Connect with us

Hi, what are you looking for?

LuduNwayOo

News

ပေါက်နှင့်မြိုင်နယ်အစပ်တွင် စစ်​ကောင်စီတပ် တစ်ရက်တည်းငါးကြိမ်တိုက်ခိုက်ခံရပြီး ၂၀ခန့်​သေဟု ထုတ်ပြန်

မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်နှင့်မြိုင်နယ်အစပ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အားယမန်နေ့တစ်ရက်ထဲ ငါးကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၀ ခန့်သေဆုံးနိုင်ကြောင်း မြိုင် PDF က သတင်းထုတ်ပြန် သည်။

(စစ်​ကောင်စီတပ်ဖွဲ့ဝင်များစီးနင်းခဲ့​သော ဆိုင်ကယ်နှင့် သိမ်းဆည်းရမိ​သောပစ္စည်းအချို့ ဓါတ်ပုံ-မြိုင်PDF)

မြိုင် PDF သည် ပေါက်နယ်မှ တိမ်လွှာအဖွဲ့နှင့် ပူးပေါင်းကာ ယမန်နေ့(ဒီဇင်ဘာ ၂၁ ရက်) နံနက်ပိုင်းက မြိုင်နယ် ကမ်းပြိုလမ်းတွင် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ငါးယောက်ခန့်သေဆုံးသွားကြောင်း​ဖော်ပြထားသည်။ အလားတူ ပေါက်-ဇီးပြားလမ်းပိုင်းတွင် ဆိုင်ကယ် ၅ စီး ကားတစ်စီးဖြင့် လာသော စစ်တပ်နှင့်ရဲများကို မိုင်းဖြင့်တိုက်ခိုက်ရာ ၅ဦးခန့်သေဆုံးနိုင်ပြီး ဆိုင်ကယ်၅ စီး နှင့် ကျည် တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ရွာစင်လမ်းတွင်လည်း ရထားလမ်းအနီး မိုင်းကွင်းထဲရှိ စစ်တပ် အင်အား ၁၀၀ ခန့်အား တိုက်ခိုက်ရာ ၃ ဦးခန့် မြှောက်တက်ကာ အများအပြား ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(စစ်​ကောင်စီတပ်ဖွဲ့ဝင်များစီးနင်းခဲ့​သော ဆိုင်ကယ်နှင့် သိမ်းဆည်းရမိ​သောပစ္စည်းအချို့ ဓါတ်ပုံ-မြိုင်PDF)

ထိုအပြင်ညနေတွင်လည်း နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ဇီးပြားလမ်းပိုင်းနေရာတွင် လက်ကျန်မိုင်းများအား ရှင်းလင်းနေသော စစ်​ကောင်စီတပ်အား ထပ်မံတိုက်ခိုက်ခဲ့ရာ ရာထူးကြီးသူတစ်ယောက်အပါအဝင် ၁၀ ဦးခန့်သေဆုံးခဲ့သည်ဟု မြိုင် PDF က အသိပေးသည်။

“အရာရှိက မိုင်းကို အထူးအဆန်းလိုနေကြည့်တုန်း ဖောက်ခွဲခဲ့တာပါ”ဟု မြိုင် PDFက ပြောသည်။

ညပိုင်းတွင်လဲ သရက်ကန် ရဲစခန်းသို့ ရှော့ဒုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း မြိုင် PDFက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ယမန်နေ့က ၎င်းတို့ဘက်မှ အကျ အဆုံးများသဖြင့် ရဟတ်ယာဉ်ဖြင့် အင်အား ၁၀၀ ခန့်၊ နယ်မြေတွင်လည်း ၁၀၀ ခန့် လာရောက်ပို့သွားသည်ဟုသိရကြောင်း၊ မြေပြင်အနေအထားမှာ တိုက်ပွဲများပြင်းထန်လာနိုင်သဖြင့် မိဘပြည်သူများ၏ အကူအညီများလိုအပ်လာပါကြောင်းနှင့် စခများရန်မှ သတိထားနေထိုင်ကြပါရန် မြိုင် PDFက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။