Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်နဲ့ ငြိမ်းချမ်းရေးကိစ္စ အခွင့်အလမ်းကောင်း ရှိနေဆဲလို့ ထရမ့်ပြော

အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်ဖို့ အကောင်းမြင် မျှော်လင့်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်ဖို့ အကောင်းမြင် မျှော်လင့်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ အီရန်ကြား နှစ်ပတ်လောက်ကြာအောင် နေ့စဉ် တိုက်ခိုက်နေခဲ့မှုတွေ ပြန်လည် ရပ်တန့်ပြီး အခြေအနေတွေ ငြိမ်သက်နေတာ ၃ ရက်လောက်အကြာ ဇူလိုင် ၂၇ ရက်နေ့မှာ ထရမ့်က အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဟောမုဇ် ရေလက်ကြားမှာ ဖြတ်သန်းခုတ်မောင်းနေတဲ့ အရပ်ဖက် ကုန်တင်ရေယာဉ်တွေကို အီရန်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့နောက် အမေရိကန်က အီရန်ပိုင်နက်ထဲမှာရှိတဲ့ စစ်ရေးပစ်မှတ်တွေနဲ့ အခြေခံ အဆောက်အအုံတွေကို ၁၃ ညဆက်တိုက် ဗုံးကြဲခဲ့ပါတယ်။ အီရန်ကလည်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် စစ်စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လက်တုံ့ပြန် ပစ်ခတ်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေဟာ ဇူလိုင် ၂၄ ရက်နေ့ ညပိုင်းကစပြီး ရပ်တန့်သွားခဲ့တာ ဖြစ်ပါတယ်။ အီရန်နဲ့ အမေရိကန်ကြားက အပစ်ရပ် သဘောတူညီမှုဟာ ပျက်ပြယ်သွားခဲ့ပြီ ဖြစ်ပေမယ့် ထရမ့်ကတော့ အခြေအနေတွေ ပြန်လည် ကောင်းမွန်လာအောင် ညှိနှိုင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၇ ရက်နေ့က သမ္မတ စီးတော်လေယာဉ် Air Force Oneပေါ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ထရမ့်က သူဟာ စိတ်ရှည်လက်ရှည် ရှိနေကြောင်း၊ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ဖို့ လိုကြောင်း၊ တစ်ခုခု အပြောင်းအလဲ ဖြစ်လာဖို့ အခွင့်အရေးကောင်းတွေ ရှိနေတယ်လို့ သူထင်ကြောင်း မှတ်ချက်ပေးသွားပါတယ်။

အီရန်ဖက်ကတော့ အမေရိကန်ဆီက ဗုံးကြဲမှုတွေ ရပ်ထားသ၍ အရှေ့အလယ်ပိုင်း ဒေသမှာ တိုက်ခိုက်မှုတွေ ဆက်လုပ်မှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်နေတယ် ဆိုတာကိုတော့ အီရန် အစိုးရက ငြင်းဆိုထားပါတယ်။

ကြားလူအဖြစ် ညှိနှိုင်းပေးနေသူတွေက လက်ရှိ ဒေသတွင်း အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန်ဆီက သတင်းစကားတွေကို ယူဆောင်လာပေးတာတွေ ရှိနေကြောင်း၊ ဒါပေမဲ့ လက်ရှိမှာတော့ အီရန်ဟာ အမေရိကန်နဲ့ တိုက်ရိုက်ဆွေးနွေးမှု ဘာမှ မရှိကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အက်စ်မေးလ် ဘက်ကိုင်းက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ မစ်ချီဂန်မှာ ပြောကြားတဲ့ မိန့်ခွန်းတစ်ခုမှာတော့ ထရမ့်က အီရန်ဟာ အမေရိကန်နဲ့ သဘောတူညီမှု တစ်ခုခု ရယူနိုင်ဖို့ ညှိနှိုင်းနေကြောင်း ထည့်ပြောသွားပါတယ်။ အမေရိကန်ဟာ ခဲယမ်းမီးကျောက် လျော့ပါးလာမှုကြောင့် အီရန်မှာ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းထားတာဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့လည်း ထရမ့်က အမေရိကန်ဆီမှာ ခဲယမ်းတွေ အများကြီး ရှိကြောင်း၊ အလယ်အလတ်အဆင့် လက်နက်တွေလည်း အများကြီး ရှိနေသေးကြောင်း၊ ဘယ်လို အခြေအနေမှာဖြစ်ဖြစ် အရင်က ထုတ်မသုံးဖူးတဲ့ ပမာဏထက်ကို ပိုသုံးနိုင်လောက်မယ့် ခဲယမ်းလက်နက်တွေ အမေရိကန်က ပိုင်ဆိုင်ထားဆဲဖြစ်ကြောင်း တုံ့ပြန်သွားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်က ဗုံးကြဲနေတာတွေကို ရပ်နားထားသ၍ အရှေ့အလယ်ပိုင်းမှာ တိုက်ခိုက်မှု အားလုံးကို ဆိုင်းငံ့ထားမယ်လို့ အီရန်ဖက်က စကားကမ်းလှမ်းလာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကို အကူအညီ ပေးတာမျိုး လုံးဝ မလုပ်ကြဖို့ ရုရှားနဲ့ တရုတ်ကို ရည်ရွယ်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

နိုင်ငံတကာ

ကုန်သွယ်ဖက် နိုင်ငံတွေနဲ့ အစုအဖွဲ့တွေ စုစုပေါင်း ၆၀ လောက်ကို အမေရိကန်က သွင်းကုန်အခွန်အခ စည်းကြပ်မှု အသစ်တွေ သတ်မှတ် ပြဋ္ဌာန်းလိုက်ပါတယ်။

Facebook