Connect with us

Hi, what are you looking for?

News

ပြည်မြို့နယ်က ကာကွယ်​ရေးပစ္စည်းစက်ရုံ ဓါတ်အားလိုင်းတိုင် ​ဖောက်ခွဲဖျက်ဆီးခံရ

ရှေ့ဆက်၍ ယခုထက်ပိုမိုပြင်းထန်သော တိုက် ခိုက်မှုများနှင့် စစ်အာဏာရှင်အား ထောက်ပံ့ပေးနေသည့် အရင်းအမြစ်များကို အရေးယူသွားမည်ဟုလည်း သတိပေးသည်။

ပြည်မြို့နယ် တီတွတ်ဘူတာရုံရှေ့ နှင့် ပျဉ်းမအိုင်ရွာ အနီးရှိ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၉) သွယ်တန်းထားသည့်ဓါတ်အားလိုင်း (တိုင်)အား ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ပြည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက ​ပြည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ တပ်ခွဲတစ်ခုဖြစ်သော People Shadow Ranger အဖွဲ့က ဓာတ်အားလိုင်း တိုင်ကို ဖောက်ခွဲခဲ့ခြင်းသည်။

ရှေ့ဆက်၍ ယခုထက်ပိုမိုပြင်းထန်သော တိုက် ခိုက်မှုများနှင့် စစ်အာဏာရှင်အား ထောက်ပံ့ပေးနေသည့် အရင်းအမြစ်များကို အရေးယူသွားမည်ဟုလည်း သတိပေးသည်။

နိုဝင်ဘာကလည်း ပြည်မြို့ရှိ အကြမ်းဖက်စစ် ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးရုံးနှင့် ကင်းစခန်းတစ်ခုကို ပြည်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားသုံးဦးသေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကျုံအိတ်တံတားအား စစ်ကောင်စီက ထောက်ပို့လမ်းအဖြစ် အသုံးပြုနေသောကြောင့် ဖောက်ခွဲခဲ့ခြင်းဟုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့ကပြောခဲ့သည်။

သတင်း

လက်ရှိတွင် ကချင်ပြည်နယ် မြစ်ကြီးနား- ဗန်းမော်လမ်း၊ ဝိုင်းမော်၊ မိုးမောက်၊ မံစီ၊ မြစ်ကြီးနား-လွယ်ဂျယ်လမ်း၊ လိုင်ဇာအနီးဒေသများ၊ ဖားကန့် မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများစွာကို KIAက ဆက်တိုက် သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။

သတင်း

ပန်ဇင်းချောင်းတံတားသည် ဘူးသီးတောင်-ရသေ့တောင်မြို့အဓိက ဆက်သွယ်ထားပြီး အရှည် ၉၆၀ ပေရှိ သံကူကွန်ကရစ်တံတားဖြစ်သည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တံတားအထူးအဖွဲ့(၈)မှ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၇ခုနှစ်တွင်ဖွင့်လှစ်ခဲ့သည်။

သတင်း

စစ်ကောင်စီစစ်‌ကြောင်းသည် ချောင်းဝရွာအနီးရှိ မင်းကျောင်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေသဖြင့် ပြင်ဆင်မှုမလုပ်နိုင်သေးပေ။