Connect with us

Hi, what are you looking for?

LuduNwayOo

News

ထီးချိုင့်မှကြက်ဝိုင်းကို PDF ဝင်ဖမ်း ဆိုင်ကယ်အစီး၂၀ ၊​ငွေ၁၁ သိန်း ၊ကြက်ဖ ၆​ကောင်ဖမ်းမိ

အကြမ်းဖက်စစ်​ကောင်စီကို လိုင်း​ကြေး​ပေးရ​သော ​လောင်ကစားဝိုင်းများမပြုလုပ်ရန် စစ်ကိုင်းတိုင်းရှိမြို့နယ် အများစုတွင် PDFက ​ကြေညာချက်ထုတ်ပြန်တားမြစ်ထားသည်။

(​လောင်းကစားဝိုင်းမှဖမ်းမိ​သော ပစ္စည်းများ)

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ရွှေရာသစ်ရွာက ကြက်ဝိုင်းအား မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ထီးချိုင့် PDF)ကဝင်ရောက် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းထီးချိုင့် PDFက အသိပေးသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၁ရက်)တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ရွှေရာသစ်ကျေးရွာတွင် လောင်းကစားနေသော ကြက်ဝိုင်းများအား ဝင်ရောက်ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ ဆိုင်ကယ် အစီး၂ဝ၊ ကြက်ဖ ၆ ကောင်၊ဖုန်း၁၂ လုံး၊ငွေသား ၁,၁၀၀,၀၀၀(တစ်ဆယ့်တစ်သိန်းကျပ်)တို့အားဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ HPDF မှ ထုတ်ပြန်သည်။

(​လောင်းကစားဝိုင်းမှဖမ်းမိ​သော ပစ္စည်းများ)

ကြက်ဝိုင်း လောင်းကစား ဒိုင်များနှင့်ရွာသူရွာသားများကိုလည်း နောက်နောင်တွင်လောင်းကစား ဝိုင်းများ မပြုလုပ်ကြပါရန် သတိပေးပြောကြားခဲ့သည်။ ထီးချိုင့်မြို့နယ် တောင်ပိုင်း အတွင်းလောင်းကစားဝိုင်းများနှင့်မူးယစ်ဆေးဝါးများအား ရောင်းချ လုပ်ကိုင်ခြင်းများအား ပြင်းထန်စွာကိုင်တွယ်မည်ဖြစ်ကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF -Htee Phyu)ကသတိပေးထားသည်။

အကြမ်းဖက်စစ်​ကောင်စီကို လိုင်း​ကြေး​ပေးရ​သော ​လောင်ကစားဝိုင်းများမပြုလုပ်ရန် စစ်ကိုင်းတိုင်းရှိမြို့နယ် အများစုတွင် PDFက ​ကြေညာချက်ထုတ်ပြန်တားမြစ်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။