Connect with us

Hi, what are you looking for?

News

ထီးချိုင့်မှကြက်ဝိုင်းကို PDF ဝင်ဖမ်း ဆိုင်ကယ်အစီး၂၀ ၊​ငွေ၁၁ သိန်း ၊ကြက်ဖ ၆​ကောင်ဖမ်းမိ

အကြမ်းဖက်စစ်​ကောင်စီကို လိုင်း​ကြေး​ပေးရ​သော ​လောင်ကစားဝိုင်းများမပြုလုပ်ရန် စစ်ကိုင်းတိုင်းရှိမြို့နယ် အများစုတွင် PDFက ​ကြေညာချက်ထုတ်ပြန်တားမြစ်ထားသည်။

(​လောင်းကစားဝိုင်းမှဖမ်းမိ​သော ပစ္စည်းများ)

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ရွှေရာသစ်ရွာက ကြက်ဝိုင်းအား မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ထီးချိုင့် PDF)ကဝင်ရောက် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းထီးချိုင့် PDFက အသိပေးသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၁ရက်)တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ရွှေရာသစ်ကျေးရွာတွင် လောင်းကစားနေသော ကြက်ဝိုင်းများအား ဝင်ရောက်ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ ဆိုင်ကယ် အစီး၂ဝ၊ ကြက်ဖ ၆ ကောင်၊ဖုန်း၁၂ လုံး၊ငွေသား ၁,၁၀၀,၀၀၀(တစ်ဆယ့်တစ်သိန်းကျပ်)တို့အားဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ HPDF မှ ထုတ်ပြန်သည်။

(​လောင်းကစားဝိုင်းမှဖမ်းမိ​သော ပစ္စည်းများ)

ကြက်ဝိုင်း လောင်းကစား ဒိုင်များနှင့်ရွာသူရွာသားများကိုလည်း နောက်နောင်တွင်လောင်းကစား ဝိုင်းများ မပြုလုပ်ကြပါရန် သတိပေးပြောကြားခဲ့သည်။ ထီးချိုင့်မြို့နယ် တောင်ပိုင်း အတွင်းလောင်းကစားဝိုင်းများနှင့်မူးယစ်ဆေးဝါးများအား ရောင်းချ လုပ်ကိုင်ခြင်းများအား ပြင်းထန်စွာကိုင်တွယ်မည်ဖြစ်ကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF -Htee Phyu)ကသတိပေးထားသည်။

အကြမ်းဖက်စစ်​ကောင်စီကို လိုင်း​ကြေး​ပေးရ​သော ​လောင်ကစားဝိုင်းများမပြုလုပ်ရန် စစ်ကိုင်းတိုင်းရှိမြို့နယ် အများစုတွင် PDFက ​ကြေညာချက်ထုတ်ပြန်တားမြစ်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ထီးချိုင့် - ကသာလမ်းပိုင်းမှာ အမျိုးသမီးနဲ့ ကုန်ကားမောင်းသူတွေ အပါအဝင် ၆ ဦး ပျောက်ဆုံးနေပြီး ဒီကနေ့ ဇွန်လ ၁၅ရက်အထိ သတင်းမရသေးဘူးလို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ