Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ ဂေါက်ကွင်းမှာ လက်နက်ကိုင်ထားပြီး မသင်္ကာစရာ လှုပ်ရှားနေသူတစ်ဦး အဖမ်းခံရ

သမ္မတ ဒေါ်နယ်လ်ထရမ့် ပိုင်ဆိုင်တဲ့ ဂေါက်ကွင်းနားမှာ လက်နက်ကိုင်ပြီး မသင်္ကာစရာ လှုပ်ရှားနေသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း အမေရိကန် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - AP

သမ္မတ ဒေါ်နယ်လ်ထရမ့် ပိုင်ဆိုင်တဲ့ ဂေါက်ကွင်းနားမှာ လက်နက်ကိုင်ပြီး မသင်္ကာစရာ လှုပ်ရှားနေသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း အမေရိကန် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ် ဂျီယန်နိုင် ဂျွန် တေလ်ဟာ ဩဂုတ် ၂ ရက်နေ့တုန်းက ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အန်ဂျလိစ် မြို့နားက ထရမ့်ပိုင် ဂေါက်ကွင်းမှာ ပစ္စတိုတစ်လက်ကို ယူဆောင်လာပြီး ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ကူးနေချိန်မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့ရဲ့ ပစ္စတိုထဲမှာတော့ ကယ်လီဖိုးနီးယားမှာ ဥပဒေအရ တားမြစ်ထားပြီး ပေါက်ကွဲအား ပြင်းထန်တဲ့ ကျည်အမျိုးအစားတွေ ထည့်ထားတာကို စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ တေလ်ဟာ ဂေါက်ကွင်းမှာရှိတဲ့ လုံခြုံရေး အစောင့်အကြပ် နေရာတွေကို ဓာတ်ပုံရိုက်ယူနေခဲ့တာလို့ လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့က ယူဆနေပါတယ်။

ဩဂုတ် ၄ ရက်နေ့မှာတော့ ရဲတွေက တေလ်ကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးနေတယ်ဆိုတဲ့ အကြောင်းကို အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ စစ်ဆေး မေးမြန်းမှုတွေမှာ အမေရိကန် သမ္မတရဲ့ ကိုယ်ရံတော် အဖွဲ့ဖြစ်တဲ့ လျှို့ဝှက်ထောက်လှမ်းရေး၊ အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေးဗျူရို (FBI)တို့လည်း ပူးပေါင်း ပါဝင်နေပါတယ်။

Public Service Announcement

Public Service Announcement

တေလ်ဟာ ထရမ့်ကို လုပ်ကြံဖို့ ရည်ရွယ်ချက်နဲ့ လက်နက်ကိုင်ပြီး ဂေါက်ကွင်းထဲ ရောက်နေခဲ့သလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ထရမ့်ဟာ ရန်ပုံငွေ ညစာစားပွဲ အစီအစဉ် တစ်ခုအတွက် ဂေါက်ကွင်းကို ရောက်မလာခင်မှာ တေလ်က ဂေါက်ကွင်းထဲ ရောက်နေခဲ့တာ ဖြစ်ပါတယ်။

ဂေါက်ကွင်းနားမှာ ရပ်ထားတဲ့ တေလ်ရဲ့ ကားထဲမှာတော့ နောက်ထပ် ဖောက်ခွဲအားပြင်း ကျည်တွေ ထည့်ထားတဲ့ ပစ္စတို တစ်လက်ကို သိမ်းဆည်း ရမိခဲ့ပါတယ်။ ဒါ့အပြင် သူ့အိမ်ကို ဝင်ရောက်စစ်ဆေးရာမှာလည်း တရားဝင် ခွင့်ပြုမထားတဲ့ အစိတ်အပိုင်းတွေ တပ်ဆင်ထားတဲ့ ချေမှုန်းရေး ရိုင်ဖယ်တစ်လက်နဲ့ ကျည်ဆန်တွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

ကယ်လီဖိုးနီးယားဟာ လက်နက်ဝယ်ယူခွင့်နဲ့ ပတ်သက်လို့ အမေရိကန်မှာ စည်းမျဉ်း အတင်းကျပ်ဆုံး ပြည်နယ်တစ်ခုဖြစ်ပြီး ဥပမာအဖြစ် ကျည် ၁၀ တောင့်ထက် ပိုတဲ့ ကျည်ကတ်မျိုးတွေ ဝယ်ယူခွင့် မရှိပါဘူး။ ဂေါက်ကွင်းထဲ တေလ်ယူဆောင်သွားတဲ့ ပစ္စတိုမှာတော့ ကျည်တောင့် ၁၆ တောင့်ပါတဲ့ ကျည်ကတ် တပ်ထားပါတယ်။

သူ့ကို လက်နက်ဝယ်ယူခွင့် ဥပဒေ ချိုးဖောက်မှု၊ ပိတ်ပင်ထားတဲ့ လက်နက်အမျိုးအစားတွေ လက်ဝယ်ပိုင်ဆိုင်မှုတွေနဲ့ ကနဦး စွဲချက်တင်ထားပြီး နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့က ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ထရမ့်ဟာ လုပ်ကြံဖို့ ကြိုးစားမှု ၃ ကြိမ်ကြုံတွေ့ခဲ့ပါတယ်။ ထရမ့်ရဲ့ လုံခြုံရေး အဖွဲ့ကတော့ ဖြစ်စဉ်တွေကို ဆန်းစစ်လေ့လာပြီး သမ္မတရဲ့ လုံခြုံရေး အစီအမံတွေကို ပိုမိုမြှင့်တင်သွားမယ်လို့ ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သတင်းဌာန တချို့ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အိမ်ဖြူတော် ဝင်ခွင့် တားမြစ် ပိတ်ပင်လိုက်တဲ့နောက် သက်ဆိုင်ရာ သတင်းထောက်တွေဟာ အိမ်ဖြူတော်ထဲ ဝင်ခွင့် ငြင်းပယ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။