Connect with us

Hi, what are you looking for?

သတင်း

PDFကိုစိန်ခေါ်တဲ့ ရဲတပ်ဖွဲ့ဝင်ရဲ့မိဘ​တွေထံ သားအားထိန်းကြောင်းပေးဖို့ PDF​တွေသွား​ပြောပြီး​​​နောက်ရဲတစ်​တော့အ​ကောင်ပိတ်သွား

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

ဇူလိုင်-၃၀၊၂၀၂၆။ကတ်သရင်း/ People’s Spring

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

အထူးရဲကွန်မန်ဒို (ခွဲ-၃)ကဆိုတဲ့အာကြီး​(ခေါ်​) ကောင်းထက်ဖြိုးရဲ့ မိဘ​တွေထံ PDF ​တွေက သွား​ပြောပြီး​​​နောက် အဆိုပါရဲဟာ ထပ်မံမစိန် ခေါ်ရဲတော့ဘဲ တစ်တော့(Tik Tok) အကောင့် ကိုပါပိတ်ထားလိုက်ပြီဖြစ်ပါတယ်။

ရဲကွန်မန်ဒိုတပ်ခွဲ(၃)လို့ ရေးထားပြီး ကောင်းထက်ဖြိုး(ခေါ်)အာကြီး ဆိုတဲ့ရဲက နွားထိုးကြီးမြို့ အဝင်ဆိုင်းဘုတ်နားမှာ ဘီယာဗူးကိုင်ရင်း PDFမြင်းခြံခရိုင်တပ်ရင်း(၄-၁၀)တပ်ရင်းမှူး ကိုစိုးအောင်ရဲ့နာမည်တပ်ပြီး​တော့

Public Service Announcement

Public Service Announcement

“ဟေ့ကောင် စိုးအောင်။မင်းခေါ်လို့ ငါလာပြီ လေ။မင်းလာခဲ့။မင်းမလာလည်း စိတ်မပူနဲ့ မင်းရှိတဲ့ နေရာအထိ ငါလိုက်လာမှာ”လို့ ပြောထားတဲ့ ဗီဒီယိုဖိုင်ကိုတစ်​တော့မှာတင်ခဲ့ပါတယ်။

ဒါ့အပြင် ချောက်မြို့အနီးမှာ PDFရဲ ဘော် ၂၀ ဦးကိုစစ်တပ်စစ်​ကြောင်း​တွေကဖမ်းဆီး သတ်ဖြတ်ခဲ့တာကိုလည်း အောင်ပွဲခံ ပြီးPDF ​တွေကိုလှောင်ပြောင်ခဲ့ပါတယ်။

အဲဒီနောက် PDFမြင်းခြံခရိုင်တပ်ရင်း(၄-၁၀)တပ်ကရဲ ဘော်တွေကအဆိုပါရဲရဲ့မိဘ​တွေအိမ်ကိုသွားပြီးသားဖြစ်သူကို ထိန်း ကြောင်းပေးဖို့၊ပြည်သူနေအိမ် တွေမီးရှိူ့ဖျက်ဆီးတာ တွေဆက်မလုပ်ဖို့ နဲ့ ပြည်သူ တွေကို အကြမ်းဖက်သတ်ဖြတ်တာမျိုးမလုပ်ဖို့ထိန်း ကြောင်းပေး ဖို့သွား ရောက် ပြော‌‌ဆိုခဲ့တယ်လို့သိရပါတယ်။

“ဒီနေရာမှာ PDFရဲ့မိဘသာစစ်ကောင်စီမှာ မိတယ်‌‌ဆိုလို့ရင်အရှင်ထားမှာလည်းမဟုတ်သလို ပြန်လွတ်မှာလည်းမဟုတ်ဘူး။ဒါသေချာတဲ့အလုပ်။PDFကစစ်သားမိဘကိုမိတယ်ဆိုရင် ဖမ်းဆီးခွင့်လည်းမရှိဘူး။သတ်ဖြတ်ခွင့်လည်းမရှိဘူး။ဒါကျွန်တော်တို့ရဲ့ ဥပဒေ။ကျွန်တော်တို့လက်ကိုင်ထားတဲ့ ကျွန်‌တော်တို့ရဲ့စည်းမျဉ်း၊စည်းကမ်းပါပဲ”လို့ PDFမြင်းခြံခရိုင်တပ်ရင်း(၄-၁၀)တပ်ရင်းမှူးကိုစိုးအောင်ကပြောပါတယ်။

တော်လှန်ရေး စိုးမိုးနယ်မြေမှာ စစ်တပ်ကဗိုလ်မှူးကြီးတွေရဲ့ မိဘတွေနေထိုင်တာမျိုးရှိ ​ပေမယ့်တော်လှန်ရေး တပ်ဖွဲ့ဝင် တွေကဖမ်းဆီးအရေး ယူတာ တွေမရှိခဲ့ဘူးလို့ဆိုပါတယ်။ရဲတပ်သား ကောင်းထက်ဖြိုးရဲ့ မိဘ တွေကိုဖမ်းဆီး တာမျိုးတပ်ရင်းအနေနဲ့လုပ်မှာမဟုတ်ဘဲ ပြည်သူတွေစိတ်ဓာတ်မကျ အောင်တော်လှန်ရေး ဘယ်​လောက်လက်တံရှည်တာကိုပြသဖို့အတွက်ပဲ သွား ရောက် တွေ့ဆုံခဲ့တာလို့ ကိုစိုး​အောင်က​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့‌ ၀က်သည်းကန်အနီးက စစ်တပ် စစ်‌ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။