ဩဂုတ်-၁၊၂၀၂၆။နှင်း/People’s Spring
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကအခြေခံပညာကျောင်းတွေကိုတစ်ရူးငှက်ပျောပင်စိုက်ခိုင်းတာ ကြောင့် မြေကွက်လွတ်ရှိတဲ့ ကျောင်းတွေ ငှက်ပျောပင်စိုက်နေရတယ်လို့ ပညာရေးဝန်ထမ်းတွေကပြောပါတယ်။
စစ်အုပ်စုကဧပြီလကနေဇူလိုင်လအထိ ရက် ၁၀၀ စီမံကိန်းဆိုပြီးကျောင်းနေအရွယ်ကလေး ငယ်တွေ အဟာရဖွံ့ဖြိုး အောင် ငှက်ပျောသီး နဲ့ ကြက်ဥ ကျွေးခိုင်းခဲ့တာလို့ ပညာရေးဝန်ထမ်းအချို့ကပြောတယ်။
“ကလေး တွေကိုကျွေးဖို့ကျောင်းကလွတ်နေတဲ့ မြေကွက်တွေမှာ ငှက်ပျောပင်စိုက်ရမယ်လို့ရက် ၁၀၀ စီမံကိန်း မိန့်ခွန်းမှာပါတယ်ဆိုပြီး ပညာရေးက အမိန့် ပေးထားတာ။အဲတာကြောင့် ပညာရေးရက်၁၀၀ စီမံကိန်းမှာ ငှက်ပျောပင်စိုက်ရတာ။အဟာရလည်းပြည့်တယ်ဆိုပြီး တစ်ရူးငှက်ပျောတမျိုးပဲ စိုက်ရတာ”လို့ ပညာ ရေးဝန်ထမ်းတဦးက ပြောပါတယ်။

Public Service Announcement
ရက် ၁၀၀ စီမံကိန်းအတွင်းကျောင်းတွေမှာ ၃ကြိမ်အဟာရ ကျွေးရမယ်လို့ ညွန်ကြားထားပေမယ့်ဘက်ဂျက်ချမပေးတာကြောင့် ကျောင်းသားမိဘတွေကို ကျောင်းကနေကြက်ဥတလုံး နဲ့ ငှက်ပျောသီးတလုံးမှာရတဲ့ ဖြစ်ရပ်တွေဖြစ်လာတာလို့လည်း အထက်ပါပညာရေးဝန်ထမ်းကဆက်ပြောပါတယ်။
မန္တလေးမြို့ပေါ်ကကျောင်းအများစုလည်း အာဏာသိမ်းခေါင်းဆောင်ကငှက်ပျောပင်စိုက်ခိုင်းတယ်ဆိုပြီးစိုက်နေရတယ်လို့ ပညာရေးဝန်ထမ်းအချို့ကပြောပါတယ်။
ဒါ့အပြင် ကျောင်းတွင်းအဟာရ ကျွေးမွေးရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျောင်းသား၊ကျောင်းသူတွေကိုအသားကျွေးခိုင်းပြီး အဲဒီအသားဖိုးကိုလည်း ကျောင်းသားတွေဆီကို ခွဲတမ်းနဲ့ ပိုက်ဆံကောက် နေတယ်လို့မူလတန်းကျောင်းသားတွေရဲ့မိဘတွေကပြောပါတယ်။

















































