Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီဈေး ပြန်တက်

စစ်တပ်က ဆီဆိုင်တွေကို ခွဲတမ်း​လျှော့

ဇူလိုင်-၃၁၊၂၀၂၆။ရောင်နီ/People’s Spring

စစ်တပ်က စက်သုံးဆီဆိုင်တွေကို ခွဲတမ်းလျော့ချပြီးတဲ့နောက် ဈေးကွက်အတွင်းမှာ စက်သုံးဆီဈေး ၂ပတ်ဆက် မြင့်တက်လာခဲ့ပါတယ်။

ဒီနေ့(ဇူလိုင် ၃၁ရက်) စစ်တပ်ရဲ့ စက်သုံးဆီရည်ညွှန်းဈေးသတ်မှတ်ချက်အရ ရန်ကုန်မြို့မှာ ဓာတ်ဆီ 92 တစ်လီတာ ၃,၆၄၀ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၃,၆၈၅ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၃,၉၈၅ကျပ်နဲ့ ပရီမီယံဒီဇယ် ၄,၈၃၀ကျပ် နဲ့ ရောင်းချနေတာပါ။

အဲဒီဈေးနှုန်းက ပြီးခဲ့တဲ့ရည်ညွှန်းဈေးနဲ့ နှိုင်းယှဉ်ရင် ဓာတ်ဆီ 92 တစ်လီတာ ၂၉၀ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၂၂၅ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၄၂၅ကျပ်နဲ့ ပရီမီယံဒီဇယ် တစ်လီတာ ၅၁၅ကျပ် တက်လာခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီလကုန်ပိုင်းမှာ အမေရိကန်-အီရန် ပဋိပက္ခတွေကြောင့် စက်သုံးဆီဈေးတွေ တရှိန်ထိုးတတ်ခဲ့ပြီး ဧပြီအထိ ၁လကျော်အတွင်းမှာ စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ကျပ် နှစ်ထောင်ကျော်ကနေ ငါးထောင်အထိ တက်ခဲ့တာပါ။ ပရီမီယံဒီဇယ်ဆိုရင် ရန်ကုန်ဈေးကွက်မှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးဖြစ်တဲ့ တစ်လီတာ ၇၇၅၅ ကျပ်အထိ မြင့်တတ်ခဲ့တာပါ။

အဲဒီ့‌နောက် ဧပြီလလယ်ကစတင်ပြီး စက်သုံးဆီဈေးတွေ ပြန်လည်ကျဆင်းလာခဲ့ပေမယ့် ဖေဖော်ဝါရီလက ရည်ညွန်းဈေးအထိတော့ ရောက်ရှိလာခြင်းမရှိသေးပါဘူး။

ဧပြီလလယ်ကနေ ဇူလိုင်လလယ်အထိ ၃လအတွင်း ကျဆင်းလာတဲ့ စက်သုံးဆီဈေးက ပြီးခဲ့တဲ့ သောကြာနေ့(ဇူလိုင်၂၄) မှာ ဈေးပြန်တက်လာခဲ့တာပါ။

စစ်တပ်က စက်သုံး‌ဆီဆိုင်တွေကို ပေးတဲ့ ခွဲတမ်းကိုလည်း ထက်ဝက်လျော့ချလိုက်တယ်လို့ ရန်ကုန်မြို့ကစက်သုံးဆီဆိုင်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အရင်ခွဲတမ်းက ဂါလံ တစ်ထောင်ပေးရင် အခု ဂါလံငါးရာပဲရတော့တယ်။” လို့ ပြောပါတယ်။

စစ်တပ်က နိုင်ငံခြားငွေ အသုံးပြုမှုကို ထိန်းချုပ်ချင်တာကြောင့် ပြည်ပကဝယ်ယူနေရတဲ့ စက်သုံးဆီက အကန့်အသတ်ဖြစ်လာတာကြောင့် ဖြစ်နိုင်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။

“ဆီဈေးတွေက တက်ရင်သာ ခုန်တက်တာ။ ကျရင်တော့ ဆယ်ဂဏန်းလောက်ပဲကျတာ” လို့ ပြည်သူတစ်ဦးက ရင်ဖွင့်ပါတယ်။

စစ်တပ်က စက်သုံးဆီဈေးတွေကို အပတ်စဉ် သော‌ကြာနေ့တိုင်း အပြောင်းအလဲပြုလုပ်တာကြောင့် ရန်ကုန်မြို့ကဆီဆိုင်‌တွေ မှာ ကြာသပတေးနေ့တိုင်း ဆီကုန်တာတွေ ရှိတတ်ပါတယ်။

ဇူလိုင် ၃၀ ရက်က စက်သုံးဆီဆိုင် အများစုမှာ ဓာတ်ဆီရောင်းချပေးဖို့ မရှိပဲ ဒီဇယ်ဆီတွေပဲရောင်း‌နေတာတွေ့ရတယ်လို့ ယာဉ်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

“သောကြာဈေးတတ်မယ်ဆိုရင် ကြာသပတေးနေ့ရောက်ရင် ဆီဆိုင်တွေက ဆီမရှိတာများတယ်။ ဈေးကျမယ်ဆိုရင်တော့ ဆီရတယ်။ အဲဒါက ပုံသေဖြစ်နေပြီ” လို့ တက္ကစီယာဉ်‌မောင်းတစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စက်သုံးဆီဆိုင်အချို့ ခွဲတမ်းအတိုင်း ရောင်းချမပေးလို့ဆိုပြီး စက်သုံးဆီဝယ်ယူသူတွေနဲ့ အငြင်းပွားမှုတွေဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်တွင်းစက်သုံးဆီဈေး သုံးပတ်ဆက် ဈေးကျပေမယ့် ဈေးနှုန်းက သိသိသာသာလျော့နည်းသွားတာတော့ မရှိသေးဘူးလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။