Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်က အငိုက်ဖမ်းပြီး ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် စွပ်စွဲ

အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန် တပ်တွေကို အီရန်က အငိုက်ဖမ်း တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန် တပ်တွေကို အီရန်က အငိုက်ဖမ်း တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဇူလိုင် ၂၈ ရက်နေ့တုန်းက အီရန်ဟာ အမေရိကန်ဖက်ကို ပဲ့ထိန်းဒုံးကျည် အရေအတွက် တချို့ ပစ်ခတ်ခဲ့ပြီး အားလုံးကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း အမေရိကန် ဗဟို စစ်ဌာနချုပ် (CENTCOM)က ပြောပါတယ်။

အမေရိကန်နဲ့ အီရန်တို့ကြား တကျော့ပြန် တိုက်ခိုက်မှုတွေ နှစ်ပတ်လောက် ဖြစ်ပွားခဲ့ပြီးတဲ့နောက် ၃ ရက်ဆက်တိုက် ပြန်လည် ငြိမ်သက်နေရာက အခုသတင်း ထွက်ပေါ်လာတာပါ။ အကျိုးဆက်အဖြစ် နှစ်ဖက် စစ်ရေးတင်းမာမှုတွေ ထပ်မံ ဆိုးရွားလာဦးမှာကို စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။

အီရန်က အငိုက်ဖမ်း တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က ပြောပေမယ့် ဘယ်နေရာတွေကို ပစ်မှတ်ထားခဲ့တာလဲ ဆိုတာကိုတော့ အသေးစိတ် မှတ်ချက် မပေးခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၈ ရက်နေ့မှာပဲ အမေရိကန်နဲ့ ဆော်ဒီအာရေးဘီးယားတို့ ပူးပေါင်းပြီး အီရတ်နိုင်ငံ ပိုင်နက်ထဲမှာ လှုပ်ရှားနေပြီး အီရန်နဲ့ ဆက်နွှယ်ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ မူရင်း ထုတ်ပြန်ချက်မှာတော့ အဲဒီအဖွဲ့တွေကို အကြမ်းဖက် အဖွဲ့တွေလို့ CENTCOMက သုံးနှုန်းထားပါတယ်။ ဒီစစ်ဆင်ရေးဟာ အီရန်က ညွှန်ကြားတဲ့အတိုင်း အဲဒီ အဖွဲ့တွေက လုပ်ဆောင်ပြီး ဆော်ဒီကို ပစ်မှတ်ထားခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို လက်တုံ့ပြန်ခြင်း ဖြစ်တယ်လို့လည်း CENTCOMက ဆိုပါတယ်။

အီရတ်နိုင်ငံ အရှေ့ပိုင်းမှာ ရှိနေတဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ လက်နက်ရုံတွေနဲ့ ထောက်ပံ့ပို့ဆောင်ရေး စခန်းတွေကို ဆော်ဒီစစ်တပ်နဲ့ ပူးပေါင်းပြီး အောင်အောင်မြင်မြင် ဖျက်ဆီးနိုင်ခဲ့တယ်လို့ CENCOMက ကြေညာခဲ့ပါတယ်။

အီရန်ကတော့ အမေရိကန်ကို အငိုက်ဖမ်း တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုရော၊ အီရတ်မှာ အမေရိကန်-ဆော်ဒီ ပူးပေါင်း စစ်ဆင်ရေး လုပ်ဆောင်ခဲ့တဲ့ ကိစ္စကိုပါ ဘာသဘောထား မှတ်ချက်မှ မပေးသေးဘဲ နှုတ်ဆိတ်နေပါတယ်။

အစောပိုင်းတုန်းကတော့ ဆော်ဒီ ကာကွယ်ရေး ဝန်ကြီးဌာနက နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ ရေနံချက် စက်ရုံတွေဆီ ပျံသန်းလာတဲ့ ဒရုန်းတချို့ကို ကြားဖြတ် ပစ်ချခဲ့ရကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီ ဒရုန်းတွေကို အီရတ် ပိုင်နက်ထဲက အီရန်မဟာမိတ် လက်နက်ကိုင် အဖွဲ့အစည်းတွေက ပစ်လွှတ်ခဲ့တာလို့လည်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် တာကီ အယ်လ် မာလီကီက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

Facebook