Connect with us

Hi, what are you looking for?

သတင်း

ဟားခါးမြို့မှာစစ်သားတစ်ဦးလက်နက်နဲ့အတူ CDF ဟားခါးထံခိုလှုံ

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

ဇူလိုင် – ၂၈ ၊၂၀၂၆ /People’s Spring

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဲဒီစစ်သားဟာဟားခါးမြို့ ၊ ရုန်းတောင်ပေါ်မှာတပ်စွဲထားတဲ့ အမှတ်​( ၂၆၆) ခြေလျင်တပ်ရင်းကဖြစ်ပြီး အာဏာသိမ်းစစ်တပ်မှာ ဆက်လက် တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့တဲ့အတွက် သူ့ကိုင်ဆောင်တဲ့သေနတ်ယူလာပြီး ခိုလှုံလာတာပါလို့သိရပါတယ်။

သေနတ်နဲ့အတူ ကျည်အိမ် သုံးခု နဲ့ ကျည်ဆံ ၁၅၀ ပါလာတယ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

CDF ဟားခါးထောက်ပို့အဖွဲ့ကတော့ဟားခါးမြို့မှာရှိတဲ့အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်ထဲမှာဘက်ပြောင်းခိုလှုံချင်ကြပေမယ့်အခွင့်မသာတာကြောင့် ထွက်မပြေးနိုင်ကြတာလို့ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်ကလည်းဟားခါးမြို့ဆီရောက်နေတဲ့တပ်မ (၇၇)က တပ်သား နှစ်ဦးလည်း CDF – Hakha အဖွဲ့ဆီ ခိုလှုံခဲ့ပါတယ်။

စစ်တပ်ကိုစွန့်ခွာပြီးအချိန်မရွေးခိုလှုံနိုင်သလိုပူးပေါင်းလာသူတွေကို လုံခြုံတဲ့နေရာတွေအထိတာဝန်ယူပို့ဆောင်ပေးမှာဖြစ်တယ်လို့ CDFဟားခါး ကလည်းအသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တက်တဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘောပေါ်ပါ စစ်သားတွေ ရေစီးနဲ့မျောပါလာတာကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူ-ဗန်းမော်ကြားအလံဖြူထောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ​ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လုံခြုံဘေးကင်းရာ ပို့ဆောင်​ပေးခဲ့ရ​ကြောင်း စစ်​ရေးသတင်းရင်းမြစ်​​တွေက ​ပြောပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။