Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မှာ စစ်တပ် ဗုံးကြဲလို့ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဇူလိုင် ၃၁၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီကနေ့ ဇူလိုင် ၃၁ ရက် ညနေ ၅ နာရီခန့်က မိတ္ထီလာလေတပ်စခန်းကနေ တက်လာတဲ့ စက်တပ်လေထီး ၂ စီးဟာ မလှိုင်မြို့နယ်တောင်ခြမ်းက နေရာ ၂ ခုကို ဗုံးသီး ၇ လုံးချ တိုက်ခိုက်ခဲ့ကြောင်း လူထုသတင်းကွန်ယက်- မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒုတိယမြောက် စက်တပ်လေထီးဟာ ဗုံးသီး ၄လုံးကြဲချရာမှာ မလှိုင်မြို့နယ်၊ ဒဟတ်တန်းတောင်ကျေးရွာက လူနေအိမ်ဝိုင်းထဲ ၁ လုံးကျရောက်ပြီး အသက် ၆၀ နှစ်အရွယ် အမျိုးသမီးကြီး ၁ဦး သေဆုံးပြီး တစ်အိမ်ထဲနေ အမျိုးသား ၁ဦး ၊ အမျိုးသမီး ၁ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မြေပြင်စစ်ကြောင်းလည်း မရှိပါဘူး။ ထီလာနယ် ရှမ်းမငယ် မှာတော့ စစ်ကြောင်းပြင်ဆင်နေတာတွေရှိတယ်သိရတယ်”လို့လူထုသတင်းကွန်ယက်- မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အိမ်ဝင်းထဲမှာ ရှိနေတဲ့ နွား ၅ ကောင်လည်း ဗုံးစထိမှန်သေဆုံးခဲ့ရကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်တပ်က မလှိုင်မြို့နယ်ကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေပြီး ပြည်သူထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

မလှိုင်မြို့နယ်မှာ လက်တလောတိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိပေမဲ့ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်က မလှိုင်မြို့ပေါ်ကနေ ထိုးလာတဲ့ အင်အား ၁၀၀ ပါ တပ်မ (၃၃) ပူးပေါင်းစစ်ကြောင်းကို ပန်းအိုင်ရွာနဲ့ ကျောက်တွင်းကျေးရွာကြားမှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။ ​

တိုက်ခိုက်မှုအတွင်း စစ်တပ်ရဲ့ ရုပ်အလောင်း ၄ လောင်းနဲ့လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြင်းခြံခရိုင် (၁) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook