Connect with us

Hi, what are you looking for?

သတင်း

သထုံနှင့်ဘီးလင်းကြားရှိ တံတားတစ်စင်း ဖောက်ခွဲဖျက်ဆီးခံရ

ကျုံအိတ်တံတားအား စစ်ကောင်စီက ထောက်ပို့လမ်းအဖြစ် အသုံးပြုနေသောကြောင့် ဖောက်ခွဲခဲ့ခြင်းဟုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့ကပြောခဲ့သည်။

(မိုင်းခွဲဖျက်ဆီးခံရသော သထုံနှင့်-ဘီးလင်းမြို့ကြားရှိ တံတားတစ်စင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(မိုင်းခွဲဖျက်ဆီးခံရသော သထုံနှင့်-ဘီးလင်းမြို့ကြားရှိ တံတားတစ်စင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

မိထက်/People’s Spring

ရန်ကုန် – မော်လမြိုင် အဝေးပြေးလမ်းမကြီးမှ သထုံနှင့် – ဘီးလင်းမြို့ကြားရှိ ကရင်လေးဆိပ်ခံတံတားတစ်စင်း ယနေ့ (ဇူလိုင် ၁၇) နံနက်အစောပိုင်း၌ ဖောက်ခွဲဖျက်ဆီးခံရပြီး ကားများသွားလာ၍ မရတော့ကြောင်း သိရသည်။

“ကရင်လေးဆိပ်တံတားထပ်ကျိုးသွားပါပြီ။ ကားလေးတွေ ရှောင်ကွင်းလမ်းကသွားလို့ရတယ်။ ကားကြီးတွေလုံးဝမရဘူး”ဟု ယင်းနေရာကို ဖြတ်လာသည့် ခရီးသွားတစ်ဦးကပြောသည်။

ကရင်လေးဆိပ်တံတားသည် ပြီးခဲ့သည့် မေလကဖောက်ခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားအနီး၌ တည်ရှိသည်။ ကျုံအိတ်တံတားအား စစ်ကောင်စီက ထောက်ပို့လမ်းအဖြစ် အသုံးပြုနေသောကြောင့် ဖောက်ခွဲခဲ့ခြင်းဟုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့ကပြောခဲ့သည်။ ကျုံအိတ်တံတားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ကလည်း KNLA က မိုင်းခွဲခဲ့ပြီး တံတားပျက်စီးမှုကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ သထုံခရိုင်လမ်းဦးစီးမှူးအပါအဝင် သုံးဦး သေဆုံးပြီး စစ်ကောင်စီလက်အောက်ခံဝန်ထမ်း ၂၀ကျော် ဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

(မိုင်းခွဲဖျက်ဆီးခံရသော သထုံနှင့်-ဘီးလင်းမြို့ကြားရှိ တံတားတစ်စင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(မိုင်းခွဲဖျက်ဆီးခံရသော သထုံနှင့်-ဘီးလင်းမြို့ကြားရှိ တံတားတစ်စင်းအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

ယခု ကရင်လေးဆိပ်တံတားဖောက်ခွဲခံရမှုကို အသေးစိတ်မသိရသေးပေ။ ယခုရက်ပိုင်းတိုက်ပွဲများတွင် ရခိုင်ပြည်နယ် သံတွဲနှင့် မောင်တောမြို့မှ ဆုတ်ခွာရန်ကြိုးစားနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူတွေရပ်ကွက်များ၊ တံတားများပေါ်၌ မိုင်းများထောင်ထား၍ သတိပြုကြရန်အာရက္ခတပ်တော်(AA)က သတိပေးထားသည်။ ၁၇)နံနက်အစောပိုင်းတွင် ဖောက်ခွဲဖျက်ဆီးခံရပြီး ယာဉ်များသွားလာ၍ မရတော့ကြောင်း သိရသည်။

“ကရင်လေးဆိပ်တံတား ထပ်ကျိုးသွားပါပြီ။ ကားလေးတွေ ရှောင်ကွင်းလမ်းကသွားလို့ရတယ်။ ကားကြီးတွေလုံးဝမရဘူး”ဟု ယင်းနေရာကို ဖြတ်လာသည့် ခရီးသွားတစ်ဦးက ပြောသည်။

ကရင်လေးဆိပ်တံတားသည် ပြီးခဲ့သည့် မေလကဖောက်ခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားအနီး၌ တည်ရှိသည်။ ကျုံအိတ်တံတားအား စစ်ကောင်စီက ထောက်ပို့လမ်းအဖြစ် အသုံးပြုနေသောကြောင့် ဖောက်ခွဲခဲ့ခြင်းဟုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့က ပြောခဲ့သည်။

ကျုံအိတ်တံတားကို ၂၀၂၃ ဇွန်လ ၂၉ ရက်ကလည်း KNLAက မိုင်းခွဲခဲ့ပြီး တံတားပျက်စီးမှုကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ သထုံခရိုင်လမ်းဦးစီးမှူးအပါအဝင် သုံးဦး သေဆုံးပြီး စစ်ကောင်စီလက်အောက်ခံဝန်ထမ်း ၂၀ကျော် ဒဏ်ရာရခဲ့သည်။

ယခု ကရင်လေးဆိပ်တံတားဖောက်ခွဲခံရမှုကို အသေးစိတ်မသိရသေးပေ။ ယခုရက်ပိုင်းတိုက်ပွဲများတွင် ရခိုင်ပြည်နယ် သံတွဲနှင့် မောင်တောမြို့မှ ဆုတ်ခွာရန်ကြိုးစားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူတွေရပ်ကွက်များ၊ တံတားများပေါ်၌ မိုင်းများထောင်ထား၍ သတိပြုကြရန် အာရက္ခတပ်တော်(AA)က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

မြေပြင်တိုက်ပွဲနဲ့ သင်္ဘောအုပ်စုအထိနာတဲ့အပြင် တံတားကိုစိုးမိုးထိန်းချုပ်နိုင်မှုမရှိတဲ့အခြေအနေမှာ ဗုံးကြဲခြင်းဖြစ်

သတင်း

အမေရိကန်ဟာ အီရန်ရဲ့ အရပ်ဖက် သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အီရန် အစိုးရ မီဒီယာက စွပ်စွဲ ဖော်ပြခဲ့ပါတယ်။

သတင်း

​အထိနာတဲ့ စစ်တပ်က နေအိမ်နဲ့ကားအချို့ကို မီးရှို့၊ ပြည်သူအချို့ ဖမ်းဆီး