Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်ဒေသ စစ်ရှောင်အရေးဆောင်ရွက်သူ လူငယ် ၃ဦး စစ်တပ်သတ်ဖြတ်ခဲ့မှုအတွက် ဝမ်းနည်းကြောင်း ထားဝယ်ခရိုင်သပိတ်ကော်မတီ ထုတ်ပြန်

ထားဝယ်ဒေသအတွင်း လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူငယ် ၃ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကြားသိရတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

(စစ်ကော်မရှင်ရဲ့ အတုအယောင်အစိုးရအဖွဲ့ အလိုမရှိကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က ၂၀၂၆ ဧပြီ ၁၀ရက်မှာ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ချီတက်ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - DDMSC)

ဇူလိုင် ၂၂၊ ၂၀၂၆။ People’s Spring

ထားဝယ်ဒေသအတွင်း လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူငယ် ၃ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကြားသိရတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ကွယ်လွန်သွားသူတွေဟာ ပုရွက်ဆိတ်ကလေးများ – လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (THE ANTS – Humanitarian Aid Team) ဦးဆောင်သူတွေဖြစ်တဲ့ ကိုအောင်ဇော်ဖြိုး(ခ) ကိုအသာ၊ ကိုဝေယံအောင်(ခ) Leonနဲ့ ကိုအောင်မြတ်သူ(ခ) ကိုသားငယ် တို့ ဖြစ်ပြီး ထားဝယ် အထူးစီးပွားရေးဇုန် နဘုလယ်ဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဇူလိုင် ၉ရက်မှာ ဖမ်းဆီးသတ်ဖြတ်ခဲ့တာပါ။ ဖမ်းဆီးခံရပြီး ရသတ္တပတ်နီးပါးအကြာမှ သတ်ဖြတ်ခံရတာကို သိရတာလည်းဖြစ်ပါတယ်။

သူတို့ ၃ဦးဟာ ဒေသတွင်း လိုအပ်ချက်တွေဖြစ်တဲ့ စစ်ရှောင်အရေး၊ ပညာရေးလုပ်ငန်းများကို အစဥ်တစိုက် ဆောင်ရွက်ခဲ့ကြသူများဖြစ်တဲ့အပြင် တဖက်မှာလည်း ဘဝတက်လမ်းအတွက် ပညာသင်ကြားခွင့်ရရေး အားသွန်ခွန်စိုက် ကြိုးပမ်းနေ ကြတဲ့ လူငယ်များ ဖြစ်တာမို့ အခုလို သတ်ဖြတ်ခံရမှု အပေါ် ယူကြုံးမရ ဖြစ်ရတယ်လို့ ထားဝယ်ခရိုင် သပိတ်ကော်မတီရဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာမှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒေသအကျိုး အားသွန်ခွန်စိုက် ထမ်းဆောင်ရင်း ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရတာဖြစ်ပြီး အခုလို ဆုံးရှုံးမှုဟာ ထားဝယ်ဒေသအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လူသားအရင်းအမြစ် ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ ဖော်ပြကာ သူတို့ သုံးဦးရဲ့ ကျန်ရစ်သူမိသားစုဝင်တွေ The Ants အဖွဲ့သားတွေနဲ့အတူ အထူးဝမ်းနည်းကြေကွဲရတယ်လို့ သဝဏ်လွှာပေးပို့ပါတယ်။

အဲဒီ လူငယ် ၃ဦး သတ်ဖြတ်ခံရမှုအပေါ် ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကလည်း ဇူလိုင် ၂၁ရက်မှာ ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ပါတယ်။

လူငယ် ၃ဦးကို ဆုံးရှုံးရမှုဟာ မိသားစုများနဲ့ THE ANTS အဖွဲ့သားများအတွက်သာမက ထားဝယ်ဒေသ စစ်ဘေးရှောင်အရေး၊ ပညာရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးကိစ္စရပ်များနဲ့ တော်လှန်ရေးအတွက်လည်း ကြီးမားသော ဆုံးရှုံးမှုများဖြစ်ကြောင်း ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ဆိုပါတယ်။

အဲဒီလူငယ်တွေရဲ့ လူသားဂုဏ်သိက္ခာ၊ မျှော်လင့်ချက်နဲ့ အနာဂတ်အတွက်ပေးဆပ်ခဲ့သော စိတ်ဓာတ်နဲ့ လုပ်ရပ်တွေဟာ တော်လှန်ရေးစာမျက်နှာတွေအပေါ်မှာ ထာ၀ရ မှတ်တမ်း ကျန်ရစ်နေမယ်လို့ဖော်ပြပြီး အသက်နဲ့ ခန္ဓာ ပေးဆပ် တော်လှန်ရေးတာဝန်တွေ ကျေပွန်ခဲ့တဲ့ ဖြတ်သန်းမှုတွေကို အမြဲ အောက်မေ့နေမယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကသဝဏ်လွှာပေးပို့ခဲ့ပါတယ်။

The Ants အဖွဲ့က လူငယ်တွေ သတ်ဖြတ်ခံရမှုအပေါ် ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ရာ ကျဆုံးခဲ့သူ သုံးဦးရဲ့ ကိုယ်ကျိုးမဖက် ဆောင်ရွက်ခဲ့မှုတွေကို ဂုဏ်ယူစွာ အမှတ်ရနေမယ်လို့ ဖော်ပြခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေး ဇုန်ဒေသကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဇူလိုင် ဒုတိယပတ်ကနေ ဒီကနေ့အထိ ဒေသတွင်း ကျေးရွာတွေက ပြည်သူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ ပြည်သူပိုင်ပစ္စည်းတွေကို ယူဆောင်တာတွေ ကျူးလွန်နေတယ်လို့ ဒေသတွင်း သတင်းတွေက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook