Connect with us

Hi, what are you looking for?

သတင်း

တပ်စခန်းများစွာ အသိမ်းခံရပြီးနောက် မြစ်ကြီးနား-ဗန်းမော် လမ်းရှိ ဒဘတ်ချောင်းကူးတံတားကို စစ်ကောင်စီ ဖောက်ခွဲဖျက်ဆီး

လက်ရှိတွင် ကချင်ပြည်နယ် မြစ်ကြီးနား- ဗန်းမော်လမ်း၊ ဝိုင်းမော်၊ မိုးမောက်၊ မံစီ၊ မြစ်ကြီးနား-လွယ်ဂျယ်လမ်း၊ လိုင်ဇာအနီးဒေသများ၊ ဖားကန့် မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများစွာကို KIAက ဆက်တိုက် သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။

(မြစ်ကြီးနား-ဗန်းမော် လမ်း​ပေါ်ရှိဒဘတ်ချောင်းကူးတံတားကို စစ်ကောင်စီတပ်ကမိုင်းခွဲဖျက်ဆီးခဲ့စဥ်။ ဓါတ်ပုံ-CJ)
(မြစ်ကြီးနား-ဗန်းမော် လမ်း​ပေါ်ရှိဒဘတ်ချောင်းကူးတံတားကို စစ်ကောင်စီတပ်ကမိုင်းခွဲဖျက်ဆီးခဲ့စဥ်။ ဓါတ်ပုံ-CJ)

▪︎မိုးမောက်မြို့ကို KIA တပ်များ ဝင်ရောက် နယ်မြေရှင်းလင်းနေဟု ဗိုလ်မှူးကြီးနော်ဘူပြော

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မြစ်ကြီးနား -ဗန်းမော်လမ်းရှိ အရေးပါသည့် ဒဘတ်(တဘတ်)ချောင်းကူးတံတားကို စစ်ကောင်စီက ယမန်နေ့ညတွင် မိုင်းခွဲဖျက်ဆီးခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ၏ အရေးပါသည့် စစ်စခန်းများအား KIAက ဆက်တိုက် သိမ်းပိုက်ခဲ့ပြီးနောက် မေလ ၈ ရက်ညပိုင်း၌ ​ပေ ၁၀၀ ​ကျော်ရှည်သည့် ဒဘတ်​ချောင်းကူး တံတားအားဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

(မြစ်ကြီးနား-ဗန်းမော် လမ်း​ပေါ်ရှိဒဘတ်ချောင်းကူးတံတားကို စစ်ကောင်စီတပ်ကမိုင်းခွဲဖျက်ဆီးခဲ့စဥ်။ ဓါတ်ပုံ-CJ)
(မြစ်ကြီးနား-ဗန်းမော် လမ်း​ပေါ်ရှိဒဘတ်ချောင်းကူးတံတားကို စစ်ကောင်စီတပ်ကမိုင်းခွဲဖျက်ဆီးခဲ့စဥ်။ ဓါတ်ပုံ-CJ)

“ဒီဘက်က ဒဘတ်စခန်းက ကဇူးဘက်စခန်းဘက်ကို ပူးပေါင်းသွားတယ်။ ဂီဒွန်တို့ အင်ခရမ်တို့ဘက်ကနေ ဆင်းလာလို့ရှိရင် ဒီဒဘတ်စခန်းဖြတ်ပြီးတာနဲ့ ကဇူးစခန်းပေါ့နော်။ ကဇူးစခန်းလည်း အင်အား အဲဒီလောက်ထိ မရှိတော့ဘူး။အဲဒါပြီးတာနဲ့ ဝိုင်းမော် ၃၂၁ (စစ်ကောင်စီတပ်ရင်း) ဘက်ကိုရောက်သွားမယ်ပေါ့။ အခု ကျနော်တို့ ကြားရတာက အဲဒီ ဒဘတ်ချောင်းရဲ့ ဒီဘက်က စခန်းတွေအားလုံးက ကုန်ပြီ(KIA သိမ်းပိုက်ထားပြီး)လေ။ ကုန်သလောက်ရှိပြီဆိုတော့ နောက်ဆုံးသူတို့စခန်းက ဆုတ်ရင်းနဲ့ ကဇူးစခန်းဘက်ကို ပေါင်းသွားရင်းနဲ့ အဲဒီတံတားဘက်ကို ဖျက်ဆီးလိုက်တာ။” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဒဘတ်ချောင်းကူးတံတားဖျက်ဆီးခံရမှုကို စစ်ရေးသတင်းရင်းမြစ်တို့က လူမှုကွန်ရက်တွင် ဓာတ်ပုံနှင့်အတူ အသိပေးထားသည်။

(မြစ်ကြီးနား-ဗန်းမော် လမ်း​ပေါ်ရှိဒဘတ်ချောင်းကူးတံတားကို စစ်ကောင်စီတပ်ကမိုင်းခွဲဖျက်ဆီးခဲ့စဥ်။ ဓါတ်ပုံ-CJ)
(မြစ်ကြီးနား-ဗန်းမော် လမ်း​ပေါ်ရှိဒဘတ်ချောင်းကူးတံတားကို စစ်ကောင်စီတပ်ကမိုင်းခွဲဖျက်ဆီးခဲ့စဥ်။ ဓါတ်ပုံ-CJ)

“ ဗန်းမော်-မြစ်ကြီးနား ကားလမ်းမကြီး ဝိုင်းမော်မြို့နယ်က မလန်းယန်ရွာနဲ့ ဂါးရာယန်ရွာကြားက ဒဘတ်(တဘတ်ချောင်းကူးတံတားပါ။KIA ကို ကြောက်လို့ တနည်းအားဖြင့် အကြမ်းဖက် သောင်းကျန်းသူ စစ်တပ်မို့လို့ အများပြည်သူ သွားလာနေတဲ့ တံတား ဖျက်ဆီးတာပေါ့ကွာ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် ၎င်းတို့ စစ်ရေးအရ ရှုံးနိမ့်ခဲ့သည့် ဒေသများ၌ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ် ဖျက်ဆီးခြင်းများ မကြာခဏပြုလုပ်လေ့ရှိသည်။

လက်ရှိတွင် ကချင်ပြည်နယ် မြစ်ကြီးနား- ဗန်းမော်လမ်း၊ ဝိုင်းမော်၊ မိုးမောက်၊ မံစီ၊ မြစ်ကြီးနား-လွယ်ဂျယ်လမ်း၊ လိုင်ဇာအနီးဒေသများ၊ ဖားကန့် မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများစွာကို KIAက ဆက်တိုက် သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။

အခြားသတင်းတစ်ရပ်မှာ ကချင်ပြည်နယ် မိုးမောက်မြို့ကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်များ ဝင်ရောက်နယ်မြေရှင်းလင်းနေပြီဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မေလ ၈ရက်ညနေတွင် မိုးမောက်မြို့ကို KIA ထိန်းချုပ်နိုင်ပြီဆိုသည့် အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရာ ​မေ ၈ ရက် ညနေတွင် စစ်ကောင်စီတပ်သားများ ထွက်သွားပြီဆိုသည့် သတင်းကြားရကြောင်း ၎င်းက ပြောသည်။

(မြစ်ကြီးနား-ဗန်းမော် လမ်း​ပေါ်ရှိဒဘတ်ချောင်းကူးတံတားကို စစ်ကောင်စီတပ်ကမိုင်းခွဲဖျက်ဆီးခဲ့စဥ်။ ဓါတ်ပုံ-CJ)
(မြစ်ကြီးနား-ဗန်းမော် လမ်း​ပေါ်ရှိဒဘတ်ချောင်းကူးတံတားကို စစ်ကောင်စီတပ်ကမိုင်းခွဲဖျက်ဆီးခဲ့စဥ်။ ဓါတ်ပုံ-CJ)

“မိုးမောက်မြို့မှာရှိတဲ့ စကစ စစ်သားတွေအကုန်လုံး ထွက်သွားပြီဆိုတဲ့ဟာတော့ ကြားရပါတယ်။ ကျနော်တို့ အဖွဲ့တွေ ၄နာရီအချိန်မှာ အဲဒီ မိုးမောက်မြို့ကို နယ်မြေ ရှင်းလင်းရေးလုပ်နေတယ်ဆိုတဲ့ သတင်းကတော့ ကျနော်တို့ဆီမှာ ကြားပါတယ်ခင်ဗျာ” ဟု ဗိုလ်မှူးကြီးနော်ဘူက People’s Spring သို့ ပြောသည်။

မိုးမောက်မြို့တွင်းရှိ စစ်ကောင်စီတပ်သားများကို KIAက လိုက်လံချေမှုန်းရာ စကစများကြံခင်းရွာဘက် ဆုတ်ခွာ ထွက်ပြေးသွား၍ မေလ ၈ရက် ညနေ ၆နာရီတွင် မြို့ကို ထိန်းချုပ်ထားနိုင်ပြီဟု သိရသည်။ မြို့အပြင်ရှိ ခမရ-၄၃၇ တပ်စခန်းတစ်ခုသာ ကျန်ရှိတော့ဟုစစ်ရေးသတင်းရင်းမြစ်က​ပြောသည်။

KIAသည် မတ်လ ၇ရက်မှစ၍ ထိုးစစ်အရှိန်မြှင့်တင်ခဲ့သည့် အချိန်မှ စ၍ မိုးမောက်မြို့နယ်ရှိ တပ်ရင်းဌာနချုပ် အများအပြားကို သိမ်းပိုက်ထားပြီးဖြစ်သည်။ မတ် ၇ ရက် ​နောက်ပိုင်း စစ်​ကောင်စီတပ်စခန်း​ပေါင်း ၉၀ ​ကျော်ကိုသိမ်းပိုက်ပြီးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးတွေကို ဆယ်ယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။ စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ...

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ကချင်ပြည်နယ် ချီဖွေမြို့နယ်၊ပန်ဝါဒေသကတရုတ်ကုမ္ပဏီပိုင် ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ပြီး ၇ ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ ဒီနေ့ (အောက်တိုဘာလ ၂ ရက်) မနက်ပိုင်းကရွှေပန်းထိမ်ဆိုင်ကို အနုကြမ်းစီးမှုဖြစ်ပွားခဲ့ပြီး ကျုးလွန်သူလို့စွပ်စွဲခံရသူ အမျိုးသားနဲ့အမျိုးသမီးကို ဖမ်းမိခဲ့တယ်လို့ ဒေသခံအချို့ဆိကသိရပါတယ်။

သတင်း

ရှမ်းနဲ့ ကချင်ကြားအငြင်းပွားမှုပိုတိုးစေဖို့ စစ်တပ်ကပြဿနာတွေ ဖန်တီး​နေ

Trending

Facebook