Connect with us

Hi, what are you looking for?

သတင်း

ရှစ်လေးလုံးအကြို လှုပ်ရှားမှုတွေ တောင်ကိုရီးယားရောက် မြန်မာတွေ ပြုလုပ်

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ​ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး (၃၈)နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့အကြို လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - CJ

သြဂုတ် ၆၊၂၀၂၆။သုည/People’s Spring

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ​ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး (၃၈)နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့အကြို လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုကို ဆိုးလ်မြို့ရှိ တောင်ကိုရီးယားလွှတ်တော်ရှေ့မှာ ပြုလုပ်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားတဲ့အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ကိုရီးယားရောက် မြန်မာတွေက တောင်ကိုရီးယားအစိုးရအနေနဲ့ အာဆီယံဆုံးဖြတ်ရပ်တည်ချက်ကို ထောက်ခံပေးဖို့၊ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံပေးဖို့နဲ့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထောက်ခံပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ရှစ်လေးလုံး မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံ (၃၈) နှစ်မြောက် အထူးတိုက်တွန်းတောင်းဆိုစာကိုလည်း ကိုရီးယားအစိုးရထံ ပေးပို့ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်နားမှာ တောင်ဖက်ကို ချိန်ရွယ်ထားတဲ့ မြောက်ကိုရီးယား လက်နက်ကြီး အမြောက်တွေကြောင့် တောင်ကိုရီးယား ခရီးသွား ဧည့်သည်တွေ အထိတ်တလန့် ဖြစ်နေကြပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံကြား တင်းမာနေမှုတွေနဲ့ ပတ်သက်ပြီး နယ်စပ် တစ်နေရာမှာ တွေ့ဆုံ ဆွေးနွေးကြဖို့ တောင်ကိုရီးယား အစိုးရက အဆိုပြုလိုက်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားဖက်က ထိပါးခြိမ်းခြောက်တာမျိုးတွေ ရှိလာရင် ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ နယ်ခြားစောင့် စစ်တပ်တွေကို မြောက်ကိုရီးယားက ညွှန်ကြားထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား နိုင်ငံက စူပါမားကက်တစ်ခုမှာ ဓားကိုင်တိုက်ခိုက်မှု တစ်ခုကြောင့် လူ ၈ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။