Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်နဲ့ ခေါင်လန်ဖူးမှာ တိုက်ပွဲဖြစ်

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ရဲဘော် တစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဩဂုတ်၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ ခေါင်လန်ဖူးမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနရဲ့ ဩဂုတ် ၁ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။

ဇူလိုင် ၃၀ရက်က ဗန်းမော်မြို့မှာ KIA ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့တာဟာ စစ်တပ်က KIA တပ်တွေရှိရာဘက်ကို ထိုးစစ်ဆင်လာလို့ ဖြစ်ကြောင်း ဖော်ပြပါတယ်။

ဗန်းမော်မြို့မှာ တိုက်ပွဲ ၁နှစ်ကျော်လာသလို ရွှေကူ၊ ဖားကန့် ခေါင်လန်ဖူးဒေသတွေမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ခေါင်လန်ဖူးဘက်မှာ အခုတလော စစ်တပ်နဲ့ တိုက်ပွဲတွေ နေ့တိုင်းဆိုသလို ဖြစ်ပွားနေတာလို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

တိုက်ပွဲဖြစ်ပွားရတာဟာ ပြီးခဲ့တဲ့ ဇွန်လမှာ စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားတာ ပြည်သူတွေ ပေါ်တာဆွဲတာ၊ လက်နက်ခဲယမ်းပို့ဆောင်တာ၊ လူအင်အား တိုးချဲ့တာတွေ ဆက်တိုက်ပြုလုပ်တာကြောင့် ဖြစ်တယ်လို့ အသိပေးထားပါတယ်။

တိုက်ပွဲပြင်းထန်ခဲ့လို့ ခေါင်လန်ဖူးမှာနေထိုင်တဲ့ ဒေသခံတွေ ပူတာအိုဘက် တိမ်းရှောင်နေကြရကြောင်းလည်း ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ KIA သိမ်းပိုက် ထိန်းချုပ်ထားတဲ့နေရာတွေကို ပြန်လည် သိမ်းပိုက်ထိန်းချုပ်လို့တာကြောင့် စစ်အင်အားဖြည့်တင်းတာ၊ စစ်ကြောင်းထိုးတာ တွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

ဒါ့အပြင် ကချင်-စစ်ကိုင်းအစပ် အင်းတော်ဒေသမှာလည်း စစ်တပ်က တန်ပြန်ထိုးစစ်တွေလုပ်လာလို့ KIA၊ PDF ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး