Connect with us

Hi, what are you looking for?

သတင်း

သံတွဲမြို့နယ်၊ရွှေလှေနဲ့လင်းသီရွာကိုစစ်တပ်ဗုံးကြဲ ၄ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ဗုံးကြဲခံရပြီး​နောက်အပျက်အစီး​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-APM)

ဇူလိုင်-၃၁၊၂၀၂၆။ခိုင်မြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၃၁ ရက်၊မွနအးလွဲသုံးနာရီဝန်းကျင်အချိန်မှာပေါင် ၃၀၀ ဗုံးနှစ်လုံးနဲ့ ပေါင် ၅၀၀ ဗုံးတလုံးတို့ ကြဲ ချခဲ့တာပါ။ပေါင် ၃၀၀ ဗုံးနှစ်လုံးဟာ ရွှေလှေရွာနဲ့ လင်းသီရွာကြားမှာရှိတဲ့ ဦးမျိုးဇော်ဝင်းရဲ့ ကုန်စုံဆိုင်ကိုကျရောက် ပေါက်ကွဲခဲ့ပြီး ဦးမျိုးဇော်ဝင်း၊ သူ့ဇနီး ဒေါ်မေမြတ်လွင်၊ဆိုင်မှာ အလုပ်လုပ်နေတဲ့ မဆွေဇင်အေးနဲ့ အခြားဒေသခံတဦးတို့ သေဆုံးခဲ့ပါတယ်။

“ရွှေလှေနဲ့လင်းသီနဲ့ကနှစ်ရွာဆိုပေမယ့်တဆက်တည်း၊ကြားမှာရဲစခန်းတခုပဲခြားတယ်။ အဲဒီကိုတည့်တည့်ကျတာ။ကိုမျိုးဇော်ဝင်းတို့ လင်မယားနှစ်ယောက်လုံးသေတယ်၊ အလောင်းတွေ ကြည့်ရက်စရာတောင် မရှိဘူး။ သူ့သားလေး ကလေးလေးတယောက်လည်း ဒဏ်ရာရသွားတယ်”လို့ ရွှေလှေဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဗုံးကြဲမှုကြောင့် ဦးမျိုးဇော်ဝင်းနဲ့ ဒေါ်မေမြတ်လွင်တို့ရဲ့ အသက် ၁ နှစ်အရွယ် သားဖြစ်သူ မောင်ဉာဏ်လင်းထက်နဲ့ အခြားဒေသခံ ဦးဇော်သိန်းတို့ ဒဏ်ရာရခဲ့ပါတယ်။ သူတို့ကို နီးစပ်ရာ ဆေးခန်းမှာ အရေးပေါ် ဆေးကုသပေး ထားရတယ်လို့ ဒေသခံလူမှုကူညီရေးလုပ်နေသူတွေကပြောပါတယ်။

အာဏာသိမ်းစစ်တပ်ကဇူလိုင်လ ၂၉ ရက်နေ့ကလည်း သံတွဲမြို့နယ် လင်းမူးတောင်ကျေးရွာအနီးဝန်းကျင်တို့ကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါသေးတယ်။ဒါ့အပြင်ဇူလိုင်လ ၂၄ ရက်နဲ့ ၂၃ ရက်နေ့တို့ကလည်း သံတွဲမြို့နဲ့ငပလီမြို့တို့ကို ဗုံးကြဲခဲ့ပြီး အသက်တနှစ်ကျော် အရွယ်ကလေး ငယ် ၁ ဦး၊ သံဃာတော် ၁ ပါးအပါအဝင် ၁၁ ဦး ထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

အလားတူဇူလိုင်လ ၁၉ ရက်နေ့ကလည်း သံတွဲမြို့ပေါ် ရဲစခန်း၊ တရားရုံးဝန်းကျင်တို့ကို ဗုံးကြဲခဲ့တာကြောင့်အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦးဒဏ်ရာရခဲ့ပါသေးတယ်။ ဇူလိုင် ၁၉ ရက်နေ့ကသံတွဲအပြင် ပုဏ္ဏားကျွန်း၊ တောင်ကုတ်မြို့နယ်မအီမြို့တို့ကိုလည်းစစ်တပ်က ဗုံးကြဲခဲ့ပြီးတစ်ရက်တည်းစစ်တပ်ဗုံးကြဲလို့အရပ်သား ၅ ဦး သေဆုံး ကာ ၂၉ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ရှေ့တန်းစစ်မျက်နှာတွေမှာ အထိနာနေတဲ့ စစ်တပ်ဟာ ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဆုံး ဂွနဲ့ သံတွဲမြို့နယ်တို့ကို လေကြောင်းကနေ ဗုံးကြဲတာတွေ ဆက်တိုက်လုပ်နေတာဖြစ်ပြီး ကလေးငယ်၊ သံဃာတော်အပါအဝင် အရပ်သား သေဆုံး၊ ထိခိုက်မှုတွေ ဆက်တိုက်ရှိနေတာပါ။

အဲဒီလိုအရပ်သားတွေ ဦးတည်ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ စစ်ပွဲအတွင်း လိုက်နာရမယ့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်မှုဆိုင်ရာဥပဒေနဲ့ စစ်ရာဇဝတ်မှုတွေကို ချိုးဖောက်ကျူးလွန်ရာရောက်တယ်လို့ ဒေသခံ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောထားကြပါတယ်။

အာရက္ခတပ်တော်(AA)ကတော့ ရခိုင်ဒေသတွင်း ရေဘေးဒုက္ခကြုံနေရချိန် ပြည်သူတွေကို ဗုံးကြဲတဲ့ စစ်တပ်ရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်အပေါ် မှတ်တမ်းတင်ထားပြီး တုံ့ပြန်သွားမယ်လို့ ထုတ်ပြန်၊ သတိပေးထားပါတယ်။ လက်ရှိမှာ ရခိုင်ပြည် နယ် စစ်တွေ၊ ကျောက်ဖြူအပြင် ရခိုင်ရိုးမရှေ့ဘက်ခြမ်း မကွေး၊ ပဲခူး၊ ဧရာ၀တီတိုင်းစစ်မျက် နှာတွေမှာလည်း AA ကစစ်တပ်စခန်းတွေကိုထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နေပြီး စစ်တပ်ဘက်က အထိနာနေတယ်လို့ စစ် ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

ရခိုင်မှာ အခုနောက်ပိုင်း ဂျက်တိုက်လေယာဉ်သုံးစီး(သုံးစီးအထက်)နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်း သုံးပြီးလေကြောင်းတိုက်ခိုက်မှုတွေအရင်ကထက်ပြင်းပြင်းထန်ထန်လုပ်လာတာကြောင့်လေကြောင်းအန္တရာယ်ကိုအထူးသတိထားကြဖို့ AA က အသိပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်နေ့ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့လက် ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook