Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင်က ခိုင်းလို့ဆိုပြီး ကျောင်းတွေမှာငှက်ပျောပင်စိုက်​နေရ

အဟာရပြည့်​အောင်​ကြွေးရမယ့်ညွန်ကြားပြီးဘက်ဂျက်​မ​ပေးလို့ အသားကျွေးဖို့ ကျောင်းသားမိဘတွေဆီကပိုက်ဆံကောက်

(စစ်အုပ်စုရဲ့ ပညာ​ရေး ရက် ၁၀၀ စီမံချက်အရဆိုပြီး ​ကျောင်း​တွေမှာ ငှက်​ပျောပင်​တွေစိုက်​နေရသလို ၊​ကျောင်းသား​တွေ​ကို အဟာရကျွေးဖို့ ဆိုပြီး ထမင်းချိုင့်၊ကြက်ဥ ၊ဖီကြမ်းငှက်​ပျောသီး ၁ လုံးစီယူခဲ့ဖို့ ​ကြေညာထားစဥ်။ဓါတ်ပုံ-CJ)

ဩဂုတ်-၁၊၂၀၂၆။နှင်း/People’s Spring

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကအ​ခြေခံပညာ​ကျောင်း​တွေကိုတစ်ရူးငှက်ပျောပင်စိုက်ခိုင်းတာ ကြောင့် မြေကွက်လွတ်ရှိတဲ့ ကျောင်းတွေ ငှက်ပျောပင်စိုက်နေရတယ်လို့ ပညာရေးဝန်ထမ်းတွေကပြောပါတယ်။

စစ်အုပ်စုကဧပြီလကနေဇူလိုင်လအထိ ရက် ၁၀၀ စီမံကိန်းဆိုပြီးကျောင်းနေအရွယ်ကလေး ငယ်​တွေ အဟာရဖွံ့ဖြိုး ​အောင် ငှက်ပျောသီး နဲ့ ကြက်ဥ ကျွေးခိုင်းခဲ့တာလို့ ပညာ​ရေးဝန်ထမ်းအချို့က​ပြောတယ်။

“ကလေး တွေကိုကျွေးဖို့ကျောင်းကလွတ်နေတဲ့ မြေကွက်တွေမှာ ငှက်ပျောပင်စိုက်ရမယ်လို့ရက် ၁၀၀ စီမံကိန်း မိန့်ခွန်းမှာပါတယ်‌ဆိုပြီး ပညာရေးက အမိန့် ​ပေးထားတာ။အဲတာကြောင့် ပညာရေးရက်၁၀၀ စီမံကိန်းမှာ ငှက်ပျောပင်စိုက်ရတာ။အဟာရလည်းပြည့်တယ်ဆိုပြီး တစ်ရူးငှက်ပျောတမျိုးပဲ စိုက်ရတာ”လို့ ပညာ ရေးဝန်ထမ်းတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရက် ၁၀၀ စီမံကိန်းအတွင်း​ကျောင်း​တွေမှာ ၃ကြိမ်အဟာရ ကျွေးရမယ်လို့ ညွန်ကြားထား​ပေမယ့်ဘက်ဂျက်ချမပေးတာကြောင့် ​ကျောင်းသားမိဘ‌တွေကို ​ကျောင်းက​နေကြက်ဥတလုံး နဲ့ ငှက်ပျောသီးတလုံးမှာရတဲ့ ဖြစ်ရပ်​တွေဖြစ်လာတာလို့လည်း အထက်ပါပညာ​ရေးဝန်ထမ်းကဆက်​ပြောပါတယ်။

မန္တလေးမြို့ပေါ်ကကျောင်းအများစုလည်း အာဏာသိမ်းခေါင်းဆောင်ကငှက်ပျောပင်စိုက်ခိုင်းတယ်ဆိုပြီးစိုက်​နေရတယ်လို့ ပညာ​ရေးဝန်ထမ်းအချို့က​ပြောပါတယ်။

ဒါ့အပြင် ကျောင်းတွင်းအဟာရ ကျွေးမွေးရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ​ကျောင်းသား၊​ကျောင်းသူ​တွေကိုအသားကျွေးခိုင်းပြီး အဲဒီအသားဖိုးကိုလည်း ကျောင်းသားတွေဆီကို ခွဲတမ်းနဲ့ ပိုက်ဆံကောက် ‌‌‌‌‌‌‌‌နေတယ်လို့မူလတန်းကျောင်းသားတွေရဲ့မိဘတွေကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။