Connect with us

Hi, what are you looking for?

သတင်း

ငပလီမြို့ စစ်တပ်လေယာဉ်အုပ်စုလိုက် ဗုံးကြဲမှု နေအိမ် ၂၀ခန့်ပျက်စီး၊ ပြည်သူ ၂ဦး ထိခိုက်

အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ်အဆောက်အအုံ ၂၀ခန့်ပျက်စီးပြီး ဒေသခံပြည်သူ ၂ဦး ထိခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

(ငပလီမြို့၊ ဂျိတ္တော (၉) ရပ်ကွက်အား ဗုံးကြဲတိုက်ခိုက်မှုကြောင့်ပျက်စီးသွာသည့်နေအိမ်များ ။ ဓာတ်ပုံ - AA )

ဩဂုတ် ၄၊ ၂၀၂၆၊ ခိုင်မြတ်/People’s Spring

အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ်အဆောက်အအုံ ၂၀ခန့်ပျက်စီးပြီး ဒေသခံပြည်သူ ၂ဦး ထိခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

ငပလီမြို့၊ ဂျိတ္တော (၉) ရပ်ကွက်ရှိ အပြစ်မဲ့ပြည်သူများ နေထိုင်ရာ နေရာတွေကို စစ်တပ်က ဩဂုတ် ၃ရက် မနက် ၁၀နာရီခွဲ့က စတင်ပြီး ဂျက်ဖိုက်တာ (၃) စီး၊ Y12 (၁) စီးတို့နဲ့ အုပ်စုလိုက် ဗုံးအလုံးရေ (၆၀) နီးပါး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဦးကျော်သူနိုင် (၄၁ နှစ်) နဲ့ ဒေါ်မစန်းမြင့် (၆၀ နှစ်)တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး အခြားသောရပ်ကွက်နေ အပြစ်မဲ့ပြည်သူတွေဟာဘေးလွတ်ရာအချိန်မရှောင်တိမ်းနိုင်ခဲ့ကြလို့အသေအပျောက်၊ ထိခိုက်ဒဏ်ရာရရှိမှုမှာ နည်းခဲ့ရတာလို့ AAက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် နေအိမ်၊ အဆောက်အအုံ၊ ဘန်ဂလို (၂၀) ခန့် ပျက်စီးခဲ့တယ်လို့ ထပ်မံ ဖော်ပြပါတယ်။

စစ်တပ်ဟာ မြန်မာနိုင်ငံအနှံ့မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့ပြည်သူတွေ နေထိုင်ရာ လူနေရပ်ကွက်များ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အအုံများကို တိုက်လေယာဉ်အုပ်စုများနဲ့ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင် တင်းတင်း ကျူးလွန်လျက်ရှိနေဆဲဖြစ်တယ်လို့ AAက အသိပေးပါတယ်။

“ဒီနေ့လည်း ရခိုင်ဘက်ကို လေယာဉ်တွေ တက်လာနေတာ တွေ့ရတယ်။ သတိထားကြဖို့လိုတယ်။ ညဘက်ဆိုရင် လည်း ကင်းထောက်ဒရုန်းတွေလည်း ဝဲတယ်”လို့ ရခိုင်ပြည်နယ် ဂွမြို့ဒေသခံတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်ကနေ ဇွန်လကုန်ထိ ၆လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့လက် ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

နိုင်ငံတကာ

နိုင်ငံပိုင်နက်ထဲကို ကျူးကျော်ပြီး ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း အာဖဂန် နစ္စတန်ကို အုပ်ချုပ်နေတဲ့ တာလီဘန်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook