Connect with us

Hi, what are you looking for?

News

ပေါက်နှင့်မြိုင်နယ်အစပ်တွင် စစ်​ကောင်စီတပ် တစ်ရက်တည်းငါးကြိမ်တိုက်ခိုက်ခံရပြီး ၂၀ခန့်​သေဟု ထုတ်ပြန်

မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်နှင့်မြိုင်နယ်အစပ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အားယမန်နေ့တစ်ရက်ထဲ ငါးကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၀ ခန့်သေဆုံးနိုင်ကြောင်း မြိုင် PDF က သတင်းထုတ်ပြန် သည်။

(စစ်​ကောင်စီတပ်ဖွဲ့ဝင်များစီးနင်းခဲ့​သော ဆိုင်ကယ်နှင့် သိမ်းဆည်းရမိ​သောပစ္စည်းအချို့ ဓါတ်ပုံ-မြိုင်PDF)

မြိုင် PDF သည် ပေါက်နယ်မှ တိမ်လွှာအဖွဲ့နှင့် ပူးပေါင်းကာ ယမန်နေ့(ဒီဇင်ဘာ ၂၁ ရက်) နံနက်ပိုင်းက မြိုင်နယ် ကမ်းပြိုလမ်းတွင် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ငါးယောက်ခန့်သေဆုံးသွားကြောင်း​ဖော်ပြထားသည်။ အလားတူ ပေါက်-ဇီးပြားလမ်းပိုင်းတွင် ဆိုင်ကယ် ၅ စီး ကားတစ်စီးဖြင့် လာသော စစ်တပ်နှင့်ရဲများကို မိုင်းဖြင့်တိုက်ခိုက်ရာ ၅ဦးခန့်သေဆုံးနိုင်ပြီး ဆိုင်ကယ်၅ စီး နှင့် ကျည် တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ရွာစင်လမ်းတွင်လည်း ရထားလမ်းအနီး မိုင်းကွင်းထဲရှိ စစ်တပ် အင်အား ၁၀၀ ခန့်အား တိုက်ခိုက်ရာ ၃ ဦးခန့် မြှောက်တက်ကာ အများအပြား ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(စစ်​ကောင်စီတပ်ဖွဲ့ဝင်များစီးနင်းခဲ့​သော ဆိုင်ကယ်နှင့် သိမ်းဆည်းရမိ​သောပစ္စည်းအချို့ ဓါတ်ပုံ-မြိုင်PDF)

ထိုအပြင်ညနေတွင်လည်း နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ဇီးပြားလမ်းပိုင်းနေရာတွင် လက်ကျန်မိုင်းများအား ရှင်းလင်းနေသော စစ်​ကောင်စီတပ်အား ထပ်မံတိုက်ခိုက်ခဲ့ရာ ရာထူးကြီးသူတစ်ယောက်အပါအဝင် ၁၀ ဦးခန့်သေဆုံးခဲ့သည်ဟု မြိုင် PDF က အသိပေးသည်။

“အရာရှိက မိုင်းကို အထူးအဆန်းလိုနေကြည့်တုန်း ဖောက်ခွဲခဲ့တာပါ”ဟု မြိုင် PDFက ပြောသည်။

ညပိုင်းတွင်လဲ သရက်ကန် ရဲစခန်းသို့ ရှော့ဒုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း မြိုင် PDFက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ယမန်နေ့က ၎င်းတို့ဘက်မှ အကျ အဆုံးများသဖြင့် ရဟတ်ယာဉ်ဖြင့် အင်အား ၁၀၀ ခန့်၊ နယ်မြေတွင်လည်း ၁၀၀ ခန့် လာရောက်ပို့သွားသည်ဟုသိရကြောင်း၊ မြေပြင်အနေအထားမှာ တိုက်ပွဲများပြင်းထန်လာနိုင်သဖြင့် မိဘပြည်သူများ၏ အကူအညီများလိုအပ်လာပါကြောင်းနှင့် စခများရန်မှ သတိထားနေထိုင်ကြပါရန် မြိုင် PDFက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ−၂၂ )ကို အခြေပြုပြီး အာဏာသိမ်းစစ်တပ်က ဆောနဲ့ ပေါက်မြို့နယ်တွေကို အင်အားနဲ့ လက်နက်ခဲယမ်းတွေထောက်ပို့နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ပေါက်နဲ့ မြိုင်မြို့နယ်အနောက်ခြမ်းက စစ်တပ်စစ်ကြောင်းဟာ တဲကြီးကျေးရွာကို မီးရှို့ပြီး ရေနံမြေအတွင်း၀င်ဖို့ ကြိုးပမ်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook