Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ငလျင်ဘေးသင့် ဒေသကို ဂျပန်ဝန်ကြီးချုပ် တကအိချိ သွားရောက်

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဓာတ်ပုံ - AP

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းက မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ဂျပန်မှာ လူ ၃၈ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ အခုအခါမှာတော့ ငလျင်ဘေးသင့် ဒေသတွေဆီ ရေပိုက်လိုင်းတွေ သွယ်တန်းမှုကို အမြန်ဆုံး ပြန်လည် ပြုပြင် တည်ဆောက်နေပါတယ်။

ဩဂုတ် ၃ ရက်နေ့တုန်းက တကအိချိဟာ ဂျပန်စစ်တပ် ရဟတ်ယာဉ် တစ်စီးပေါ် စီးနင်းလိုက်ပါပြီး ကူမာမိုတိုဆီကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ငလျင်ဘေးသင့် ပြည်သူတွေ ယာယီနေထိုင်နိုင်အောင် စီစဉ်ပေးထားတဲ့ ခိုလှုံရေး စခန်းတွေကို စစ်ဆေးခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့လည်း ငလျင် နောက်ဆက်တွဲ စီမံတုံ့ပြန်မှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။

ဒါပေမဲ့ တကအိချိ သွားရောက်ခဲ့တဲ့ နေရာတွေက အဲကွန်းတွေတပ်ပြီး ကောင်းကောင်း စီမံပြင်ဆင်ထားတဲ့ ခိုလှုံရေး စခန်းမျိုးဖြစ်ပြီး ငလျင်ဘေးသင့် ဒေသခံတွေ ရင်ဆိုင်ဖြတ်သန်းနေရတဲ့ လက်တွေ့ အရှိတရားတွေနဲ့ ကွာဟနေကြောင်း ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၃ ရက်နေ့ထိ အခြေအနေအရ အိမ်ခြေ ၄၆၀၀၀ လောက်က ရေပြတ်လပ်နေဆဲဖြစ်ပြီး အများအပြားဟာ စက်သုံးဆီ ပြတ်တောက်မှုနဲ့လည်း ရုန်းကန်နေရပါတယ်။ ပြီးတော့ ငလျင်ဘေးသင့် ပြည်သူတွေဟာ ပူပြင်းတဲ့ ရာသီဥတုမှာပဲ အပျက်အစီးတွေကို ရှင်းလင်းနေရတယ်လို့ လူမှုကွန်ရက် သုံးစွဲသူတွေက ရေးသားထားကြပါတယ်။

ကူမာမိုတို အုပ်ချုပ်ရေးမှူး တာကာရှီ ကီမူရာက တကအိချိနဲ့ တွေ့ဆုံချိန်မှာ ဆိုးရွားလွန်းတဲ့ အပူဒဏ်ကြောင့် ငလျင်ဘေးသင့် ဒုက္ခသည်တွေအတွက် ပိုမိုဆိုးရွားတဲ့ အခက်အခဲတွေကို ကြုံတွေ့နေစေကြောင်း ရှင်းပြခဲ့ပါတယ်။ ပြီးတော့ သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ ဆေးဝါး လိုအပ်ချက်တွေ အကြောင်းကိုလည်း ကီမူရာက တင်ပြခဲ့ပါတယ်။

တကအိချိကလည်း သူ့ရဲ့ အစိုးရ အနေနဲ့ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့ တင်ပြတဲ့ အချက်အလက်တွေကို ပြန်လည် ဆန်းစစ်ပြီး ငလျင်ဘေးသင့် ဧရိယာနဲ့ ပြည်သူလူထုတွေကို အကောင်းဆုံး အကူအညီ ပေးနိုင်ဖို့ အင်တိုက်အားတိုက် လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ငလျင်ကြီးအတွင်း လူ ၃၈ ဦး သေဆုံးပြီး ၁၁၄ ဦး ဒဏ်ရာရခဲ့သလို အိမ်နဲ့ အဆောက်အအုံ ၇၀၀ ကျော် အလုံးစုံ ပြိုကျ ပျက်စီးပြီး ၁၁၃၀၀ ကျော်က ထိခိုက်မှုတွေ ရှိခဲ့ကြောင်း ကူမာမိုတို အုပ်ချုပ်ရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။