Connect with us

Hi, what are you looking for?

သတင်း

ဘူးသီးတောင်မြို့အဝင် ပေ ၁၀၀၀ခန့်ရှိသည့် တံတားကို စစ်ကောင်စီ ဖောက်ခွဲဖျက်ဆီး

ပန်ဇင်းချောင်းတံတားသည် ဘူးသီးတောင်-ရသေ့တောင်မြို့အဓိက ဆက်သွယ်ထားပြီး အရှည် ၉၆၀ ပေရှိ သံကူကွန်ကရစ်တံတားဖြစ်သည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တံတားအထူးအဖွဲ့(၈)မှ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၇ခုနှစ်တွင်ဖွင့်လှစ်ခဲ့သည်။

တံတားအား ဖွင့်ပွဲပြုလုပ်သည့်နေ့က တွေ့ရစဉ်
တံတားအား ဖွင့်ပွဲပြုလုပ်သည့်နေ့က တွေ့ရစဉ်

ဆလိုင်းမာန်အောင်/People’s Spring

ဘူးသီးတောင်မြို့မှ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အ-စကခ (၁၅)ကို အာရက္ခတပ်တော် (AA)က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဒေသတွင်းဆက်သွယ်ရေးအတွက် အဓိကအသုံးပြုနေသည့် မြို့အဝင်တံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။

မြို့အဝင်က ပန်ဇင်းချောင်းတံတားကို စစ်တပ်က ဖောက်ခွဲပျက်စီးလိုက်တာပါ။ ညနေဘက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာတာတွေ့ပါတယ်။ ညမိုးချုပ်ခါနီးမှာ ပေါက်ကွဲသံအကျယ်ကြီးကြားပြီး တနေရာကနေ ပြိုကျသွားတာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပန်ဇင်းချောင်းတံတားသည် ဘူးသီးတောင်-ရသေ့တောင်မြို့အဓိက ဆက်သွယ်ထားပြီး အရှည် ၉၆၀ ပေရှိ သံကူကွန်ကရစ်တံတားဖြစ်သည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တံတားအထူးအဖွဲ့(၈)မှ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၇ခုနှစ်တွင်ဖွင့်လှစ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယခုမူ စစ်ကောင်စီ၏ဖောက်ခွဲဖျက်ဆီးမှုကြောင့် တံတား၏တစ်နေရာမှ ကျိုးကျသွားပြီး ဖြတ်သန်းသွားလာ၍မရတော့ကြောင်း ဒေသခံတဦးကပြောသည်။

ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် တွေ့ရစဉ်
ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် တွေ့ရစဉ်

” မြို့ခံတွေအတွက်တော်‌‌တော် ဆုံးရှုံးမှုပဲ။ ကျနော်တို့ ယူဆတာကတော့ AAက ထပ်ပြီးထိုးစစ်ဝင်လာမှာစိုးလို့ စစ်တပ်က ချိုးချပစ်လိုက်တာဖြစ်မယ်။ မြို့ကို မီးရှို့လိုက်၊ တံတားချိုးလိုက်နဲ့ လုပ်နေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဘူသီးတောင်အခြေစိုက် စကခ (၁၅)အား လအတန်ကြာ ဝိုင်းရံပိတ်ဆို့ထားခဲ့ပြီး ဧပြီနောက်ဆုံးအပတ်မှစကာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့် ဒုတပ်မမှူးဦး‌ဆောင်သည့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ၊တပ်မိသားစုဝင်များလက်နက်ချအညံ့ခံ​ခဲ့​ကြကြောင်း (AA)က ယ​နေ့(မေလ ၆ ရက်) သတင်း ထုတ်ပြန်ထားသည်။ ထို့အပြင် AAသည် ဘူးသီးတောင်မြို့မှ ခမရ (၅၅၂)၊ ခမရ (၅၆၄) ၊ ခမရ(၅၆၅)၊ ခမရ (၅၅၁) တို့ကို အပြီးသတ်သိမ်းပိုက်ရယူထားသည်ဟု မေလ ၄ရက်တွင် ထုတ်ပြန်ထားသည်။

သိမ်းပိုက်ရယူရန်ကျန်ရှိနေသော လက်ကျန်စခန်းများကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု AAက အသိပေးထားသည်။

ရခိုင်စစ်မြေပြင်တွင် စစ်ကောင်စီက အများပြည်သူအသုံးပြုနေသည့်တံတားများအား ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု ပြီးခဲ့သည့်ဖေဖော်ဝါရီလကတိုက်ပွဲများတွင် AAက အရှင်ဖမ်းမိထားသည့် အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ(၃၆)မှ ဆေးအရာခံဗိုလ်တဦးက ထုတ်ဖော်ဝန်ခံခဲ့သည်။

ထိုစဉ်က ဖခလရ(၃၆)မှ တပ်ဖွဲ့ဝင်များသည် မအီမြို့မှဆုတ်ခွာစဉ် မအီတံတားနှင့် ကျောက်ကြီးပေါက်တံတားကို အထက်အရာရှိများ၏အမိန့်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ထုတ်ဖော်ဝန်ခံထားသည့် ရုပ်သံမှတ်တမ်းကို AAက ထုတ်ဖော်ပြသခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။