Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းနဲ့ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း လက်ခံတွေ့ဆုံခဲ့တဲ့ ထရမ့်

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

ဓာတ်ပုံ - Getty

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

ဇူလိုင် ၂၈ ရက်နေ့တုန်းက ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး၊ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုတို့နဲ့ ထရမ့်ကြားက တွေ့ဆုံမှုတွေဟာ အပေါင်းလက္ခဏာဆန်ပြီး အပြုသဘော ရလဒ်တွေ ထွက်ပေါ်ခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

ဇီလန်စကီးနဲ့ နေတန်ညာဟုတို့ဟာ အထက်လွှတ်တော်အမတ် လင်းဆေး ဂရေဟမ်ရဲ့ နာရေးအတွက် ဝါရှင်တန်ဒီစီကို ရောက်ရှိနေရင်း ထရမ့်နဲ့လည်း တွေ့ဆုံခဲ့တာပါ။ အစ္စရေးအတွက် အမာခံ အားပေး ထောက်ခံသူလည်းဖြစ်၊ ယူကရိန်းဆီ အမေရိကန် စစ်ရေး အကူအညီတွေပေးဖို့ အဓိက တောင်းဆိုခဲ့သူ တစ်ဦးလည်းဖြစ်တဲ့ ဂရေဟမ်ဟာ လဆန်းပိုင်းတုန်းက ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ – Getty

ထရမ့်နဲ့ တွေ့ဆုံတဲ့အခါ ဇီလန်စကီးက ယူကရိန်း အနေနဲ့ နိုင်ငံရဲ့ လေကြောင်း ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ရာမှာ အမေရိကန်ဆီက ထိရောက်တဲ့ အကူအညီတွေ ရရှိနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ထရမ့်က ဆွေးနွေးမှု အကြောင်းအရာ အသေးစိတ်ကို မပြောခဲ့ပေမယ့်လည်း အဲဒီ တံခါးပိတ် ဆွေးနွေးမှုဟာ အရမ်း ကောင်းမွန်ခဲ့တယ်လို့ လူမှုကွန်ရက်ပေါ်မှာ ခပ်တိုတို ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ အမေရိကန်လုပ် Patriot လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေကို ယူကရိန်းအတွက် ထုတ်လုပ်ခွင့် လိုင်စင် ပေးအပ်မယ်လို့ ပြောကြားထားပြီး ဇီလန်စကီးက အဲဒီ အစွမ်းထက် ဒုံးခွင်းဒုံးတွေကို နှစ်နိုင်ငံ ဖက်စပ်အဖြစ် ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ကြောင်း Fox သတင်းဌာနဆီ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်းရဲ့ မြို့ကြီးတွေကို ပဲ့ထိန်း ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာနေပြီး Patriotတွေဟာ အဲဒီဒုံးကျည်တွေကို ကြားဖြတ် ဟန့်တားနိုင်တဲ့ လေကြောင်းကာကွယ်ရေးစနစ် အနည်းအကျဉ်းထဲမှာ ပါဝင်ပါတယ်။

ဇီလန်စကီး ထွက်ခွာသွားပြီး မကြာခင်မှာပဲ နေတန်ညာဟုက အိမ်ဖြူတော်ဆီ ရောက်လာပြီး ထရမ့်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ အီရန်စစ်ပွဲရဲ့ ကြန့်ကြာနေမှု အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။ ထရမ့်နဲ့ နေတန်ညာဟုတို့ဟာ အစဉ်အလာအရ အရမ်းနီးကပ်တဲ့ မဟာမိတ်တွေ ဖြစ်ခဲ့ပေမယ့် လတ်တလောမှာတော့ သဘောထား ကွဲလွဲမှုတချို့ ရှိနေပါတယ်။

ထရမ့်က အီရန်စစ်ပွဲမှာ အစ္စရေးရဲ့ လုပ်ရပ်တချို့ကို လူသိရှင်ကြား ဝေဖန်ခဲ့သလို အစ္စရေးရဲ့ ပြိုင်ဘက် တူရကီနိုင်ငံဆီ F-35 အဆင့်မြင့် တိုက်လေယာဉ်တွေ ရောင်းချပေးဖို့လည်း စီစဉ်နေပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦး အိမ်ဖြူတော်မှာ တွေ့ဆုံမှုကတော့ အရမ်း ကောင်းမွန်ခဲ့တယ်လို့ ထရမ့်က လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။

အစ္စရေး မီဒီယာတွေက ဆက်သွယ် မေးမြန်းတဲ့အခါ နေတန်ညာဟုက သူနဲ့ ထရမ့်တို့ဟာ အီရန်က နျူကလီးယား လက်နက် လုံးဝ မပိုင်ဆိုင်စေဖို့နဲ့ တခြား ကိစ္စတွေအတွက် တူညီတဲ့ ရည်မှန်းချက်တွေ ရှိနေကြောင်း၊ အခုတွေ့ဆုံမှုဟာ အမေရိကန် သမ္မတနဲ့ စကားလက်ဆုံ ကျခဲ့ဖူးသမျှ အကောင်းဆုံးတစ်ခုဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

ပြီးတော့ အိမ်ဖြူတော်ရဲ့ ဘဲဥပုံရုံးခန်းထဲမှာ သူတို့နှစ်ဦး အတူတွဲထိုင်ရင်း ရိုက်ယူထားတဲ့ ဓာတ်ပုံကိုလည်း နေတန်ယာဟုက လူမှုကွန်ရက် မီဒီယာ Xမှာ မျှဝေထားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန် တပ်တွေကို အီရန်က အငိုက်ဖမ်း တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းရန်ကို ကြောက်လို့ ရုရှားဟာ ရေတပ်အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကို ၂ နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။