Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ ရွှေကူမြို့က ရွှေဆိုင်ဓားပြတိုက်ခံရ

စစ်တပ်ထိန်းချုပ်ထားတဲ့ ရွှေကူမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး တရားခံတွေ ထွက်ပြေး လွတ်မြောက်သွားပါတယ်။

ဇူလိုင်-၂၂၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်တပ်ထိန်းချုပ်ထားတဲ့ ရွှေကူမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး တရားခံတွေ ထွက်ပြေး လွတ်မြောက်သွားပါတယ်။

ရွှေကူမြို့၊ အမှတ်(၂)စာသင်ကျောင်းရှေ့က ရွှေဆိုင်တစ်ဆိုင် ဇူလိုင် ၂၁ရက် ညနေပိုင်းမှာ ဓားပြတိုက်ခံရတာ ဖြစ်ပါတယ်။

” လူ ၂ယောက်တည်းလာတာ။ ညနေမိုးမချုပ်သေးဘူး။ ထင်ထင်မြင်မြင်ရှိချိန်ကြီး ဓားပြတိုက်တာ။ သေနတ်ပါတယ်။ ရွှေတွေယူသွားပြီးတော့ မြို့ထဲဘက်ကိုပြန်သွားတာ”လို့ ရွှေကူမြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရွှေဆိုင်ကနေ ကျပ်သိန်း ၂၀၀၀ခန့် တန်ကြေးရှိတဲ့ရွှေထည်တွေ ဓားပြတိုက်ခံလိုက်ရပြီး တရားခံတွေကို ဒီနေ့ ဇူလိုင် ၂၃ရက်အထိ ဖမ်းမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။

” ရွှေကူကိုဝင်လာတဲ့စစ်ကြောင်းနဲ့အတူ လူစိမ်းတွေအများကြီးပါလာတယ်။ စစ်တပ်ဘက်က လာပြီး ဓားပြတိုက်တာလို့ ပြောနေကြတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်

ရွှေကူမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လဆန်းကစတင်ပြီး တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပါတယ်။မြို့အတွင်း တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊KPDFက ဝိုင်းပိတ်တိုက်ခိုက်ဖို့ကြိုးစားနေပြီး မြို့အနီးမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

ရွှေကူမြို့ခံတွေဘေးလွတ်ရာ ကြိုတင်တိမ်းရှောင်ကြဖို့ KIA ကဇွန်လ ၈ရက်မှာ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ စစ်တပ်ကမြို့ကို ပိတ်ဆို့ပြီး အရပ်သားတွေကို ထွက်ခွင့်မပေးခဲ့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

စစ်တပ်က ရွှေကူမြို့ထဲကနေ ထွက်ပြီး စစ်ကြောင်းထိုးဖို့ကြိုးပမ်းနေပေမယ့် ရှေ့မတိုးနိုင်ဘဲ ပြန်ဆုတ်သွားသလို မြို့ထဲမှာ အခိုင်မာတပ်စွဲထားဆဲဖြစ်တယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထားဝယ်ဒေသအတွင်း လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူငယ် ၃ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကြားသိရတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်မှာ ၁လအတွင်း စစ်တပ်စစ်ကြောင်းက ပြည်သူ ၂၄ ဦးထက်မနည်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်သွားကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လင်မယား ၂ဦး ထိမှန်ပြီး ဇနီးဖြစ်သူ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ကြက်တူရွေးရွာကို စစ်တပ်က လက်နက်ကြီးဗုံးသီးတွေကို ဒရုန်းမှာ တပ်ကာ ဗုံးကြဲခဲ့တာမို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အမျိုးသမီးမှာ ပြင်းထန်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook