းရှိခဲ့ပြီး အခင်းဖြစ်ရာဝန်းကျင်ရှိ ရွာသားအချို့ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများကပြောသည်။

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ယနေ့နေ့လယ်ပိုင်းက အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး ၁၂ ဦးခန့်သေဆုံးနိုင်ကြောင်း Black Eagle Defence Force-MMUက သတင်းထုတ်ပြန် သည်။

ယနေ့ (ဒီဇင်ဘာလ ၂၁ ရက်) နေ့လယ် ၁နာရီ ၁၅ မိနစ်ခန့်က စစ်ကိုင်းမှ မုံရွာဘက်သို့သွားသော ကား ၆စီးပါ စစ်ကောင်စီ ယာဥ်တန်းအား မုံရွာ-မန္တလေးလမ်းပေါ် မြင်းမူမြို့ နယ် ဝမ်းပြည့်ကျေးရွာနှင့် အာလ္လကပ္ပ ကျေးရွာကြားတွင် မိုင်းဖောက်ခွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၂ ဦးခန့်သေဆုံးနိုင်ပြီး မိမိတို့ဘက်မှ အကျအဆုံးထိခိုက်မှုမရှိကြောင်း Black Eagle Defence Force-MMUက အသိပေးသည်။

အဆိုပါတိုက်ခိုက်မှုအား မဟာမိတ်များပူးပေါင်းစစ်ဆင်ရေးအဖြစ် မြင်းမူမြို့ Black Eagle Defence Force-MMU အဖွဲ့ ဦးဆောင်ပြီး Myin Mu Defence Force- MMDF ၊ မြင်းမူလျှပ်စီး ပျောက်ကြားအဖွဲ့ ၊ People’s Defence Force Myinmu- MMUPDF ၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ -CDSOM စသည့် မဟာမိတ်အဖွဲ့(၅) ဖွဲ့တို့က ပူး​ပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သားများသည် မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ရမ်းသမ်းပစ်ခတ်မှုများလည်းရှိခဲ့ပြီး အခင်းဖြစ်ရာဝန်းကျင်ရှိ ရွာသားအချို့ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“ပေါက်ကွဲပြီးတော့ အဲ့ဒီနှစ်ရွာကြားမှာနေတဲ့တောင်သူလေးတွေအဖမ်းခံရတယ် ၅ ယောက်ပါသွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရသွားသည့် တပ်သားများလည်းရှိပြီး အသေးစိတ်မသိရသေးကြောင်း၊ ကားတစ်စီးမှဆက်၍ သွားမရအောင်ပျက်စီးသွားသဖြင့် ရပ်တန့်ထားရသည်ကိုတွေ့ရကြောင်း ဒေသခံများက ပြောသည်။

ယ​နေ့တွင် မုံရွာ-မန္တ​လေးလမ်း၌ ပြည်သူများ၏ကားများ ယ​နေ့ ဖြတ်သန်းသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။