Connect with us

Hi, what are you looking for?

သတင်း

လူအစုလိုက်အပြုံလိုက်​သေခဲ့တဲ့​လေ​ကြောင်းဗုံးကြဲမှု​တွေကို အမိန့်ပေးခဲ့တဲ့ လေချုပ်ဟောင်းရဲ့အိမ်ကို ချိန်ကိုက်ဗုံး​ရောက်

ပဇီကြီးလေကြောင်းတိုက်ခိုက်မှုအပါအဝင် ပြည်သူတွေကို​လေ​ကြောင်းက​နေအစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့စစ်ရာဇဝတ်မှု​တွေမှာအမိန့်ပေးစေခိုင်းခဲ့တဲ့လေတပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ လက်ရှိကာကွယ်​ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်ရဲ့ နေအိမ်ကို ​ရန်ကုန်​UG တစ်ဖွဲ့က ချိန်ကိုက်ဗုံးပို့ဆောင်ခဲ့တယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

(လေတပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း လက်ရှိကာကွယ်​ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင် နဲ့ အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်။ ဓါတ်ပုံ-စစ်​ကောင်စီ )

ဇူလိုင်-၃၁၊၂၀၂၆။​ရောင်နီ/People’s Spring

ပဇီကြီးလေကြောင်းတိုက်ခိုက်မှုအပါအဝင် ပြည်သူတွေကို​လေ​ကြောင်းက​နေအစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့စစ်ရာဇဝတ်မှု​တွေမှာအမိန့်ပေးစေခိုင်းခဲ့တဲ့လေတပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ လက်ရှိကာကွယ်​ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်ရဲ့ နေအိမ်ကို ​ရန်ကုန်​UG တစ်ဖွဲ့က ချိန်ကိုက်ဗုံးပို့ဆောင်ခဲ့တယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

လုံခြုံ​ရေး​ကြောင့် အမည်မ​ဖော်လိုတဲ့ရန်ကုန်မြို့က UG တစ်ဖွဲ့ကဇူလိုင် ၃၀ ရက် ညနေ ၄ နာရီလောက်မှာ ကမာရွတ်မြို့နယ် သီရိမင်္ဂလာလမ်း ခြံအမှတ် ၂၁/၂၂ ကိုဗိုလ်ချုပ်ကြီးထွန်းအောင်ရဲ့ ဇနီး ဒေါ်တင်မိုးနွယ် အမည်နဲ့ ပါဆယ်ဗုံးပို့ခဲ့တာလို့ စစ်​ရေးသတင်းရင်းမြစ်တဦးက​ပြောပါတယ်။

ပါဆယ်ဗုံးရောက်ပြီး ၁၅ မိနစ်လောက်အကြာမှာ စစ်တပ် DC ကား‌ လေးစီး ရောက်လာပြီး လမ်းပိတ်စစ်ဆေးမှုတွေပြုလုပ်ကာ ဗုံးကိုဖျက်ဆီးခဲ့တယ်လို့ အထက်ပါသတင်းရင်းမြစ်က​ပြောပါတယ်။ စစ်တပ်ကာကွယ်​ရေးဝန်ကြီးအိမ် ချိန်ကိုက်မိုင်း ​ရောက်လာတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီးစစ်တပ်ဘက်ကသတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးကို မိုးရွာထဲမှာလုပ်ဆောင်ခဲ့ရတာဖြစ်ပြီး အဖွဲ့သားအားလုံး ဘေးကင်းတယ်လို့ အထက်ပါစစ်​ရေးရင်းမြစ်ကပြောပါတယ်။

ဗိုလ်ချုပ်ကြီးထွန်းအောင်ကလေတပ် ကာချုပ် အနေနဲ့ ၂၀၂၂ ကနေ ၂၀၂၄ အထိတာဝန်ယူခဲ့တာဖြစ်ပြီး ပြည်သူသေဆုံးမှုနဲ့ ထိခိုက်မှုအများဆုံး လေကြောင်းတိုက်ခိုက်မှုကြီး ၅ ခုရဲ့ အဓိက တာဝန်ရှိသူဖြစ်ပါတယ်။

အဲဒီ့လေကြောင်းတိုက်ခိုက်မှုတွေကတော့ စစ်ကိုင်းတိုင်း၊ ပဇီကြီးရွာ ၊ ကချင်ပြည်နယ်၊ ဖားကန့် (အနန့်ပါ) ၊ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ(လွယ်ယိန်း ဒုက္ခသည်စခန်း)၊ စစ်ကိုင်းတိုင်း၊ဒီပဲယင်း(လက်ယက်ကုန်းရွာ)စာသင်ကျောင်းနဲ့ ကနီမြို့နယ် ၊မကွေးရွာ တို့ကိုဗုံးကြဲပြီး ပြည်သူ​တွေအစုလိုက်အပြုံလိုက်​သေခဲ့ပါတယ်။

စစ်တက္ကသိုလ် အပတ်စဉ်-၂၉ ကျောင်းဆင်း ဗိုလ်ချုပ်ကြီး ထွန်းအောင်က လက်ရှိစစ်အုပ်စုမှာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။

ရန်ကုန်မြို့၊ကမာရွတ်မြို့နယ် သီရိမင်္ဂလာလမ်းမှာရှိတဲ့ ၎င်းတို့အမည် ပေါက်အိမ်မှာအစောင့်နဲ့ ဆွေမျိုးတော်စပ်သူတချို့ရှိနေပြီး ဗိုလ်ချုပ်ကြီးထွန်းအောင်ဟာလက်ရှိ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စစ်ရုံးချုပ် (ကကလှမ်း) အနီးရှိ သီးသန့်စစ်ဘက်ဗဟိုဇုန် အဆင့်မြင့်အိမ်ရာမှာ နေထိုင်နေတယ်လို့သိရပါတယ် ။

ရန်ကုန်မြို့မှာ မြို့ပြ​ပြောက်ကျားလှုပ်ရှားမှု​တွေ လ​ပေါင်းများစွာငြိမ်သက်​နေရာက အခုလပိုင်းအတွင်းမှာ ပြန်လည်​ပေါ်​ပေါက်လာပါတယ်။

ဇူလိုင် ၂၁ ရက် ညဦးပိုင်းကလည်း မြို့ပြ​ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့Yangon Army (YA) က အင်းစိန်မြို့မရဲစခန်း၏ လုံခြုံရေးဂိတ်ကိုဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook